menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြံဈေးနှုန်း ပျမ်းမျှတစ်တန် ကျပ် ၄၀၀၀၀ ဝန်းကျင်ခန့် သကြားစက်ရုံအချို့ သတ်မှတ်
▪️၂၀၂၀-၂၀၂၁ ကြံရာသီတွင် ကြိတ်ဝါးကြံများ အချိန်မီထုတ်လုပ်နိုင်ရေးအတွက်သကြားစက်ရုံအချို့ ကြံဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး စက်ရုံတစ်ခုချင်းစီအလိုက် ဈေးနှုန်းကွာခြားကာ ပျမ်းမျှနှုန်းမှာ တစ်တန်လျှင် ကျပ် ၄၀၀၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
▪️ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ငွေရည်ပုလဲသကြားစက်ရုံသုံးရုံက ကြံတစ်တန်လျှင် ကျပ် ၄၂၀၀၀၊ နန့်အွန်သကြားစက်ရုံက ကြံတစ်တန်လျှင် ကျပ် ၆၀၀၀၀ ဖြင့်ဝယ်ယူ၍ တရုတ်နိုင်ငံသို့တင်ပို့မည်ဖြစ်ကြောင်း၊ ပဲခူးအရှေ့ခြမ်းတွင် ကွင်းဈေး(သယ်ယူစရိတ်စက်ရုံမှ ကုန်ကျခံသည့်စနစ်) တစ်တန်လျှင် ကျပ် ၃၃၀၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂရိတ်ဝေါလ်ဝေမာသကြားစက်ရုံက ယာယီဈေး ကြံတစ်တန် ကျပ် ၃၇၀၀၀ တို့ အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။
▪️လာမည့်ကြံရာသီတွင် ပြည်တွင်းသကြားစက်ရုံများအနေဖြင့် ဒီဇင်ဘာလဆန်းမှ လကုန်အတွင်း ကြံဝယ်ယူကြိတ်ဝါးကြမည်ဖြစ်ပြီး သကြားစက်ရုံအားလုံး အောက်တိုဘာလကုန်တွင် ကြံဝယ်ယူဈေး အပြီးသတ်မှတ်ပေးရန် စိုက်ပျိုးရေးဦးစီးဌာနက သကြားစက်ရုံအားလုံးကို တောင်းဆိုထားကြောင်း သိရသည်။ “ဒီနှစ် ကြံဈေးနှုန်းကို အကြမ်းဖျင်းသတ်မှတ်တာက ကျပ် ၄၀၀၀၀ ဝန်းကျင်ပါ။ နည်းနည်း စောသေးလို့ပါ။ ကြံသယ်ယူရာမှာ နယ်မြေကျော်ပြီး သယ်ယူပို့ဆောင်ဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါမယ်“ဟု စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်က ပြောသည်။
▪️ဘီးလင်းသကြားစက်နှင့် ကျောက်တော်သကြားစက်များမှာ စက်ရုံရှိရာ ဒေသများတွင်ကြံစိုက်ပျိုးမှု မရှိသဖြင့် လည်ပတ်မည်မဟုတ်ကြောင်း၊ ကျန်သကြားစက်များအားလုံး လည်ပတ်မည်ဖြစ်ကြောင်း ပြောသည်။လာမည့် ကြံရာသီမှာ မြန်မာတစ်နိုင်ငံလုံး ကြံစိုက်ဧက ၂၀၀၀၀ ခန့် လျော့နည်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဦးဝင်းဌေးကပြောသည်။ “ရှမ်းပြည်တောင်ပိုင်းက မြဘုရင်စက်ရုံက ဒီဇင်ဘာလကုန်မှလည်မယ်။ နီးမှပဲ ဈေးဖွင့် မယ်ပြောတယ်။ ပဲခူးအရှေ့ခြမ်း ကစက်ရုံတွေကတော့ အချင်းချင်းညှိပြီးမှ ဈေးသတ်မှတ် ပေးမယ်။ စစ်ကိုင်းဂရိတ်ဝေါလ်ဝေမာကတော့ ယာယီဈေးပဲ သတ်မှတ်ပေးသေးတယ်။ သကြားဈေးပေါ်မူတည်ပြီးထပ်တိုးပေးမယ်သိရတယ်။ ကျန်တဲ့စက်တွေကတော့ အသီးသီး ဈေးသတ်မှတ်ပြီးပါပြီ။ ဒီနှစ်က သကြားဈေးအခြေအနေ ကောင်းနိုင်တဲ့အတွက် အားလုံးကတော့ ဒီနှစ်ကြံတစ်တန်ကို အနည်းဆုံး ကျပ်လေးသောင်းအောက်ခံပေးဖို့ မျှော်လင့်ကြတယ်။
▪️ကြံရာသီအတွက် ကြံတစ်တန် ကျပ် ၃၇၀၀၀ ယာယီဈေးနှုန်းသတ်မှတ်ပြီး တောင်သူများကို တစ်တန် လျှင် ကျပ် ၁၀၀၀၀ နှုန်း ထုတ်ပေးပြီးဖြစ်ကြောင်း၊ ကြံတန်ရှစ်သိန်းကြိတ်ဝါးနိုင်ရန် လျာထားကြောင်း မောင်းကုန်ဒေသ ဂရိတ်ဝေါလ်ဝေမာသကြားစက်ရုံမှူး ဦးကျော်နိုင်က ပြောသည်။ ယခုနှစ် တစ်နိုင်ငံ လုံးတွင် ကြံစိုက်ဧက ၄၄၀၀၀၀ စိုက်ပျိုးထားပြီး ပြီးခဲ့သည့်နှစ်က ၄၅၀၀၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း၊ယခုနှစ်တွင် စိုက်ပျိုးဧက အနည်းငယ်လျော့ကျသွားကြောင်း ဦးဇော်ထွန်းမြင့်က ပြောသည်။
ရွှေမန်း ၊ မြင့်ဇော်ထွန်း
မြန်မာတောင်သူကြီးများဂျာနယ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ( ၁၉ - ၂၅) ရက်။