menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကမ္ဘာကျော်ငရုတ်ကောင်း တင်ပို့ခွင့်ပြုရန် ကမ္ဘောဒီးယားက မြန်မာကို တောင်းဆို
အရည်အသွေးကောင်းသဖြင့် ကမ္ဘာ့အသိအမှတ်ပြုခံထားရသည့် ကမ္ဘောဒီးယားနိုင်ငံထုတ် ကမ်ပေါ့ငရုတ်ကောင်းကို တင်ပို့ခွင့်ပြုရန် ကမ္ဘောဒီးယားက မြန်မာနိုင်ငံကို တောင်းဆိုလိုက်သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonnသည် အသစ်ခန့်အပ်ထားသည့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ဝန်ကြီးဌာနရှိ ၄င်း၏ရုံးခန်း၌ တွေ့ဆုံစဉ် ထိုသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနအတွင်းဝန် Tuot Panhaက တွေ့ဆုံမှုအခြေအနေကို ရှင်းလင်းထုတ်ပြန်သည်။ မြန်မာအနေဖြင့် ကမ္ဘောဒီးယား လယ်ယာထုတ်ကုန်များ၊ အထူးသဖြင့် ကမ်ပေါ့ငရုတ်ကောင်းကို တင်သွင်းမည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးမြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီးက မြန်မာသံအမတ်ကြီးကို ပြောကြားခဲ့ကြောင်း သိရသည်။မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကလည်း ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံကုန်သွယ်ရေးမြှင့်တင်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးတို့ တိုးတက်ကောင်းမွန်လာစေရန် ကြိုးပမ်းဆောင်ရွက်သည့်အပေါ် ကျေးဇူးတင်ကြောင်း Mr Sokhonnကို ပြောကြားခဲ့သည်။
”မြန်မာအနေနဲ့ ကမ္ဘောဒီးယားရဲ့ လယ်ယာကုန်စည်တွေကို တိုးမြှင့်တင်သွင်းဖို့ အားပေးသွားမယ့်အကြောင်း မြန်မာသံအမတ်ကြီးက သဘောတူညီခဲ့ပါတယ်” ဟု Ms Panha က ပြောသည်။နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၇ ခုနှစ်က ကန်ဒေါ်လာ လေးသန်းသာရှိခဲ့ရာက ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၀ သန်းအထိ မြှင့်တင်နိုင်ခဲ့ကြောင်း ၄င်းက ပြောသည်။“အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်လာခဲ့ပေမယ့် တခြားအာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်နေတဲ့ မြန်မာရဲ့ ကုန်သွယ်မှုပမာဏနဲ့ယှဉ်ရင် နည်းနေပါသေးတယ်။ ဒါကြောင့် ဝန်ကြီးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် သံအမတ်ကြီးကို တောင်းဆိုခဲ့တာပါ” ဟု ၄င်းက ပြော သည်။ကမ်ပေါ့ငရုတ်ကောင်း ဈေးကွက်မြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Nguon Lay က အာဆီယံအတွင်း ငရုတ်ကောင်းဈေးကွက်သစ်များ ရှာဖွေနေသော အစိုးရ၏ ကြိုးပမ်းချက်များကို ကြိုဆိုခဲ့သည်။ “အစိုးရက ကမ်ပေါ့ငရုတ်ကောင်းအတွက် မြန်မာနိုင်ငံမှာ ဈေး ကွက်သစ်ဖော်ထုတ်ဖို့ ကြိုးပမ်းနေတာကို အလွန်ဝမ်းမြောက်မိပါ တယ်။ ဒါက တောင်သူတွေကို အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်“ ဟု ၄င်းက ပြောပြီး အချို့ငရုတ်ကောင်းတောင်သူများမှာ ဝယ်လက်ရှာဖွေရခက်ခဲ သဖြင့် ငရုတ်ကောင်းမစိုက်ပျိုးတော့သည်များ ရှိလာကြောင်း ဆက်ပြော သည်။
ဥရောပသမဂ္ဂ၏ ထုတ်ကုန်ဇာစ်မြစ် အသိအမှတ်ပြုခြင်းခံထားရ သော ကမ္ဘောဒီးယားကမ်ပေါ့ငရုတ်ကောင်းအနက် ၅၀ ရာခိုင်နှုန်းကို အီးယူသို့ တင်ပို့နေပြီး ၃၀ ရာခိုင်နှုန်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ လျက်ရှိသည်။ အခြားပမာဏကို အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တောင်ကိုရီးယားသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ၂၀၁၇ ခုနှစ်က ရေး ထိုးခဲ့သည့် နားလည်မှုစာချွန်လွှာနှင့်အညီ အာရှပစိဖိတ်ရေးရာ ဦးစီးဌာန က ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်ဆန်ပိုင်းတွင် ကမ္ဘောဒီးယားနှင့် မြန်မာအကြား တွေ့ဆုံနိုင်ရေး မြန်မာသံရုံးနှင့် ပူးပေါင်းစီစဉ်ရန် Mr Sokhoon က အကြံပြုခဲ့သည်။
Khmer Times
ဘာသာပြန် - ဝေယံဟိန်း (B.Ag)
The Farmer Myanmar