menu

ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းပေးရန် “အီမာလန်ဒါ ၁၅ ဒဗလျူပီ”




မကြာမီကာလတွင် ပဲမျိုးစုံစိုက်ပျိုးကြမည့် တောင်သူဦးကြီးတို့၏ ပဲမျိုးစုံ စိုက်ခင်းများတွင်ကျရောက်လာနိုင်သည့် ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းပေးရန် “အီမာလန်ဒါ ၁၅ ဒဗလျူပီ” ကို ဝိစာရ မှထုတ်လုပ်ထားပါသည်။ 

 🐛🐛🐛🐛🐛🐛🐛🐛🐛🐛 

 ✅အီမာလန်ဒါ ၁၅ ဒဗလျူပီ✅ 

 ✅Ema Landa 15 WP✅ 
 Emamectin benzoate 5% + Lambda-cyhalothrin 10% 

 🔹အီမာလန်ဒါ သည် Micro-organism derived (ဇီဝပိုးသတ်ဆေး) ဆေးအုပ်စုနှင့် Pyrethroid ဆေးအုပ်စုနှစ်မျိုး ပေါင်းစပ်ထားပြီး ဓာတုဗေဒဆေးအုပ်စုများကိုခံနိုင်ရည်ရှိနေသောဖျက်ပိုးများကိုထိရောက်စွာ ကာကွယ် နှိမ်နင်းနိုင်ပါသည်။ 

🔹အထူးသဖြင့် ပဲမျိုးစုံတွင်ကျရောက်တတ်သည့် ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ မွှားပင့်ကူနီ၊ ပျ နှင့်ဖြုတ်ပိုးများကို ကောင်းစွာနှိမ်နင်းနိုင်ပါသည်  

🔹အီမာလန်ဒါ သည် ထိသေစားသေနှင့်ထိုးဖောက်စိမ့်ဝင် အစွမ်းအာနိသင်ရှိပြီး Lambda-cyhalothrin သည် ဖျက်ပိုးများကို ချက်ချင်း ပြုတ်ကျသေစေနိုင်ပါသည်။ ဆေးဖျန်းပြီးနောက်နာရီဝက်အတွင်း ဆေးအာနိသင်သည် သီးနှံပင်၏ရွက်လွှာများအတွင်းသို့ ထိုးဖောက်စိမ့်ဝင်ရောက်ရှိနိုင်သည်။ 

🔹နောက်တစ်ကြိမ်ပိုးကျရောက်မှုကိုလည်းကာကွယ် တားဆီးထားနိုင်သည်။ 

🔹အခြားဖျက်ပိုးများဖြစ်သော ရွက်စားပိုး၊ ခူမွှေးရှည်၊ ရွက်ဖောက်ကျိုင်း၊ စိန်ကွက်ဖလံ၊ ရွက်ထွင်းပိုး တို့ကိုလည်း ဆေးနှုန်းထား အနည်းငယ်ဖြင့်ကာကွယ်နှိမ်နင်းနိုင်ပါသည်။ 

🔹ဆေးနှုန်းထားအနည်းငယ်မျှသာ အသုံးပြုရ၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလည်းနည်းပါးစေပါသည်။

🔹သုံးစွဲရမည့်ဆေးနှုန်းထားမှာ ရေ( ၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅-၁၀)ဂရမ်၊ တစ်ဧကလျှင် ( ၂၅-၅၀)ဂရမ်နှုန်း ဖြစ်ပါသည်။

🔹ဝိစာရ၏ တောင်သူဦးကြီးများဖျက်ပိုး၊ ရောဂါ ကင်းစင်၍ အထွက်နှုန်းတိုးမည့် ပဲစိုက်ခင်းများပိုင်ဆိုင်နိုင်ကြပါစေ။

 ✅ စစ်မှန် ပြည့်ဝ ဝိစာရ ✅