menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“သင်္ကြန်အပြီးဈေးကွက်ပြန်ဖွင့်ချိန် ပြောင်းဈေးကွက်သတင်း”
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
➡️သင်္ကြန်အပြီး ဈေးကွက်ပြန်စရန် ပြင်ဆင်နေကြခြင်းကြောင့် ဈေးကွက်ပြန်ဖွင့်ချိန် ပြောင်းဈေး အနည်းငယ် ပြန်ကျသွားကြောင်း ပြောင်းလုပ်ငန်းရှင်းများက ပြောသည်။ ထို့အပြင် ပို့ကုန်မူဝါဒပြောင်း လဲခြင်း၊ ပြောင်းတင်ပို့ပါက ပို့ကုန်လိုင်စင်လျှောက်ခိုင်းခြင်း၊ ဒေါ်လာဈေးနှုန်း အပြောင်းအလဲဖြစ်နေခြင်း တို့ကြောင့် ပြောင်းဈေးမှာ ကျဆင်းသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
➡️“ဈေးကွက်ပြန်စတဲ့အချိန် ဈေးနှုန်းပြန်ကျသွားတယ်။ ဒါကတော့ သင်္ကြန်အပြီး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ တစ်ပိဿာကို ၂၀ ၊ ၁၅ကျပ် အထိပြန်ကျသွားတယ်။ နောက်ပြီး တခြားကိစ္စ ပို့ကုန်မူဝါဒ အပြောင်းအလဲ တွေကြောင့် ပြောင်းဈေးကကျသွားတာ” ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဉက္ကဌ ဦးမင်းခိုင် ကပြောသည်။
➡️လက်ရှိ ပြောင်းမှာ သင်္ကြန်မတိုင်ခင်က ရန်ကုန်ဈေး တစ်ပိဿာလျှင် ၁,၀၂၀၊ ၁,၁၀၀ ကျပ် ထိ ရရှိခဲ့ရာမှ သင်္ကြန်အပြီး တစ်ပိဿာလျှင် ၁,၀၀၀ မှ ၉၉၀ ကျပ် ထိပြန်ကျသွားကြောင်းသိရသည်။ ထိုဈေးမှာ ပြီခဲ့ သည့်နှစ်တွေထက် ဈေးမြင့်ရနေခြင်းဖြစ်သော်လည်း သွင်းအားစုမြင့်တက်နေသည့် အတွက် ဈေးကောင်းရသည်ဟု ပြောမရကြောင်း သုံးသပ်ကြသည်။ “တောင်သူတွေရနေတဲ့ဈေးက အဓိက ရှမ်းမြောက်၊ ရှမ်းတောင်မှာ တစ်ပိဿာကို အများဆုံးရ ၈၀၀ပေါ့။ ဒါပေမဲ့ ဒီဈေးကတွက်ခြေကိုက်လား ဆိုတော့ မဆိုးဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် သွင်းအားစုတွေဈေးမြင့်နေတာဆိုတော့ ဖြစ်သင့်တဲ့ ဈေးလို့ ပြောလို့မရသေးဘူး” ဟု ဦးမင်းခိုင်က ဆက်လက်ပြောသည်။
➡️လက်ရှိ အရောင်းအဝယ်အများကြီးမဖြစ်သော်လည်း ဈေးကွက်မှာ ပုံမှန်အတိုင်းဖြစ်နေကြောင်း သိရသည်။ တစ်ချို့မှာ ဈေးနှုန်းမကြိုက်၍ ပြောင်းကိုလက်ဝယ်ကိုင်ဆောင်ထားကြပြီး တစ်ချို့မှာ ဈေးနှုန်း လက်ရှိထက်ပိုမိုကျဆင်းသွားမှာကြောက်၍ အမြန်အဆန်ရောင်းချမူများလည်းရှိကြောင်း သိရသည်။
➡️သင်္ကြန်မတိုင်မီက ပြည်ပသို့ပုံမှန်တင်ပို့နေရပြီး လက်ရှိတွင် ဒေါ်လာဈေးအပြောင်းအလဲဖြစ်ခြင်း၊ ဒေါ်လာကို ချက်ချင်းမြန်မာငွေ ချက်ချင်းလဲရသည့် ကိစ္စရပ်များကြောင့် Normal Trade က သိသိသာသာကျဆင်းသွားပြီး Boarder Trade က အခုပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ခန့်မှန်း၍မရသေး ကြောင်းသိရသည်။
➡️ပြီးခဲ့သည့်နှစ်များက ကမ္ဘာ့ပြောင်းဈေး ဒေါ်လာ ၁၅၀ မှ ၁၇၀ သာရှိခဲ့ပြီး လက်ရှိတွင် ဒေါ်လာ ၃၅၀ အထိ ရောက်ရှိကာ စံချိန်တင်မြင့်တက်နေကြောင်းသိရသည်။ “သွင်းအားစုတွေ ဈေးမတက်ဘူးဆိုရင် ဒီ ကမ္ဘာ့ဈေးက ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် စံချိန်တင်မြင့်တက်တယ်လို့ပြောလို့ရတယ်။ အခု အကုန်လုံး ဈေးတွေမြင့်တက်နေတာဆိုတော့ မြင်တက်နေတယ်လို့ပြောမရသေးဘူး” ဟု ပြောင်းလုပ်ငန်းရှင် တစ်ဦးကသုံးသပ်ပြောသည်။
➡️ပြည်တွင်းပြည်ပ ဝယ်လိုအားရှိနေခြင်း၊ ငွေကြေးအပြောင်းအလဲမှာ ပြောင်းဈေးပေါ် သက်ရောက် နိုင်သောကြောင့် ပြောင်းဈေးနှုန်းမှာတော့ မြင့်တက်နိုင်ချေရှိကြောင်း သိရသည်။ ပြည်တွင်းအပြင် ပြည်ပ နိုင်ငံများမှ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းဈေးကွက်အနေဖြင့် ပိုမို ကောင်းသည့် အလားအလာရှိနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
➡️လက်ရှိ တိုင်းနှင့်ပြည်နယ်(၇)ခုတွင် ပြောင်းစိုက်ဧက ၁သိန်းခွဲဝန်းကျင်မှ နှစ်စဉ်တန်ချိန် ၃သန်းအထိ ထုတ်လုပ်လျှက်ရှိကြောင်းသိရသည်။ ယခင်ကိုဗစ်ကာလတွင် ပြည်တွင်း၌ တန်ချိန် (၈သိန်း မှ ၁၀သိန်း) ကြားသုံးစွဲကာ ပြည်ပသို့တန်ချိန် (၂)သန်းကျော် တင်ပို့ခဲ့ကြောင်းသိရပြီး ကိုဗစ်အပြီးကာလတွင် ပြည်တွင်းသုံးစွဲမူ လျော့သွားကာ (၅)သိန်းလောက်သာ သုံးစွဲပြီး (၂.၅) သန်းကျော်သာ ပြည်ပသို့တင်ပို့ လျှက်ရှိကြောင်း သိရသည်။
➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News