menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သီးနှံဈေးကွက်အတွင်း မြေပဲ၊ နှမ်း နှင့် ပြောင်းဈေးကွက် အခြေအနေ
🍀🌽🍀🥜🍀🌽🍀🥜🍀🌽🍀
➡️ပြည်တွင်း ပဲ၊ နှမ်းစျေးကွက်အတွင်း မြေပဲလုံးဆံများမှာ ဒီဇင်ဘာလဆန်းပိုင်းတွင် အသစ်ဝင်ရောက်မှု နည်းလာသဖြင့် တစ်ပိဿာ ကျပ် ၂၀၀ ခန့် စျေးမြင့်တက်သွားကာ ဝယ်လိုအားကောင်းနေသော်လည်း နှမ်းနက်မှာမူ အက်စစ်လွတ်သည့် ထိပ်စအရည်အသွေးရှိ တစ်အိတ်လျှင် ကျပ် ၂၂၀,၀၀၀ ခန့်သာ ပေါက်စျေးရှိသဖြင့် ယခင်သီတင်းပတ်ထက် ကျပ် ၃၀,၀၀၀ ခန့် စျေးကျဆင်းသွားကြောင်းသိရသည်။
➡️“နှမ်းနက်တွေက အဝင်များတာတော့ အက်စစ်လွတ်တဲ့ထိပ်စလောက်ပဲ အရောင်းအဝယ်သွက်နေတယ်။ ပြီးခဲ့တဲ့အပတ်ထက် သုံးတင်းဝင်တစ်အိတ်ကို ကျပ် ၃၀,၀၀၀ လောက် စျေးကျသွားတယ်။ အခြားပဲတွေ ကတော့ အဝင်ရှိသလောက်ပဲ အရောင်းအဝယ်ရှိနေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ )က ပြောသည်။
🍀နှမ်းနက်🍀
ဒေသအစုံမှ ဝင်ရောက်လာသည့် နှမ်းနက်များ အဝင်များလာခြင်းကြောင့် ပို့ကုန်သမားများ ထိန်းဝယ်နေသဖြင့် စျေးကျဆင်းသွားသော်လည်း အရောင်းအဝယ်မှာမူ ပုံမှန်ရှိနေသည်။ ဒီဇင်ဘာ (၂) ရက်တွင် နှမ်းနက်ထိပ်စ သုံးတင်းဝင်(၄၅ပိဿာ) တစ်အိတ်လျှင် ကျပ် ၂၂၀,၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ၂၂၀,၀၀၀ ကြားစျေးဖြင့် အမျိုးအစားအလိုက် အဝယ်သွက်နေသည်။ နှမ်းဖြူသစ်(ဂျပန်)မှာ တစ်အိတ် ကျပ် ၁၅၀,၀၀၀၊ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၂၅,၀၀၀၊ နှမ်းညို(သစ်) ကျပ် ၁၂၅၀,၀၀ ပေါက်စျေးအသီးသီးရှိနေကာ ရောင်းလိုအားများနေ သည်။ ယခင်လဈေးကွက်နှင့်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံစျေးကွက်မှာ တစ်အိတ် ကျပ် ၂၀,၀၀၀ ခန့် စျေးကျဆင်းသွားသည်။
🥜မြေပဲ🥜
မန္တလေးဝန်းကျင်ဒေသများမှ မြေပဲအသစ်များ နေ့စဉ်ဝင်ရောက်မှု အားကောင်းနေသော်လည်း မြန်မာနိုင်ငံအောင်ပိုင်းမှ မြေပဲအသစ်များ နေ့စဉ်ဝင်ရောက်နည်းလာခြင်းကြောင့် စျေးကွက်အတွင်း ပို့ကုန်သမားများ အဝယ်လိုက်သည့် လုံးဆံနှင့် ဆီစက်များအဝယ်လိုက်သည့် ဆီဆံတို့မှာ အဝယ်သွက်လာကာ စျေးမြင့်တက်လာသည်။ ဒီဇင်ဘာ (၂) ရက်တွင် မြေပဲလုံးဆံ တစ်ပိဿာ ကျပ် ၃,၁၀၀-၃,၁၇၅၊ အနီလုံးဆံ တစ်ပိဿာကျပ် ၃,၀၇၅ ပေါက်ဈေးရှိနေသည်။
🌽ပြောင်း🌽
တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရရှိပြီးနောက် ရှမ်းမြောက်၊ ရှမ်းတောင်ဒေသများမှ ပြောင်းများ စျေးမြင့်တက်လာကြောင်း၊ ပွဲရုံများ၏ ဝယ်ယူစုဆောင်းမှုများကြောင့် ရန်ကုန် ၊မန္တလေးသို့ ပြောင်း ပို့ဆောင်ရောင်းချမှုကျဆင်းသွားကြောင်း ပြောင်းကုန်သည်တစ်ဦးထံကသိရသည်။ မန္တလေးစျေးကွက် ပြောင်းပေါက်စျေးမှာစျေးမြင့်တက်နေပြီး အဝယ်လိုက်နေသော်လည်း ပစ္စည်းအဝင်နည်းလာသဖြင့် ဒီဇင်ဘာ (၂) ရက်နေ့တွင် မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိဿာ တစ်အိတ် ကျပ် ၃၆,၀၀၀ ဈေးရှိပြီး၊ ရှမ်းပြည်နယ်စျေးကွက်ဖြစ်သောနောင်ချို၊ တောင်ကြီးတို့တွင်မူ တစ်ပိဿာ ကျပ် ၇၀၀ စျေးရှိကြောင်း ပြောင်းကုန်သည်များထံက သိရသည်။
➡️တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်နေသော်လည်း လယ်ယာထွက်ကုန်များတင်ပို့ရန် ကြန့်ကြာမှု များရှိနေပြီး ယခင်ထက်စရိတ် ပိုမိုကြီးမြင့်နေကြောင်း နယ်စပ်ကုန်သည်များထံကသိရသည်။
➡️သီးနှံဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (The Farmer Media)