menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သင်္ကြန်အပြီး ပဲစျေးများမြင့်တက်နေ .....
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
◀️ သင်္ကြန်အပြီး ပြည်ပလိုအပ်ချက်ရှိနေသည့်အတွက် ပဲစျေးများမြင့်တက်နေကြောင်း စျေးကွက်မှ သိရပါသည်။ လက်ရှိ အိန္ဒိယနိုင်ငံတွင် ပဲအထွက်နှုန်းနည်းခဲ့ကာ လိုအပ်ချက်ရှိနေသည့်အပြင် ပြည်တွင်း တွင်လည်း ပဲအထွက်နှုန်းနည်းနေသည့်အတွက် သင်္ကြန်အပြီး ပဲအရောင်းအဝယ်ဖြစ်ကာ စျေးနှုန်း မြင့်လာကြောင်းသိရသည်။
◀️ “ကုန်စည်ဒိုင်တွေတော့ ပိတ်ထားဆဲပါ။ အဓိက အိန္ဒိယလိုအပ်ချက်ရှိလို့ စျေးတက်တာပါ။ အိန္ဒိယမှာ ပဲ အထွက်နှုန်းနည်းနေတယ် ။ ဒါကြောင့် စျေးကထပ်တက်ဖို့လည်းရှိတယ်” ဟု အောင်လံမြို့ ကုန်စည်ဒိုင်မှ ပဲကုန်သည် ဦးအောင်မိုး က ပြောသည်။
◀️ သင်္ကြန်မတိုင်ခင်က မတ်ပဲတစ်တန်လျှင် သိန်း၂၀ နှင့် ၅သောင်းထိသာ ရှိခဲ့ပြီး လက်ရှိတွင် သိန်း၂၀ နှင့် ၆သောင်း၃ထောင် အထိ ပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် လက်ရှိ ပဲစင်းငုံ တစ်တန်လျှင် ၂၄သိန်းအထိ ပေါက်စျေးရှိကြောင်းသိရသည်။
◀️ လက်ရှိ အိန္ဒိယက ပဲတင်သွင်းခြင်းကို အခွန်ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်ကြောင်း ကုန်သည်များ ကပြောသည်။ ပြည်ပပေါက်စျေး FOB အနေဖြင့် မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၉၀၀ ကျော်အထိရှိပြီး ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၁,၀၀၀ ကျော် အထိရှိကြောင်း သိရသည်။
◀️ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ပဲတင်ပို့မှုမှာ ယခင်နှစ်များနှင့်ယှဉ်ပါက ထက်ဝက်ကျဆင်းလျက် ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ယခုနှစ်တွင် ပဲစင်းငုံတန်ချိန် ငါးသောင်း - တစ်သိန်းခန့် နှင့် မတ်ပဲတန်ချိန် နှစ်သိန်းခန့်သာ တင်ပို့နိုင်မည်ဖြစ်၍ ပြီးခဲ့သည့်နှစ်များနှင့်ယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
◀️ ယခုနှစ် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက် မှ ၂၀၂၃ခုနှစ် မတ်လ(၁၇)ရက်နေ့အထိ ပင်လယ်ရေကြောင်းမှတဆင့် ပဲမျိုးစုံ ၁,၅၄၃,၄၄၁.၂၉၄ တန် အထိ တင်ပို့ထားကြောင်း သိရသည်။
◀️ ပဲမျိုးစုံဈေးကွက်အခြေအနေများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)