menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သင်္ကြန်ပိတ်ရက် ပဲမျိုးစုံဈေးကွက် အခြေအနေ .....
🍀☘️🌱☘️🍀🌱🍀☘️🌱☘️🍀
⏭ယခုနှစ်တွင် သင်္ကြန်ပိတ်ရက်ဖြစ်သော်လည်း ပဲများဝယ်ယူမှုများပြီး စျေးကွက်သွက်နေကြောင်းပဲ၊ နှမ်း ကုန်သည်များထံမှသိရသည်။
⏭"အိန္ဒိယဘက်ကလဲ လိုချင်တယ် ဒီဘက်ကငွေကတော့ ၁,၈၅၀ ပဲ သတ်မှတ်တယ်။ နှုန်းသေမဟုတ်ဘူး အရှင်သတ်မှတ်တာ နည်းတဲ့နေ့နည်းသတ်မှတ်သလို များတဲ့နေ့များသတ်မှတ်မှာဆိုတော့ အဲ့ကိစ္စလဲ ပါမှာပေါ့၊ တကယ်ကုမ္ပဏီကြီးတွေက ဘီလျံနဲ့ ချီပြီး တစ်ဒေါ်လာ ၁,၈၅၀နဲ့ ခံရတာကို ပဲသမားတွေ ကတော့ အဲ့လောက်မရှိဘူး။ ဒါကြောင့်နောက်ပိုင်းမှာ ပိုက်ဆံက လိုလာမှာ ၁,၈၅၀နဲ့ ဝယ်မရရင် ၁,၉၀၀ နဲ့ ဝယ်မှာ ၁,၉၀၀ နဲ့ ဝယ်မရရင် ၁,၉၅၀ နဲ့ ဝယ်လာကြမှာဆိုတော့ တက်မှာပဲ။ ဒါကြောင့် စျေးတွေ ပြန်တက်တဲ့သဘောပေါ့ စျေးကွက်မှာ မတ်ပဲတွေအတင်းလိုက်ဝယ်နေတယ်။ ပဲစင်းငုံကလဲအထွက် ရှားတော့ စျေးကတက်လာတယ်” ဟု ပဲကုန်သည် ဦးအောင်မိုး ကပြောသည်။
⏭မတ်ပဲတစ်တန်ကို ကျပ်၁,၄၅၀,၀၀၀ ၀န်းကျင်ထိ စျေးကျဆင်းခဲ့ရာမှ လက်ရှိ ၁,၅၁၀,၀၀၀အထိ ပြန် လည်မြင့်တက်လာခြင်းဖြစ်ပြီး ပဲစင်းငုံစျေးနှုန်းမှာလည်း ၁,၃၇၀,၀၀၀ ကျပ်ထိ ကျဆင်းခဲ့ရာမှ တစ်တန်ကို ကျပ် ၁,၄၁၀,၀၀၀ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်းသိရသည်။ ယင်းစျေးနှုန်းမှာ နေရာဒေသပေါ်မူတည်ပြီး စျေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်းလည်းသိရသည်။ ပြည်တွင်းစားသုံးသည့် ပဲကြီး၊ ကုလားပဲ၊ စားတော်ပဲများမှာ အထွက်နှုန်းနည်းနေသည့်အတွက် စျေးများပြန်လည်တက်နေ ကြောင်းလည်း ကုန်သည်များထံမှသိရသည်။
⏭လက်ရှိ သင်္ကြန်ပိတ်ရက်ဖြစ်နေသော်လည်း ပဲများလိုက်လံဝယ်ယူမှုများရှိကာ စျေးကွက်သွက်နေ ကြောင်းလည်း သိရသည်။ “စျေးကွက်ထဲမှာ ပဲတွေအရောင်းသွက်နေတယ်။ ပဲကလဲ အကြောင်း အမျိုးမျိုးကြောင့် အထွက်နည်းခဲ့တာဆိုတော့။ အဓိက အိန္ဒိယဘက်ကအမြဲလိုနေတော့ ပဲစျေးကကျလဲ ခဏပဲ” ဟု ပြည်မြို့မှ ပဲကုန်သည်တစ်ဦးက ပြောသည်။ နောက်ပိုင်း ပဲစျေးကွက်တွင် မတ်ပဲမှာ အများကြီးမတက်နိုင်သော်လည်း ပဲစင်ငုံးမှာ ထပ်မံ တက်လာနိုင်ကြောင်း သုံးသပ်ကြသည်။
⏭အိန္ဒိယမှ (Free Import Policy) လွတ်လပ်စွာတင်သွင်းခွင့် ကို ၂၀၂၂ မတ်လ (၃၁) ရက်နေ့ အထိ သက်တမ်းထပ်တိုးပေးထာရာ သက်တမ်းကုန်သွားပြီဖြစ်၍ ထပ်မံ၍ တစ်နှစ်ထပ်တိုးပေးထားကြောင်း လည်း ကုန်သည်များထံမှ သိရသည်။
⏭အိန္ဒိယအစိုးရ အနေဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှစတင်ကာ ပြည်ပမှပဲတင်သွင်းမှုကို ကိုတာ(ခွဲတန်း) စနစ် နှင့် ပမာဏကန့်သတ် တင်သွင်းစေခဲ့ပြီးအိန္ဒိယနိုင်ငံအတွင်း ပဲလိုအပ်ချက်များပြားနေသောကြောင့် အဆိုပါ ကိုတာစနစ်ကို ယခုနှစ်မှာ ပယ်ဖျက်ပေးလိုက်ကာ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း သုံးမျိုး ကို အကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းခွင့်ကို ကာလသတ်မှတ် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
⏭ထို့အပြင် G to G MOU အရ ၂၀၂၁ မှ ၂၀၂၆ အထိ (၅) နှစ်တာ သဘောတူလက်မှတ်ရေးထိုးမှုအရလည်း မတ်ပဲ တစ်နှစ်လျှင် တန်ချိန် (၂.၅) သိန်း နှင့် ပဲစဥ်းငုံတန်ချိန် (၁) သိန်း ကိုလည်း နှစ်စဉ်တင်ပို့နေနိုင်မှာ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ပဲဈေးကွက်အတွက်မှာ အလားအလာကောင်း အနေအထားတွင် ရှိ ကြောင်း ကုန်သည်များက သုံးသပ်ကြသည်။
⏭မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့် ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းစျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့်အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒအပေါ်မှာ သပ်ရောက်ခြင်းလည်းရှိကြောင်းသိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယ အပါအဝင် တရုတ်၊ သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံတွေကို ပဲမျိုးစုံ တင်ပို့နေပြီး (၇၅) ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေကြောင်းသိရသည်။ ပဲမျိုးစုံကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြသည်။
⏭သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News