menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမရပ်နားမီ ပြည်တွင်းပြောင်းဈေးဆက်လက်မြင့်တက်နေ"
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
⏩ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမရပ်နားမီ ပြည်တွင်းပြောင်းဈေးကွက်ဆက်လက်မြင့်တက်နေကြောင်း ပြောင်းကုန်သည်များထံကသိရသည်။
⏩ ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုကို ဩဂုတ်လကုန်ပိုင်းတွင်ရပ်နားတော့မည်ဖြစ်ပြီး စက်တင်ဘာလ မှ ဖေဖော်ဝါရီလထိ ပြောင်းတင်ပို့မှုရပ်ထားမည်ဖြစ်သည်။ ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့မှုကို ဩဂုတ်လကုန်ထိသာတင်ပို့ခွင့်ရှိတော့မည်ဖြစ်ရာ ယခုရက်ပိုင်းအတွင်း ပြောင်းတင်ပို့မှုကို ပင်လယ်ရေကြောင်းမှသာ တင်ပို့နေခြင်းဖြစ်သည်။
⏩ "ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းကိုတင်ပို့ချိန်က သင်္ဘော ၅-၇ ရက်လောက်ကြာတော့ ဒီလ(၂၁)ရက် ဆို နောက်ဆုံးသင်္ဘောတွေထွက်ပြီ။ ဒါပြီးရင်ထိုင်းကိုတင်ပို့မှုက မတ်လကုန်ထိရပ်နားသွားမှာပါ။ ထိုင်းနိုင်ငံကိုတင်ပို့မှုမရှိတော့ရင်တော့ ပြည်တွင်းအစာစက်ရုံတွေက ဝယ်လိုအားကောင်းနေမှာပါ" ဟု ပြောင်းလုပ်ငန်းရှင်းတစ်ဦးက ပြောသည်။
⏩ ပြည်တွင်းပြောင်းဖူးစေ့များကို ပြည်ပတင်ပို့မည့်ကုမ္ပဏီများက ဇွန်၊ ဇူလိုင်လများက ဝယ်ယူခဲ့ပြီး ရေလမ်းခရီးဖြင့် မန္တလေးဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံရနောင်းဆိပ်ကမ်းသို့ တင်ပို့နေခြင်းဖြစ်သည်။
⏩ ဩဂုတ်ဒုတိယသီတင်းပတ်တွင် ဗန်းမော်ဘက်မှ ပြောင်းအနည်းငယ်ဝင်ရောက်မှုရှိနေပြီး ပြည်တွင်းပြောင်းလက်ကျန်နည်းနေကြောင်း ပြည်တွင်းအစာစက်ရုံများ၏ ဝယ်လိုအားကြောင့် ပြောင်းဈေးဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။
⏩ ပြည်တွင်းပြောင်းဈေးမှာ ဩဂုတ်လ(၂၀)ရက်တွင် ၅၄ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် ၈၄,၀၀၀ ပေါက်ဈေးရှိနေပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၁၀,၀၀၀ခန့် ဈေးမြင့်တက်လာကြောင်းသိရသည်။
⏩ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)