menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သင်္ကြန်ပိတ်ရက်များအလွန် ပို့ကုန်ပဲနှင့် ပြည်တွင်းသုံးကုလားပဲ ဈေးကွက်အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
↗️ ပဲ၊နှမ်း ဈေးကွက်ရပ်နားထားရာမှ ပြန်လည်ဖွင့်လှစ်သည်နှင့် အိန္ဒိယဝယ်လိုအား ကောင်းလာတာကြောင့် ပို့ကုန်ပဲနှင့် ပြည်တွင်းသုံးကုလားပဲများ ဈေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံက သိရသည်။
↗️ ဧပြီလဆန်းပိုင်းမှစတင်ပြီး ပို့ကုန်ပဲများအပါအဝင် ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးကျဆင်းသွားရာမှ သင်္ကြန်ကာလအပြီး ဈေးကွက်ပြန်လည်ဖွင့်လှစ်သည်နှင့် ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးမြင့်တက်လာပြီး အိန္ဒိယဝယ်လိုအားကောင်းလာတာကြောင့် ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက်လာသော်လည်း တရုတ်လိုင်းပို့ကုန်ဖြစ်သည့် ပဲတီစိမ်းနှင့် နှမ်း၊ မြေပဲမှာ ပုံမှန်သာအရောင်းအဝယ်ရှိပြီး ပြည်တွင်းသုံးပဲမာလိုင်းအုပ်စုမှာ ဈေးအနည်းငယ်ကျဆင်းနေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
↗️ “ပဲ၊ နှမ်းဈေးကွက်ပြန်စတာနဲ့ ပြည်တွင်းသုံးကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀ ထိ ဈေးမြင့် တက်လာတယ်။ ပို့ကုန်မတ်ပဲ တစ်အိတ်ကို ငွေကျပ် ၂၀၃,၀၀၀၊ ပဲစင်းငုံတစ်အိတ်ကို ငွေကျပ် ၂၂၈,၀၀၀၊ ပဲတီစိမ်းကတော့ တစ်အိတ်ကို ငွေကျပ် ၂၂၀,၀၀၀ ဝန်းကျင် ဈေးမြင့်တက်လာပါတယ်၊ အခြား ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ဈေးငြိမ်နေပါတယ်၊ နှမ်းနှင့်မြေပဲ ပေါက်ဈေးက ပုံမှန်သာရှိပါတယ်။ ပို့ကုန်ပဲတွေက သင်္ကြန်တွင်းကာလကတည်းက ဝယ်လိုအားရှိနေတာဖြစ်ပြီး ဈေးကွက်ဖွင့်ဖွင့်ချင်း ဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းသုံး ကုလားပဲများလည်း ဈေးကွက်အတွင်း အဝင်နည်းလာလို့ ဈေးမြင့်တက်လာတာပါ၊ လက်ရှိ အမြင့်ဈေးတွေနဲ့ အရောင်းအဝယ်ခပ်သွက်သွက်ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
↗️ ဧပြီ(၂၀)ရက်တွင် ဈေးမြင့်တက်လာသည့် ပို့ကုန်မတ်ပဲ (သစ်)၆၀ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၀၃,၀၀၀၊ ပဲစင်းငုံ (သစ်) ၆၀ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၂၉,၀၀၀(ရောင်း)၊ ငွေကျပ် ၂၂၈,၀၀၀ (ဝယ်)၊ ပဲတီစိမ်းရွှေဝါ (သစ်) ၅၆ ဒဿမ ၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၂၂၀,၀၀၀ ပေါက်ဈေးသာရှိပြီး တစ်အိတ်လျှင် ငွေကျပ် ၁၀,၀၀၀ ခန့် ဈေးပြန်မြင့်တက်သွားကြောင်း မန္တလေး ကုန်စည်ဒိုင် ပေါက်ဈေးများအရသိရသည်။
↗️ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေရာမှ သင်္ကြန်ကာလအပြီး ဈေးကွက် စတင်တာနှင့် အရောင်းအဝယ်ခပ်သွက်သွက် ပြန်လည်ဖြစ်လာရာ ဧပြီ (၂၀)ရက်တွင် ကုလားပဲ V2 တစ်အိတ်မှာ ငွေကျပ်၂၂၀,၀၀၀၊ ပဲကြီး တစ်အိတ်ငွေကျပ် ၂၄၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ငွေကျပ် ၂၄၂,၀၀၀၊ မြေထောက်ပဲတစ်အိတ် ငွေကျပ်၂၉၀,၀၀၀၊ မြေပဲအနီလုံးဆန်တစ်ပိဿာ ငွေကျပ် (၇,၀၀၀ -၇၃၀၀) ပေါက်ဈေးရှိကြောင်းသိရသည်။ အိန္ဒိယဝယ်လိုအားနှင့် FOB ဈေးမြင့်တက်လာတာကြောင့် လည်း ပို့ကုန်ပဲ၊နှမ်းဈေးကွက် ဈေးမြင့်တက်လာခြင်းဖြစ်သည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း