menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဘင်္ဂလားဒေ့ရှ်က ဆန်လိုသလောက် မရသေးသဖြင့် ဆန်တင်သွင်းမှု ထပ်မံခွင့်ပြု
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔸ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစိုးရညွှန်ကြားချက်ဖြင့် အစောပိုင်းက ဆန်တင်သွင်းခဲ့သော ကုန်သည်များကို သွင်းကုန်လိုအပ်သည့် ပမာဏရောက်သည်အထိ ထပ်မံတင်သွင်းသွားစေမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်စားနပ်ရိက္ခာဝန်ကြီးဌာနက ထုတ်ပြန်သည်။ဆန်ထပ်မံတင်သွင်းရေးကိစ္စနှင့် စပ်လျဉ်းပြီး စီမံဆောင်ရွက်ရန် စားနပ်ရိက္ခာအထွေထွေဦးစီးဌာနကို ညွှန်ကြားထားသည်ဟု ဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက Financial Expressသတင်းဌာနကို ပြောသည်။
🔸သွင်းကုန်လုပ်ငန်းများသည် မကြာသေးမီက ဆန်တင်သွင်းမှု ပြုလုပ်ထားကြောင်း ပြသပြီးနောက် ဆန်တင်သွင်းမည့် ငွေလွှဲစာတမ်း (Letter of Credit) ကို အစိုးရထံ ဖေဖော်ဝါရီ ၂၅ ရက်မတိုင်မီ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။အစိုးရသည် အစောပိုင်းက ပုဂ္ဂလိကလုပ်ငန်း ၃၂၀ ဝန်းကျင်ကို ဆန်တင်သွင်းခွင့် ပြုခဲ့ရာတွင်လည်း ဖေဖော်ဝါရီ ၁၅ ရက်မတိုင်မီ ငွေလွှဲစာတမ်းများ တင်ပြလျှောက်ထားစေခဲ့ခြင်းဖြစ်သည်။ ထိုအသုတ်က ကုန်သည်များ ဆန်တန်ချိန်တစ်သန်းကျော် တင်သွင်းခွင့်ရရှိခဲ့သည်။
🔸အစိုးရသည် ပြည်တွင်းလယ်သမားများထံမှ ဆန်ကို ဝယ်ယူရာတွင် မျှော်မှန်းချက်မပြည့်မီခဲ့ခြင်း၊ ဈေးကွက်အတွင်း ဆန်အမျိုးမျိုး ဈေးတက်နေခြင်းနှင့် အစိုးရသီးနှံဂိုဒေါင်များတွင် ဆန်လက်ကျန် နည်းနေခြင်းတို့ကြောင့် လုပ်ငန်းများကို ဆန်တင်သွင်းရန် ခွင့်ပြုပေးနေခြင်းဖြစ်သည်။ဆန်ဈေးများ မြင့်တက်လာပြီးနောက် အစိုးရက ဆန်တင်သွင်းခွန်ကို လျှော့ချ၍လည်း သွင်းကုန်မြင့်တက်စေရန် အားပေးခဲ့သည်။ ဆန်တင်သွင်းမှုကို ယခင်က ၆၂ ဒသမ ၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားရာက ၂၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ခြင်းဖြစ် သည်။ ပုဂ္ဂလိကလုပ်ငန်းများက အစောပိုင်းကတည်းက ဆန်တင်သွင်းမှု ပြုလုပ်ထားသည့်တိုင် ယခုအခါ ဈေးကွက်အတွင်း ဆန်အမျိုးအစားများစွာ ဈေးကြီးမြင့်နေဆဲဖြစ်သည်။
🔸ဆန်ကြမ်းဈေးသည် အရည်အသွေးကိုလိုက်၍ တစ်ကီလိုလျှင် ၅၀ နှင့် ၅၃ တာကာကြားရှိနေပြီး မြို့ပေါ်လက်လီဈေးကွက်များတွင် ရောင်းချနေသော အကောင်းစားဆန်ဈေးများမှာ တစ်ကီလိုလျှင် ၅၈-၆၅ တာကာ ဈေးပေါက်နေကြောင်း သိရသည်။ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော ဝန်ကြီးဌာန အစည်းအဝေး တစ်ခုကမူ သွင်းကုန်လုပ်ငန်းများအနေဖြင့် သတ်မှတ်ရက် အတွင်း ငွေလွှဲစာတမ်း တင်ပြခြင်းမရှိခဲ့လျှင် သွင်းကုန်ခွင့်ပြုမှု ပယ်ဖျက်ခံရနိုင်ကြောင်း သတိပေးထားသည်။ ထိုအစည်းအဝေးတွင် ဆန်လက်ကျန်နှင့် ပေါက်ဈေးအခြေအနေ၊ ဆောင်းစပါးအထွက်နှုန်း၊ အစိုးရ၏ သီးနှံဝယ်ယူမှု၊ တင်သွင်းမှုပမာဏနှင့် စားနပ်ရိက္ခာ ဖြန့်ချိရေးအစီအစဉ်တို့ကိုပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Sources : ဝေယံဟိန်း(B.Ag)
မြန်မာတောင်သူကြီးများဂျာနယ်