menu

"ထိပ်စအရည်အသွေး ကြက်သွန်နီများစျေးမြင့်တက်လာ"


🧅🧅🧅🧅🧅🧅🧅🧅🧅🧅

⏩ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီ(ထိပ်စ)များကို လှောင်လက်ကုန်သည်အချို့ကဝယ်ယူမှုမြင့်တက် သဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြက်သွန်နီ အမျိုးအစားအလိုက် တစ်ပိဿာလျှင် ၁၀၀ ကျပ်ဝန်းကျင်ဈေးမြင့်လာသည်။

⏩ယခုနှစ်တွင် ကြက်သွန်နီအထွက်နှုန်းနည်းခဲ့ပြီး သင်္ကြန်ရက်ပိုင်းက မိုးထိခဲ့သဖြင့် ပျက်စီးမှုများရှိခဲ့ကာ ပစ္စည်းကောင်းရှားပါးသောကြောင့် လှောင်ထားရန်ကောင်းမွန်သည့်ကြက်သွန်ထိပ်စကို ဝယ်ယူလာကြသည်ဟု ဦးမောင်ဦး (ကောင်းမွန်ကြက်သွန်ပွဲရုံ) က ပြောသည်။ 

⏩"စားသုံးသူဝယ်လိုအားက လက်လီကသိပ်မရှိဘူး။ လှောင်လက်တချို့က ရှေ့လာမယ့် ဈေးကွက်မှာ ၁,၀၀၀ လောက်ဖြစ်နိုင်မယ်ခန့်မှန်းပြီး ပစ္စည်းကောင်းလည်းရှားလို့ ထိပ်စကြက်သွန်တွေကို ဝယ်ရာက ဈေးလှုပ်လာတယ်။ ပြည်ပ အဝယ်မလိုက်မချင်းတော့ ဈေးမတက်နိုင်ဘူး "ဟု ၎င်းကပြောသည်။

⏩လက်ရှိဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများမှာ ထိပ်စ ၇၅၀-၈၀၀ ကျပ်ဝန်းကျင်၊ မိုးမိချေးကပ် ကြက်သွန် ၅၀၀-၆၈၀ ကျပ်ဝန်းကျင်ရှိနေပြီး ယမန်နှစ်က အမြင့်ဆုံးဈေးမှာ တစ်ပိဿာ ၄၅၀ကျပ် ဝန်းကျင်ဖြစ်သည်။ ယခုနှစ်တွင် အထွက်နှုန်းထက်ဝက်ခန့်ကျဆင်းကာ ပစ္စည်းကောင်းရှားနေပြီး ပြည်ပ ဝယ်ယူမှုရှိလာပါကဈေးပိုမိုမြင့်လာနိုင်ကြောင်း သုံးသပ်ထားသည်။

⏩၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါကူးစက်မှု မတိုင်မီက ကြက်သွန်နီကိုနိုင်ငံခြားသို့ တင်ပို့မှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိတင်ပို့နိုင်ခြင်းမရှိသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (The Farmer Media)