menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြက်သွန်ဖြူအသစ်ပေါ်ချိန် ထိုင်းက ဈေးကောင်းပေး၍ဝယ်ယူလာ
🔯ကြက်သွန်ဖြူအသစ်ပေါ်ချိန် ထိုင်းက ဈေးကောင်းပေး၍ဝယ်ယူလာ🔯
▪️ပြည်တွင်း၌ ကြက်သွန်ဖြူအသစ်ပေါ်ချိန် ထိုင်းနိုင်ငံက ဈေးကောင်းပေး ဝယ်ယူလာခြင်းကြောင့် ဈေးတက်လာကြောင်း ကုန်သည်များထံမှ သိရသည်။လက်ရှိ ရှမ်းပြည်နယ် မိုင်းပန်၊ လဲချား ဒေသတို့က ထွက်ရှိသော ခရမ်းစွဲကြက်သွန်ဖြူမှာ အရည်အသွေးကောင်းမွန်နေ၍ ထိုင်းကုန်သည်များက ကြိုက်နှစ်သက်နေကြောင်း သိရသည်။
▪️ပြည်တွင်း၌ ကြက်သွန်ဖြူအသစ်ပေါ်ချိန်ဖြစ်၍ တရုတ်နိုင်ငံဘက်က တရားမဝင် ကြက်သွန်ဖြူများတင်သွင်းနေခြင်းကို ထိန်းကျောင်းပေးရန်နှင့် ဈေးကွက်သစ်ရှာပေးရန် လိုအပ်ကြောင်း တောင်ကြီးရှိ ကုန်သည် ဦးထွန်းစိန်က ပြောသည်။
“ထိုင်းက ခရမ်းစွဲကြက်သွန်ဖြူကို ကြိုက်လို့အဝယ်လိုက်လာတယ်။ ဈေးကလည်း တစ်ပိဿာကို လက်ကားဈေး ကျပ် ၇၀၀ ကျော်လောက် ဈေးတက်လာတယ်။ ဒီလိုကာလမှာတော့ ပြည်ပကနေ တရား မဝင် ဝင်ရောက်လာတာတွေ သေချာကြပ်မတ်ပေးဖို့ လိုအပ်တယ်။ မဟုတ်ရင် ကောင်းနေတဲ့ဈေးကွက်ကို ဆွဲချသွားနိုင်တယ်“ဟု ပြောသည်။
▪️ထိုင်းသို့ တစ်နှစ်လျှင် ကြက်သွန်ဖြူ တစ်ချိန် ၃၀၀၀ ခန့်သာ တင်ပို့နိုင်၍ ပိုမို တိုးတက်တင်ပို့ရန် တောင်သူများကို ပံ့ပိုးပေးရန်လိုအပ်ကြောင်း ပြောသည်။ ယခင်နှစ်က ကြက်သွန်ဖြူဈေး ကျဆင်းခဲ့၍ ယခုနှစ် ကြက်သွန်ဖြူစိုက်ရာသီအတွင်း လျှော့ချစိုက်ခဲ့ကြကြောင်း သိရသည်။ ဈေးကွက်၏ သဘောသဘာဝအရ ကြက်သွန်ဖြူထွက်ပေါ်ချိန်တွင် ဈေးကျ တတ်သည့်သဘောရှိကြောင်း၊ ထို့ကြောင့် ကြက်သွန်ဖြူသီးနှံကိုဝယ်ယူပြီး ထိန်းသိမ်းထားသည့်ကုမ္ပဏီ၊ သိုလှောင်ရုံများ အများ အပြားရှိရန် လိုအပ်ကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်အရ ပြည်ပက တရားဝင်တင်သွင်းမှုများကို ယှဉ်ပြိုင်မှုအရ ခွင့်ပြုရမည် ဖြစ်သော်လည်း တရားမဝင် ဝင်ရောက်မှုများကို စိစစ်တင်းကျပ်ပေးရန် လိုအပ်ကြောင်း သိရသည်။
▪️ကြက်သွန်ဖြူကို အိမ်နီးချင်းနိုင်ငံ အချို့က ပြည်ပသို့ တန်ချိန်များစွာ တင်ပို့နေသော်လည်း မြန်မာ့ကြက်သွန်ဖြူတင်ပို့ မှုမှာ စိုက်ပျိုးမှုဧကနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးနေသေးကြောင်း ကုန်သည်များက ဆိုသည်။ “ထိုင်းနိုင်ငံကို အများဆုံးတင်ပို့နေတာဖြစ်တယ်။ ပိုမိုတိုးတက်တင်ပို့ဖို့ဆိုရင် ဈေးကွက်ရှာဖွေဖို့ မခဲယဉ်းတာဟာ မြန်မာ့ကြက်သွန်ဖြူက အရသာကောင်းမွန်လို့ ဖြစ်တယ်။ အမျိုးသားပို့ကုန် မဟာဗျူဟာ အရေးကြီးသီးနှံတွေထဲမှာ ကြက်သွန်ဖြူကဏ္ဍ ပါဝင်လာဖို့ ကြိုးပမ်းရမှာဖြစ်တယ်”ဟု အဆိုပါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောသည်။
▪️ပြည်ပသို့တင်ပို့သည့် ကြက်သွန်ဖြူမျိုးများမှာ ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ ဟူ၍ အဆင့်ခွဲခြားတင်ပို့ပြီး အမျိုးအစားအပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှ ကျပ် ၃၂၀၀ ကြား ဈေးရရှိကြောင်း၊ ထူး-၃၊ ထူး-၄၊ ထူး-၅ တို့ကို ရန်ကုန်ဈေးကွက်သို့ အများဆုံးဖြန့်ချိကြောင်း သိရသည်။ကြက်သွန်ဖြူကဏ္ဍ တိုးတက်လာရေးအတွက် အထွက်ကောင်းမျိုးများကို နှစ်စဉ် ရွေးချယ်စိုက်ပျိုးသွားကြရန်၊ အရည်အသွေးစံချိန်မီသည့် မြေသြဇာများကို ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ တစ်ဧကထုတ်လုပ်မှု ကုန်ကျ စရိတ်များ လျှာ့ချနိုင်ရန် လိုအပ်သည်။
▪️“ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ တွေကို ရန်ကုန်ပွဲရုံတွေကို တင်ပို့ပါတယ်။ အဲဒီလို တင်ပို့တဲ့အခါမှာ ရန်ကုန်ပွဲရုံတွေက အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ငွေကျပ် ၁၀၀ မှာ ပွဲခအဖြစ် သုံးကျပ်ယူပါတယ်။ ဒါကြောင့်မို့ ရန်ကုန်ပွဲရုံတွေကို ကြက်သွန်ဖြူဖြန့်ဖြူးတာ လျော့နည်းတယ်။ရှမ်း(တောင်) အနေနဲ့ ထိုင်းကို တိုက်ရိုက်တင်ပို့တာတော့ မရှိပါဘူး၊၊ တာချီလိတ် အထိ သာ တင်ပို့ရောင်းချပြီးတော့ တာချီလိတ် ကနေတစ်ဆင့် ဟိုင်းလပ်ကားတွေနဲ့ ထိုင်း နိုင်ငံ စီးပွားရေးအဖွဲ့အစည်းတွေကနေ ချိတ်ဆက်ရောင်းချနေကြတာ ဖြစ်ပါတယ်“ဟု တာချီလိတ်ရှိ ကုန်သည် ဦးစိုင်းထွန်းကိုက ပြောသည်။
▪️မြန်မာသည် ကမ္ဘာ့တတိယမြောက် ကြက်သွန်ဖြူစိုက်ပျိုးမှုအများဆုံး နိုင်ငံဖြစ်ပြီး ဧကခုနစ်သိန်းကျော် စိုက်ပျိုးသည်။ ကြက်သွန်ဖြူ အဓိကစိုက်ပျိုးသည့် မြို့နယ်များမှာ တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်တို့တွင် ဖြစ်သည်။ ကြက်သွန်ဖြူကိုအောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်စိုက်ပြီး ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ထွက်ရှိကြောင်း၊ စိုက်ပျိုးချိန်အပေါ် မူတည်ပြီး သင်္ကြန်ပတ်ဝန်းကျင် ဧပြီလဆန်းတွင် လှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။
- နီနီအောင်
- မြန်မာတောင်သူကြီးများဂျာနယ် - ၂၀၂၀ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ( ၁၇ ) ရက်။