menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကာစင် ၂ အက်စ်အယ်လ် (KARCIM 2 SL)
💢“ကာစင် ၂ အက်စ်အယ်လ်” (KARCIM 2 SL)💢
🌿🍏🌱🍈🌾🍉🎋🥝🍀🍋🍃🍇☘️
☑️သီးနှံပင်များစိုက်ပျိုးပြီး၍ ရှင်သန်ပေါက်ရောက်လာလျှင် ပတ်ဝန်းကျင် ရာသီဥတုအခြေအနေ နှင့် အခြားသဘာဝ အနေအထားများ၏ လှုံ့ဆော်မှုများကြောင့် အပင်ကြီးထွားမှုအဆင့်တိုင်းတွင်ပိုးမွှား၊ ရောဂါများ ရှင်သန်ပေါက်ဖွားလာတတ်ကြပါသည်။ ထို ပိုးမွှား၊ ရောဂါများ ကျရောက်မှုကိုသိလျှင်သိချင်း အချိန်မှီကြိုတင် ကာကွယ် တားဆီးနိုင်မှသာ သီးနှံပင်များအတွက်မျှော်မှန်းထားသောပန်းတိုင် အထွက်နှုန်းကိုရရှိနိုင်မည် ဖြစ်ပါသည်။ “အနာနှင့်ဆေး တည့်အောင်ပေးက ပျောက်ရေးမခက်ပါ” ဆိုသကဲ့သို့ပင် သီးနှံပင်များတွင် ကျရောက်သောဖျက်ပိုးများ နှင့် ရောဂါဖြစ်ပွားမှုကိုသေချာစွာကြည့်ရှု၍ အသုံးပြုမည့်ဆေးကိုမှန်ကန်စွာ ရွေးချယ်နိုင်ရန်အလွန်အရေးကြီးပါသည်။
☑️ထို့ကြောင့် မှို နှင့် ဘက်တီးရီးယားကြောင့်ဖြစ်ပွားသောရောဂါများကို ကာကွယ်ကုသပေးနိုင်ရန် စိတ်အချရဆုံး “ကာစင်”မှိုနှင့်ဘက်တီးရီးယားရောဂါသတ်ဆေးရည်ကို ဝိစာရမှထုတ်လုပ်ပေးလိုက်ပါသည်။
☑️“ကာစင် ၂ အက်စ်အယ်လ်” (KARCIM 2 SL)☑️
☑️“ကာစင်” တွင် အစွမ်းရှိပစ္စည်း Kasugamycin 2 % ပါဝင်ပါသည်။
☑️“ကာစင်” သည် Antibiotic ဆေးအုပ်စုဖြစ်၍ ပင်လုံးပြန့်အာနိသင်ရှိသော မှို နှင့် ဘက်တီးရီးယား သတ်ဆေး ဖြစ်ပါသည်။ ဆေးအာနိသင်မှာ အပင်တစ်ရှူးသားများမှဆေးကိုစုပ်ယူပြီး တစ်ပင်လုံးသို့ ပို့ဆောင်ပေးပါသည်။
☑️“ကာစင်”သည်စပါးသီးနှံတွင်ဆိုးရွားစွာကျရောက်သည့်စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ၊ စပါးဘက်တီးရီးယားရွက်စင်းရောဂါ၊စပါးဂုတ်ကျိုးရောဂါများကိုထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပြီး ပဲမျိုးစုံ ဘက်တီးရီးယားရွက်ပြောက် နှင့် မှည့်ပြောက်စွန်းရောဂါ၊ ဖရဲ သခွားဘက်တီးရီးယားပင်ညှိုး ရောဂါ၊ အာလူး ခရမ်းချဉ်ဘက်တီးရီးယားပင်ညှိုးရောဂါ၊ ခရမ်းချဉ်ဘက်တီးရီးယား အရွက်ပြောက် ရောဂါ၊ ကြက်သွန်အပျော့ပုပ်ရောဂါတို့ကိုလည်း အထူးကာကွယ်နှိမ်နင်းနိုင်ပါသည်။
☑️ပက်ဖျန်းအသုံးပြုနိုင်သည့်သီးနှံပင်များမှာ စပါး၊ ပဲအမျိုးမျိုး၊ ဖရဲ၊ သခွါး၊ သခွါးမွှေး၊ ခရမ်းချဉ်၊ ကြက်သွန်နီ၊ အာလူး၊ စပျစ်၊ ကွမ်း၊ ပန်းဂေါ်ဖီ၊ မုန်လာစသည့်ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ကော်ဖီ၊ ရှောက်၊သံပုရာမျိုးရင်းဝင် အပင်များ နှင့် သစ်သီးပင်အမျိုးမျိုးတို့ဖြစ်သည်။
☑️ပဲအမျိုးမျိုး၊ ပဲပုပ်၊ စပျစ်၊ ရှောက်၊သံပုရာမျိုးရင်းဝင်အပင်များ နှင့် ပန်းသီးပင်များတွင် ဆေးနှုန်းထား မများစေရန် အထူးဂရုပြုရပါမည်။
☑️အသုံးပြုရမည့်ဆေးနှုန်းထားမှာ ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၂၀-၂၀၀) စီစီနှုန်း ဖြစ်ပါသည်။ ရောဂါကျရောက်မှုအလိုက် ဆေးညွှန်းကိုသေချာစွာဖတ်၍အသုံးပြုပေးရန်ဖြစ်သည်။
☑️ဘက်တီးရီးယားပင်ညှိုးရောဂါ အတွက်အပင်ခြေရင်းကိုရွှဲရွှဲဖျန်းပေးပါ။စပါးဘက်တီးရီးယား ရောဂါများအတွက်အာနိသင်ပိုမိုကောင်းမွန်စေရန် ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ကာစင်(၁၀၀)စီစီ နှင့် ကျူပရိုမက်စ် (၆၀)ဂရမ်နှုန်းရောစပ်ပက်ဖျန်းပေးရပါမည်။
☑️“ကာစင်”ဆေးအစွမ်းဖြင့် တောင်သူဦးကြီးတို့၏သီးနှံခင်းများတွင် မှို နှင့် ဘက်တီးရီးယားရောဂါများ ကင်းဝေးနိုင်မည်ဖြစ်ပါသည်။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰