menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြက်သွန်ဖြူ ထွက်ရှိမှုနှုန်းနည်းပါးသဖြင့် ဈေးကောင်းရရှိနေ
🌱🧄🌱🧄🌱🧄🌱🧄🌱🧄🌱
✔️တရုတ်ကြက်သွန်ဖြူများ ပြည်တွင်းဈေးကွက်အတွင်းသို့ ဝင်ရောက်မှုမရှိခြင်းနှင့် ပြည်တွင်းစိုက်ပျိုးမှုနည်းပါးခြင်းတို့ကြောင့် ပြည်တွင်းထွက် ကြက်သွန် ဖြူများဈေးကောင်းရနေကြောင်း မန္တလေးမြို့၊ သီရိမာလာကုန်စိမ်းဈေးကွက်အတွင်းကသိရသည်။
✔️ယမန်နှစ်တွင် ကြက်သွန်နီ ဈေးနှုန်းကောင်းများရရှိသဖြင့် တောင်သူများက ပိုမိုစိုက်ပျိုးကြပြီး ကြက်သွန်ဖြူကို အနည်းငယ်သာစိုက်ပျိုးကြကြောင်း၊ ပြည်ပကြက်သွန်ဖြူများလည်း တင်သွင်းမှု လုံးဝမရှိ သဖြင့် ရွေး ချယ်စရာမရှိဘဲ ဗမာကြက်သွန်ဖြူ ကိုသာ အဓိကဝယ်ယူရမည့် အခြေအနေဖြစ်နေခြင်းကြောင့် ဈေးကောင်းရရှိခြင်းဖြစ်ကြောင်း ကြက်သွန်ပွဲရုံပိုင်ရှင် ဦးကျော်ဦး ကပြောသည်။
✔️“တစ်ပိသာကို လက်ကားဈေးနှုန်းကျပ် ၂,၀၀၀ ကနေခုဆိုရင် ကျပ် ၃,၀၀၀ လောက်အထိမြင့်တက်လာတယ်၊ ရောင်းအားလည်းကောင်းတယ်” ဟု ဦးကျော်ဦးကပြောပြသည်။
✔️ယခုကဲ့သို့ဈေးနှုန်းကောင်းမွန်ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြင်းခြံ၊ တောင်သာမြို့နယ်များရှိ တောင်သူများ အဆင်ပြေလျက်ရှိကြကြောင်း တောင်သာမြို့နယ်က တောင်သူ ဦးသာပေါက ပြောသည်။
✔️“ကြက်သွန်နီစိုက်တဲ့သူတွေကတော့ ဒီနှစ်အရင်းတောင်မရကြတော့ ဘူး၊ သူတို့ကတော့ တော်တော်လေးကိုအဆင်မပြေဖြစ်ကြတယ်” ဟု ၎င်းကပြောပြသည်။
✔️ကြက်သွန်ဖြူမှာ တန်ဆောင်းမုန်းလတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင် ပေါ်ကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်း လက်ကားဈေးနှုန်းများမှာ ကြက်သွန်ဖြူ တစ်ပိသာလျှင် ကျပ် ၃,၀၀၀မှ ၃,၁၀၀ ကြားရှိကြောင်း သီရိမာလာကုန်စိမ်းဈေးအတွင်းရှိ ပွဲရုံများကသိရသည်။
မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)