menu

ဘင်္ဂလားဒေ့ရှ်ကို မြန်မာ့ပြောင်း တန်ချိန် ၁,၀၀၀ စမ်းသပ်တင်ပို့ ...


🌽🌽🌽🌽🌽🌽🌽🌽🌽🌽

⏩ မြန်မာနိုင်ငံကပြောင်းတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စမ်းသပ်တင်ပို့နေရာမှာပြောင်းတန်ချိန်ပမာဏ ၁,၀၀၀ ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီက စကာတင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရပါတယ်။

⏩ လတ်တလောပြောင်းဈေးကွက်ဟာ အနည်းငယ်အေးနေပြီး ပြည်ပနိုင်ငံတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ် အပြင် ဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယ နဲ့ တရုတ်၊ ဗီယက်နမ် နိုင်ငံတွေကို တင်ပို့ထားကြောင်း တန်ချိန်အားဖြင့် ပြည်ပတင်ပို့မှုအနေနဲ့ ၄ဒဿမ၄သန်း ပမာဏခန့် တင်ပို့မှုရှိနေတယ်လို့ဆိုပါတယ်။

⏩ မြန်မာနိုင်ငံကနေ ပြောင်းတင်ပို့မှုအများဆုံးဟာ လတ်တလောမှာထိုင်းနိုင်ငံဖြစ်နေပြီး ဝယ်လိုအားလည်းများနေသလို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၁)ရက်ကစတင်ပြီး ထိုင်းနိုင်ငံကိုမြန်မာ့ပြောင်းတန်ချိန် (၄)သိန်းဝန်းကျင်တင်ပို့ထားရာ ယခုနှစ်တင်ပို့မှုဟာ တန်ချိန်အနည်းငယ် နည်းလာတယ်လို့သိရပါတယ်။

⏩ လက်ရှိပြောင်းတစ်ပိဿာမှာ ငွေကျပ် ၁,၂၀၀ ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိနေပြီး စိုက်ပျိုးစရိတ် မြင့်တက်လာပေမယ့်ဈေးနှုန်းကျဆင်းတဲ့အတွက် တောင်သူတွေအကျိုးအမြတ်ရရှိမှု နည်းပါးတယ်လို့ သိရပါတယ်။

⏩ သင်္ကြန်ကာလနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ပြောင်းတင်ပို့နိုင်မှု ပိုမိုကောင်းလာဖို့ မျှော်လင့်ကြပေမယ့် လတ်တလောအခြေအနေတွေအရ ပြောင်းဈေးနှုန်း ကျဆင်းမှုတွေရှိလာကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများအသင်းက သိရပါတယ်။

⏩ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : Myanma Platform news