menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကိုဗစ်ကာလ ဦးမော့လာသော ဆန်စပါး နှင့် ဖရဲ
🌾🍉🌾🍉🌾🍉🌾🍉🌾🍉🌾
✔၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ တွေ့ကြုံနေရသည့် အချိန်ကာလ ကိုးလဝန်း ကျင်ရှိလာချိန် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုအများအပြားရှိနေဆဲဖြစ်သည်။ ထိုသို့သောအခြေအနေ တွင် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သော ဆန်စပါးနှင့် ဖရဲသီးတို့မှာ ပုံမှန်ကာလထက် ယခု ကိုဗစ်ရောဂါ တွေ့ကြုံနေရသည့် ၂၀၂၀ တွင်ဈေးနှုန်းကောင်းများ ရရှိလာသည်။စပါးစိုက်ပျိုးသူနှင့် ဖရဲစိုက်ပျိုးသူများ ပုံမှန်နှစ်ထက် ယခုနှစ်တွင်ဝင်ငွေပိုမိုရရှိသည်ဟု ဆိုနိုင်သည်။
🌾ဆန်စပါး🌾
✔၂၀၂၀ မိုးစပါးစိုက်ပျိုးသူများသည်လည်း ဈေးနှုန်းအမြင့်ရရှိကာ ကိုဗစ်ကာလအတွင်း အကျိုး အမြတ်များ ရရှိလာသည်ဟုသိရသည်။ ၂၀၁၈ မိုးစပါးစိုက်ပျိုးချိန် ဆန်ဈေးနှုန်း အသင့်အတင့်ရှိသော် လည်း ၂၀၁၉ တွင်မူ ဆန်ဈေးနှုန်းကျဆင်းမှု များခဲ့သည်။၂၀၁၈ခုနှစ်တွင် မိုးစပါးအခြေခံဈေးနှုန်းကို ထုတ်ပြန်ခဲ့သည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည့်မိုးစပါးတင်း ၁၀၀ လျှင် အခြေခံဈေး ၄၆ ပေါင်ကိုက် ကျပ်ငါးသိန်းဟုဆိုသော်လည်း မိုးစပါးစိုက်ပျိုးသူအများစု အနေဖြင့် ၎င်းဈေးနှုန်းအောက် တွင်သာ ရောင်းချခဲ့ကြရသည်။ ၂၀၂၀ တွင်မူ စိုက်ပျိုးချိန်ကတည်းကမိုးစပါး တင်းတစ်ရာ ကျပ် ၅၂၀,၀၀၀ ဟုအသိပေးမှု ကြိုတင်ရှိခဲ့သော်လည်း ပြည်ပနှင့် နယ်စပ်များသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု များပြားခဲ့ရာ ဆန်ဈေးနှုန်းမြင့်ခဲ့၍ မိုးစပါးကြမ်းအသစ်များကို အခြေခံသတ်မှတ်ဈေးထက် ပိုသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
✔မိုးစပါးကြမ်းအသစ်များကို စက်တင်ဘာလကုန်မှစ၍ ရိတ်သိမ်းမှုစတင်ခဲ့သော်လည်း သက်ကြီးစပါးများ ကို အောက်တိုဘာလဝန်းကျင်တွင် ရိတ်သိမ်းနိုင်ခဲ့သည်။မိုးစပါးကြမ်း တစ်ဧကလျှင် ပျမ်းမျှ စပါးတင်း ၇၀ ဝန်းကျင်ထွက်ရှိသည်။ ပြည်ပနှင့် နယ်စပ်သို့ ဆန်ကွဲတင်ပို့မှု များပြားလာသည့်အတွက် ဆန်ဈေးများ ပါမြင့်တက်လာရသည်။ တရုတ်နယ်စပ်မူဆယ်တွင် တစ်ရက်လျှင် အကြမ်းဖျင်း ဆန်နှင့် ဆန်ကွဲအိတ်ရေ ခြောက်သောင်းဝန်းကျင် တင်ပို့မှုရှိနေသည်ဟု နယ်စပ်ဆန်ဈေးကွက်သတင်းများအရ သိရသည်။ပင်လယ်ရေကြောင်းခရီးဖြင့် ဥရောပအပါအဝင်နိုင်ငံအချို့သို့ ဆန်ကွဲတင်ပို့မှုများလာနေသည်။
✔စပါးတင်း တစ်ရာ ကြိတ်ခွဲလျှင်ဆန်အမျိုးအစား အရည်အသွေးပေါ်မူတည်၍ တစ်တင်းခွဲ ဆန်အိတ် ၂၀ မှ ၂၅ အိတ်ဝန်းကျင် ထွက်ရှိပြီး ဆန်ကွဲအိတ်ရေမှာမူ ဆယ်ဂဏန်းအောက်သာ ရရှိသည်။ တန်းနိမ့်ဆန် များကြိတ်ပါက ဆန်ကွဲထွက်ရှိမှုမှာ နှစ်အိတ်၊ သုံးအိတ်ဝန်းကျင်သာထွက်တတ်ပါသည်။ ဆန်ဈေးနှုန်း နိမ့်သည့်နှစ်များတွင် ဆန်အတွင်း ဆန်ကွဲများထည့်သွင်းခြင်းများ ရှိတတ်သည်။ ယခု ၂၀၂၀ နှစ်ကုန်ပိုင်း ဆန်ကွဲဈေးနှုန်းသည် ယခင်နှစ် ပြည်ပပို့၂၅ မှတ်ဆန် ဈေးနှုန်းထက်ပင် ပိုနေသည်ဟု သိရသည်။ ဘိုကလေးမြို့ ဆန်စက်များတွင် ဆန်ကွဲအသေး ၂-၃-၄ အမျိုးအစားတစ်အိတ်လျှင် ကျပ် ၁၉,၀၀၀ဖြင့် ဝယ်ယူနေသည်ဟု သိရသည်။ ယခင် ၂၀၁၉ နှစ်ကုန်ပိုင်း ပြည်ပပို့ ၂၅ မှတ်ဆန် တစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၇,၀၀၀ ဝန်းကျင်သာရှိသည်။
✔၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ပေါ်ဆန်းယဉ် ဆန်သစ်တစ်အိတ်လျှင် အမျိုးအစား အလိုက် ကျပ် ၂၉,၀၀၀ မှ ကျပ် ၃၃,၀၀၀ အတွင်း၊ တောင်ပြန်ဆန် အသစ် ကျပ် ၃၃,၀၀၀ မှ ၃၆,၀၀၀ အတွင်း ဈေးနှုန်းရှိနေသည်။နွေဆန်အဟောင်း (အကြမ်း) တစ်အိတ် လျှင် ကျပ် ၂၇,၅၀၀ မှ ကျပ် ၃၁,၀၀၀ အတွင်း၊ မိုးဆန်ကြမ်း အသစ်တစ်အိတ်လျှင်ကျပ် ၂၄,၀၀၀ မှ ကျပ် ၂၆,၀၀၀ အတွင်း ဈေးနှုန်းရှိနေသည်။၂၀၂၀ မိုးစပါးကြမ်း အသစ်ထွက်ပေါ်ချိန် အောက်တိုဘာလအတွင်း ဘိုကလေး နယ်တွင် မိုးစပါးကြမ်း တင်းတစ်ရာလျှင်ပေါင်၅၀ ကိုက် ကျပ် ၅၅၀,၀၀၀ ဝန်းကျင်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်မူ ကျပ် ၆၅၀,၀၀၀ ဝန်းကျင်ရှိသည်။ တောင်ပြန်စပါးအသစ်မှာမူ တင်း တစ်ရာလျှင် ကျပ် ၉၁၀,၀၀၀၊ ပေါ်ဆန်း စပါးအသစ်မှာမူ ကျပ် ၈၂၀,၀၀၀ နှုန်းဖြင့်ဆန်စက် အရောက် ရောင်းချရ သည်ဟု ၎င်းနယ်မှ လယ်သမား ဦးကျင်အောင်က ပြောသည်။
✔ကမ္ဘာ့နိုင်ငံအများအပြား ရာသီဥတုဖောက်ပြန်မှုကြောင့် ဆန်စပါးအပါအဝင်စားနပ်ရိက္ခာလိုအပ်ချက် မြင့်လာရာ စိုက်ပျိုးရေးနိုင်ငံဖြစ်သော မြန်မာနိုင်ငံအတွင်းယခု ကိုဗစ်ကာလအတွင်းမှာပင် စပါး စိုက်ပျိုး သူအများစုအတွက် အကျိုးအမြတ်များစေသော ဖြစ်စဉ်များ ပေါ်ပေါက်လာသည်ဟု ဆိုနိုင်သည်။ ၂၀၁၉ နှင့် ၂၀၂၀ တွင် မိုးရေရရှိမှု နည်းသဖြင့် စိုက်ပျိုးရေပေးဝေနေသော ရေလှောင်တမံအများစုတွင် ရေဝင်ပမာဏ လျော့နည်းသဖြင့် နွေစပါးစိုက်ပျိုးမှုတွင်ဆည်ရေပေးဝေနိုင်ခြင်းမရှိဟုသိရရာ နွေစပါး စိုက်ပျိုးမှုတွင် ဆည်ရေသောက်များ သိသာစွာကျဆင်းလာသည်ဟု ဆိုနိုင်သည်။သို့ဖြစ်ရာ နိုင်ငံတွင်း ဆန်စပါးအထိုက်အလျောက် ကျဆင်းနိုင်သည်။ ပြည်ပသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ၂၀၁၉-၂၀၂၀တွင် တင်ပို့သည့် တန်ချိန်၂ ဒသမ ၅ သန်းဝန်းကျင်ထက် ၂၀၂၀-၂၀၂၁တွင် အနည်းငယ်လျော့ကျ နိုင်သည်။သို့သော် ပြည်ပဆန်ဈေးမြင့်လာ၍ ပြည်ပပို့ ဆန်မှ ရငွေမှာ သိသာစွာကျဆင်းနိုင်ခြင်းမရှိနိုင်ဟု ဆန်စပါးလုပ်ကိုင်သူတစ်ဦးကဆိုသည်။
🍉ဖရဲ🍉
✔ဖရဲသီး အဓိကတင်ပို့နေရသော တရုတ် နယ်စပ်တွင် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံဘက်က ဝယ်လို အားကျဆင်းခဲ့သဖြင့် နယ်စပ်ရောက် ဖရဲသီးများရောင်းမရဘဲ နယ်စပ်ဒေသမှာပင် စွန့်ပစ်ခဲ့ရမှုများ ရှိခဲ့သည်။သို့ဖြစ်ရာ ယခုနှစ်တွင် ပြည်တွင်း ဖရဲစိုက်ပျိုးမှု လျော့နည်းလာချိန်တရုတ်နိုင်ငံက ဝယ်လို အားမြင့်လာ ခြင်း၊ တရုတ်နိုင်ငံအပြင် အခြားနိုင်ငံအချို့သို့ပါ စမ်းသပ်တင်ပို့လာနိုင်ခြင်းတို့ကြောင့် ၂၀၂၀နှစ်ကုန်ပိုင်း မူဆယ်နယ်စပ်တွင် ဖရဲဈေးနှုန်းများ စံချိန်တင်မြင့်တက်လာသည်။ ယခုဆယ်စုနှစ် တစ်စုအတွင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်နေသည်ဟု ဖရဲဈေးကွက်သတင်းများအရ သိရသည်။ ကိုဗစ်ရောဂါ ကာကွယ်ရေး ဒေသအလိုက် ထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီ သယ်ယူပို့ဆောင်နေရ သည့် အခက်အခဲ၊ ဈေးကွက်မတည်ငြိမ်ခြင်း၊ ကျွမ်းကျင်လုပ်သား ခေါ်ယူရာတွင်အခက်အခဲရှိနေသည့် အတွက် ယခင်နှစ် ထက်ယခုနှစ်တွင် ဖရဲစိုက်ပျိုးမှု ၇၅ ရာခိုင်နှုန်းဝန်းကျင်လျော့ကျမည်ဟု သတင်း ဖော်ပြမှုများ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလလယ်တွင် မြင်တွေ့လာရသည်။
✔ဖရဲတစ်ဧက စိုက်ပျိုးထုတ်လုပ်မှုစရိတ်မှာ ကျပ် ၁၀ သိန်းဝန်းကျင်ရှိပြီး ဖရဲတစ်ဧကအထွက်မှာ အကြမ်း ဖျင်း ၁၃ တန်ဝန်းကျင်ရှိနိုင်သည်။ သြဂုတ်လဆန်းကစိုက်ပျိုးလျှင် နိုဝင်ဘာလအတွင်းအသီးတင်ပို့နိုင် သည်ဟု သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်တွင်၈၅၅ ဖရဲထိပ်စ အမြင့်ဆုံးဈေးအဖြစ် တရုတ် ယွမ်ငွေ ၆,၀၀၀ မှ ၆,၈၀၀ အတွင်း ရရှိသည်။ ပုံမှန်ဖရဲမှာမူ ယွမ် ၄,၀၀၀ မှ ၅,၈၀၀ အတွင်းသာ ရရှိသည်။ ဒီဇင်ဘာ ၂၁ ရက်တွင်မူ ဖရဲထိပ်စအမြင့်ဈေး တစ်ကီလိုအလေးချိန် လေးယွမ်မှ ၄ ဒသမ ၅ ယွမ်၊ ပုံမှန် ဖရဲသုံးယွမ်မှ လေးယွမ်အတွင်း၊ ဖရဲကားအစီးပြတ်ဈေး တစ်စီးလျှင် ယွမ်သုံးသောင်းမှ ခြောက်သောင်း အတွင်း၊ ဖရဲအညံ့ယွမ် ၃,၀၀၀ မှ ၁၀,၀၀၀ အကြား ရရှိသည်ဟုသိရသည်။မမျှော်လင့်ဘဲဖရဲဈေးနှုန်း မြင့်တက်လာ၍ စိုက်ပျိုးသူများအကျိုးအမြတ်ရရှိမှုမှာ ကိုဗစ်ကာလတွင်အမြင့်ဆုံးအဖြစ် ရှိနေပါသည်။
Sources : မောင်စေအောင် (မြန်မာတောင်သူကြီးများ ဂျာနယ်)