menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြက်သွန်နီဈေးကွက် အခြေအနေ
🧅🧅🧅🧅🧅🧅🧅🧅🧅🧅
✅အထွက်နှုန်းလျော့ကျကာ အစပိုင်းတွင်စျေးတက်ခဲ့သည့်နွေကြက်သွန်နီ အနည်းငယ်ဈေးပြန်ကျသွားကြောင်း ကြက်သွန်စိုက်တောင်သူများနှင့် ကြက်သွန်ကုန်သည်တွေထံမှသိရသည်။
✅စျေးကွက်တွင် စိုက်အား နှင့် ထွက်အားမှာ ပုံမှန်နှစ်များနှင့်ယှဉ်ပါက ၅၀ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကာ ကြက်သွန်နီတစ်ပိဿာလျှင် တောစျေး ၁,၅၀၀ အထက်ထိ မြင့်တက်ခဲ့ရာမှ ယခုတွင် ပြန်လည်ကျဆင်း သွားကြောင်းသိရသည်။ လက်ရှိအရောင်းအဝယ်အနေဖြင့်လည်း ကြက်သွန်နီမှာ မဖြစ်မနေ အသုံးပြုရသည့် အခြေခံစားသောက်ကုန်ဖြစ်သောကြောင့် စျေးကွက်တွင် အရောင်းအဝယ် ပုံမှန်အခြေ အနေရှိကြောင်း သိရသည်။
✅“ကြက်သွန်စျေးက ဇွန်လလယ်က ဈေးတက်ခဲ့တယ်။ အခုတော့ ကြက်သွန်စျေးကပြန်ကျသွားတယ်။ တစ်ပိဿာ ၁,၀၀၀ လောက်ပဲရှိတော့တယ်။ ရာသီဥတုဖျက်တယ်ဆိုတော့ ဒီနှစ်အထွက်နှုန်းက လျော့ခဲ့တယ် စိုက်တဲ့အနေအထားလဲ အထွက်နှုန်းလျော့တယ်။ လျော့ချစိုက်ပျိုးတာလဲများခဲ့တယ်၊ ကျွန်တော်တို့ ရွာမှာ ဧက ၇၀၊ ၈၀လောက် စိုက်တဲ့ဧကလျော့သွားတယ်။ မြေဆီ၊ ဒီဇယ်စျေးကြီးလို့ အရင်းနှီးမတတ်နိုင်လို့ မစိုက်နိုင်ကြဘူး” ဟု မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် မှ ကြက်သွန်စိုက်တောင်သူ ကိုအောင်စိုးမြင့် ကပြောသည်။
✅ကြက်သွန်နီ တောစျေးတစ်ပိဿာလျှင် ၁,၀၀၀ မှ ၁,၂၀၀ ကျပ် အထိရှိပြီး ရန်ကုန်လက်လီစျေးအနေဖြင့် ကြက်သွန်အသေးအကြီးပေါ်မူတည်ကာ တစ်ပိဿာလျှင် ၁,၆၀၀ မှ ၂,၂၀၀ အထိရှိကြောင်း စျေးကွက် အရ သိရသည်။ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်ပေါ်မူတည်ကာ စျေးနှုန်းများပြောင်းလဲနိုင် ကြောင်း သိရသည်။ “အခု တစ်ပိဿာ ၁,၅၀၀နဲ့ တွက်မယ်ဆိုရင်တောင် ပိဿာ ၁၀၀ ရောင်းရင် တစ်သိန်းခွဲရတယ်။ အဲ့တစ်သိန်းခွဲက မြေဆီနှစ်လုံးမရဘူး။ ၂၀၂၁ နောက်ပိုင်းနဲ့ယှဉ်ရင် အခုလက်ရှိ ၁,၅၀၀ စျေးက အရင်တစ်ပိဿာ ၅၀၀စျေး ကြမ်းခင်းလောက်တောင်မရှိဘူး” ဟု ကြက်သွန်စိုက် တောင်သူတစ်ဦး ကပြောသည်။
✅လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့် သွင်းအားစုများ စျေးကြီးနေသော ကြောင့် သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားအခက်ခဲများစွာရှိကြောင်းလည်း သိရသည်။ တရုတ်၊ မြဝတီ၊ ဘင်္ဂလာဒေ့ရှ် က ပုံမှန်သွားနေတော့ နောက်ပိုင်း ၆လပိုင်း ၈လပိုင်းလောက်ဆိုရင် ကြက်သွန်ရှားကာ စျေးတက်လာနိုင်ကြောင်း မန္တလေးမြို့ မန်းလှကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့် ကသုံးသပ်ပြောထားခြင်းလည်းရှိသည်။ ယခုနှစ်စိုက်ပျိုးမှုနည်းပြီး မြေဩဇာကောင်းကောင်းမသုံးနိုင်ခဲ့ သည့်အတွက် အထွက်နှုန်းအပြင် အရည်သွေးလည်းကျဆင်းခဲ့ကြောင်း သိရသည်။
✅သုံးနှစ်ကျော်ဆက်တိုက်အရှုံးပေါ်ခဲ့သောကြောင့် ကြက်သွန်စိုက်တောင်သူများအနေဖြင့် လျော့ချ စိုက်ပျိုးခဲ့ခြင်းအပြင် မုန်တိုင်းဝင်ရောက်ခဲ့သည့်အတွက်ကြောင့် မြစ်သား နှင့် ကျောက်ဆည် မှ ကြက်သွန်းခင်းများ ပျက်စီးခဲ့သည့်အတွက် အထွက်နှုန်းများလည်း လျော့ ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)