menu

ကိုက်ဖြတ်ဝါးစားပိုးများအတွက် တစ်ကယ်စွမ်းတဲ့ “နိုက်ဝမ်း”


 🌾🐛🌿🦗🎋🦟☘️🐝🍃🐜🍀

 ➡️နိုက်ဝမ်း ၂၀အက်စ်စီ (Knight One 20 SC)⬅️ 

▪️နိုက်ဝမ်း ၂၀ အက်စ်စီ တွင် အစွမ်းရှိပစ္စည်း Indoxacarb 17% + Lambda cyhalothrin 3% ပါဝင်ပါသည်။ 

▪️ဆေးအုပ်စု Oxadiazine နှင့် Pyrethroid ပေါင်းစပ်ထားပြီး ထိသေ၊ စားသေနှင့်Bioactivation (ပိုးကောင်၏ ခန္ဓာကိုယ်အတွင်းရှိ အင်ဇိုင်းခေါ်ဓာတ်ပြောင်းအကူပစ္စည်းများက ပိုးသတ်နိုင်စွမ်းအားကို တိုးမြှင့်လာစေခြင်း) ဖြစ်ပေါ်စေသော ထူးခြားအာနိသင် ပါရှိပါသည်။ 

▪️ဤဆေးသည် ငမြှောင်တောင်နှင့် ဖူးထွေးပွင့်ထွေး အပါအဝင် ကိုက်ဖြတ်ဝါးစားပိုးများအား ဖလံမကြီး၊ ပိုးဥနှင့် ပိုးလောက်ကောင်အဆင့်တိုင်းကို သတ်ဖြတ်နှိမ်နင်းနိုင်ပါသည်။ ခံနိုင်ရည်ရှိသော မုံလာ၊ ဂေါ်ဖီတို့တွင်ကျရောက်သော စိန်ကွက်ဖလံ လောက်ကောင်များကိုလည်း ထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။  

▪️နိုက်ဝမ်းသည် ဆေးနှုန်းထားအနည်းငယ်မျှ အသုံးပြုရုံဖြင့် ဖျက်ပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

▪️နိုက်ဝမ်းတွင် ပါဝင်သော အစွမ်းရှိပစ္စည်း Indoxacarb သည် ပိုးသေမှု လျှင်မြန်ခြင်းနှင့် တွန်းကန်သတ္တိရှိခြင်းတို့ကြောင့် အကြိမ်ကြိမ်ဆေးဖျန်းရသောဒုက္ခမှ ကင်းဝေးစေပါသည်။

▪️အသုံးပြုရန်ဆေးနှုန်းထားမှာ ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် (၁၀-၁၅)စီစီ နှုန်း ဖြစ်ပါသည်။ 

 ✅စစ်မှန် ပြည့်ဝ ဝိစာရ✅