menu

ကြက်သွန်နီဈေးများ ပြန်တက်လာ .....

🧅🧅🧅🧅🧅🧅🧅🧅🧅🧅

🔘 ကြက်သွန်ကားတွေ ဈေးကွက်ထဲအဝင်နည်းလို့ ကြက်သွန်နီဈေးတွေပြန်တက်နေကြောင်း ကြက်သွန်ပွဲရုံတွေကနေသတင်းရရှိပါသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြက်သွန်နီပြတ်တဲ့ သတင်းကြောင့် ပြည်တွင်းဝယ်ယူမှု အားကောင်းလာပြီးဈေးတွေမြင့်တက်လာတာလည်းဖြစ်သည်။

🔘 “ကြက်သွန်နီက ဒီလတစ်လလုံးမြင့်တက်နိုင်မယ်လို့ခန့်မှန်းထားကြတာပဲ၊ မိုးကြက်သွန်တွေက သိပ်မလာသေးဘူး၊ အခုနွေကြက်သွန်တွေကလဲ ဈေးကွက်ထဲသိပ်မရှိတော့ဘူး၊ ကုန်ချိန်လျော့တာ တွေကြောင့် ရသလောက်ဈေးနဲ့ ထုတ်ရောင်းကြတော့ ဈေးတွေကကျနဲ့ အတက်ဈေးရရင်တောင် လုံးဝ စိုက်စရိတ်ကမရဘူး” ဟု ရေဦးမြို့နယ်မှ ကြက်သွန်နီပွဲရုံပိုင်ရှင် ကုန်သည်ဦးလှမြင့်ကပြောသည်။ 

🔘 ကြက်သွန်နီက တစ်ပိဿာကို ၁,၀၀၀ ထိ တက်နိုင်မယ်လို့ခန့်မှန်းထားတယ် လို့သိရသည်။ ဘုရင့်နောင်ပွဲရုံသို့နေ့စဉ်ကားအဝင်က အစီး ၂၀ ခန့်သာ ရှိတဲ့အတွက် ဈေးတွေပြန်မြင့်တက်လာတာဖြစ်ပြီး လက်ရှိ ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ) က တစ်ပိဿာကို ၂၀၀ ကနေ ၇၀၀ ကြားပေါက် ဈေးရှိနေပါသည်။

🔘 ပြီးခဲ့တဲ့လက ပြည်ပတင်ပို့မှုရှိတဲ့အတွက်ဈေးတွေက တက်လာခဲ့ပေမယ့် အရည်အသွေးမကောင်းတဲ့ ကြက်သွန်နီတွေကြောင့် အဝယ်ရပ်တန့်ခဲ့ပြီးဈေးတွေလည်း ဆက်တိုက်ပြန်ကျဆင်းသွားခဲ့သည်။ လာမည့် ၂၀၂၁ တစ်လပိုင်းတွင် မိုးကြက်သွန်နီများမြို့နယ်အလိုက် ဆက်တိုက်ထွက်ရှိမှာဖြစ်တဲ့အတွက် ပြည်ပဝယ်ယူမှုမရှိပါက ကြက်သွန်နီဈေးက ဆက်ပြီးကျဆင်းနိုင်တယ်လို့ ကုန်သည်များက သုံးသပ်ထားသည်။

🔘 ကြက်သွန်နီကို နိုင်ငံတဝှမ်းစိုက်ပျိုးမှုရှိပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အဓိက အများဆုံးစိုက်ပျိုးကြောင်းသိရသည်။ ပြည်ပတင်ပို့မှုမှာ တရုတ်၊ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို အများ ဆုံးဖြစ်ပြီး စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတွေကိုလည်း အထိုက်အလျောက်တင်ပို့သည်။

🔘 ကြက်သွန်နီဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Credit to : AMIA Market News