menu

“ဂလိုင်ဖောက် အတုအပ သတိပြုပါ”



🌱🌱🌱🌱🌱🌱🌱🌱🌱🌱

◾️လေးစားရပါသော ကိုယ်စားလှယ်တော်ကြီးများနှင့်တောင်သူဦးကြီးများရှင် .....

◾️ရာသီစက်ဝန်းမပြတ်လည်ပတ်နေခဲ့ပြီး သီးနှံစိုက်ပျိုးရာသီတိုင်းဖြစ်ပေါ်သကဲ့သို့ပင် ယခုလည်း ဝိစာရ၏ "ဂလိုင်ဖောက်" ကို တုပရောင်းချနေကြပါသည်။

◾️"ဝိစာရ ကုမ္ပဏီ"၏ ပေါင်းသတ်ဆေးတစ်မျိုးဖြစ်သော “ဂလိုင်ဖေါက် ၄၈၀ အက်စ်အယ်လ်” ပေါင်းသတ်ဆေးကို မြန်မာနိုင်ငံအတွင်း တိုင်း နှင့် ဒေသအချို့တို့တွင် အတုများပြုလုပ်၍ ဈေးကွက်အတွင်းတွင် ဈေးဖျက်ပြီး ဈေးလျှော့ရောင်းနေမှုများရှိခဲ့ပါသည်။

◾️၎င်းတို့ကို ဖော်ထုတ်စီစစ်ခဲ့ပြီး ပဲခူး၊ ဘုရားကြီးရဲစခန်း(ပ)54/2021၊ ပုဒ်မ-420/475အရလည်ကောင်း၊ ကျောင်းကုန်းရဲစခန်း (ပ)63/2022၊ ပုဒ်မ-420/468အရလည်းကောင်း အမှု့ဖွင့်ပြီး တရားခံများဖမ်းဆီး၍ ကွင်းဆက်တရားခံများလည်း ထပ်မံ ဖော်ထုတ်လျက်ရှိပါသည်။ သို့ပါသော်လည်း အချို့နေရာဒေသ များတွင် “ဂလိုင်ဖောက်” အတုများ ဆက်လက်ရောင်းချမှုများ ရှိနေကြကြောင်း ကြားသိရပါသည်။

◾️ထို့ကြောင့် “ဂလိုင်ဖေါက်” အတုအပသတိပြုနိုင်ပါရန် အောက်ပါအချက်များကို အသိပေးအပ်ပါသည်။

◾️ဂလိုင်ဖေါက် အစစ်၏ အချက်အလက်များ .....

၁ ။ (၄)လီတာပုံး တစ်ပုံး၏ အလေးချိန်မှာ (၃.၀၄)ပိဿာ ရှိပါသည်။

၂ ။ အဖုံးအရစ်များ ကောင်းမွန်ပြီး ၊ ပြုတ်ထွက်ခြင်း မရှိပါ။

၃ ။ အဖုံးဖွင့်ပြီး အတွင်းတွင် ငွေရောင်အပိတ်မှာ တင်းရင်းနေပါသည်။

၄ ။ ဆေးရည်၏ အရောင်မှာ (အဝါရောင်ဘက်ကိုသမ်းသော) ပဲဆီရောင်ကဲ့သို့ ရှိပါသည်။

၅ ။ ပေါင်းသတ်ဆေးဖျန်းပြီးလျှင်လည်း ဆေးအာနိသင်ပြည့်ဝမှုကြောင့် ပေါင်းသေနှုန်း ကောင်းပါသည်။

၆ ။ ဆေးဘူးရှိ လေဘယ်စက္ကူသားမှာ ဖယောင်းသားအပြောင် (Laminate အုပ်ထားသော) စက္ကူအမျိုးအစားဖြစ်ပါသည်။ စာလုံး/ပုံရိပ်အရည်အသွေးမှာ ပြတ်သားမှုရှိပြီး အရောင်အသွေး (Colour)မှာ ကြည်လင်တောက်ပပါသည်။

◾️ဂလိုင်ဖေါက် အတု၏ လတ်တလောတွေ့ရှိရသော အချက်အလက်များ .....

၁ ။ (၄)လီတာပုံး တစ်ပုံး၏ အလေးချိန်မှာ (၃.၀၄)ပိဿာ အပြည့်မရှိပါ။အလေးချိန်လျော့နေပါသည်။

၂ ။ အဖုံးအရစ်များ (ဖွင့်ထားပြီးဖြစ်သောကြောင့်) ပြုတ်ထွက်နေပါလိမ့်မည်။

၃ ။ အဖုံးဖွင့်ပြီး အတွင်းတွင် ငွေရောင်အပိတ်မှာတင်းရင်းမနေဘဲတွန့်နေပါသည်။

၄ ။ ဆေးရည်၏ အရောင်မှာ (အနီရောင်ဘက်ကိုသမ်းသော) နှမ်းဆီရောင်ကဲ့သို့ရှိပါသည်။

၅ ။ ပေါင်းသတ်ဆေးဖျန်းပြီးလျှင်လည်း အာနိသင်ပြည့်ဝမှုမရှိသဖြင့် ပေါင်းမသေပါ။

၆ ။ ဆေးဘူးပါ လေဘယ်စက္ကူသားမှာ ရိုးရိုး (Laminate မအုပ်ထားသော) စက္ကူအမျိုးအစားဖြစ်ပါသည်။ စာလုံး/ပုံရိပ်အရည်အသွေးမှာ ပြတ်သားမှုမရှိပါ။ အရောင်အသွေး(Colour)မှာ အနည်းငယ်မှိန်နေပါသည်။

◾️သို့ဖြစ်ရာ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် “ဂလိုင်ဖေါက်ပေါင်းသတ်ဆေး” ကို ကုမ္ပဏီမှသာ တိုက်ရိုက်ဝယ်ယူခြင်းဖြင့် ပစ္စည်းအစစ်အမှန်များရရှိနိုင်မည်ဖြစ်ပါသည်။ မိမိ၏ ဖေါက်သည်နှင့် ကျေးဇူးရှင် တောင်သူများကိုလည်း "ဂလိုင်ဖေါက်" အတုအပသတိပြုနိုင်ရန် ကျေးဇူးပြု၍ လက်ဆင့်ကမ်းဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

"ဈေးကွက်ဖြန့်ဖြူးရေးနှင့်စီမံခန့်ခွဲရေးဌာန"

"ဝိစာရ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်"