menu

ထိုင်းဝယ်လက်တွေ ကွင်းဆင်းဝယ်ယူမှုကြောင့် ကော်ဖီဈေးသုံးဆတက်


🍂🍂🍂🍂🍂🍂🍂🍂🍂🍂

🔸မြန်မာ့ကော်ဖီကို ထိုင်းနိုင်ငံကဝယ်လိုအားရှိနေတဲ့အတွက် ထိုင်းကုန်သည်တွေ ကွင်းဆင်း ဝယ်ယူမှု ကြောင့် ပြည်တွင်းကော်ဖီဈေးကွက်မှာ မနှစ်ကထက် ဈေးနှုန်းသုံးဆလောက်တက်သွားတယ် လို့ မြန်မာနိုင်ငံကော်ဖီအသင်းကနေ သိရပါတယ်။

🔸မနှစ်က ကော်ဖီရာသီမှာ ကော်ဖီစေ့တစ်ပိဿာကို ကျပ် ၈၀၀ သာ ရှိပေမယ့် အခုနှစ်မှာတော့ တစ်ပိဿာ ကျပ် ၂,၅၀၀ ဝန်းကျင်အထိ ဈေးရနေတယ်လို့ ဆိုပါတယ်။

🔸ပြည်တွင်းမှာ ကော်ဖီစိုက်ဧက နှစ်သိန်းကျော် အကောင်အထည်ဖော်စိုက်ပျိုးခဲ့ပေမယ့် ဧက ၅၀,၀၀၀ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကော်ဖီစေ့တန်ချိန် ၈,၀၀၀ မှ ၉,၀၀၀ ကြား ထွက်ရှိတယ်လို့ သိရပါတယ်။

🔸မြန်မာနိုင်ငံကကော်ဖီတွေကို ပြည်ပကဝယ်ယူပေမယ့် ပြည်တွင်းမှာသောက်သုံးမှုများတဲ့ ကော်ဖီမှုန့် Instant ကော်ဖီတွေကို တရုတ် နဲ့ ဗီယက်နမ်နိုင်ငံတွေက တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

🔸မြန်မာနိုင်ငံမှာ ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ်မှာ အများဆုံးစိုက်ပျိုးပြီး မကွေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တွေမှာလည်း အနည်းငယ် စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

🔸သီးနှံဈေးကွက် နှင့် ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : Myanmaplatform