menu

ဖျက်ပိုးများကို ပုံစံအသစ်ဖြင့် နှိမ်နင်းပေးမည့် အဆင့်မြင့်ပိုးသတ်ဆေး



 🌾🕷🌿🐛🎋🦗🍀🌾🕷🌿🐛🎋🦗🍀 

 🛑မိုက်အိုကေ ၁၀၀ အီးစီ (MIKE OK 100 EC )🛑

 ✔️"မိုက်အိုကေ" တွင်အစွမ်းရှိပစ္စည်းHexythiazox 80 g/l + Chlorfenapyr 20 g/l ပါဝင်ပါသည်။ 
 
 ✔️“မိုက်အိုကေ”သည် အစွမ်းထက်ဆေးအုပ်စုအသစ်နှစ်မျိုး ပေါင်းစပ်ထားပြီး ဖျက်ပိုးများ၏ ကြီးထွားမှုနှင့် အရေခွံလဲမှုကိုထိန်းချုပ်ပြီး ပိုးကောင်များကိုနှိမ်နင်းသည့်အပြင် ပိုးကောင်၏အစာစားမှုကို ရပ်ဆိုင်းစေသဖြင့် သီးနှံပျက်စီးမှုနည်းစေသည့် ပိုးသတ်ဆေးဖြစ်ပါသည်။

 ✔️“မိုက်အိုကေ” သည် ထိသေ စားသေအာနိသင်အပြင် ထိုးဖောက်စိမ့်ဝင်အာနိသင်အလွန်ကောင်းပြီး ပိုးဥများကိုပါသတ်နိုင်သော အာနိသင်လည်းရှိပါသည်။

 ✔️“မိုက်အိုကေ”သည် ဖျက်ပိုးမျိုးစုံကိုနှိမ်နင်းနိုင်ပြီး မွှားနှင့်မွှားပင့်ကူအမျိုးမျိုးကို အထူးထိရောက်စွာ နှိမ်နင်းနိုင်ပါသည်။ ထို့ပြင်သီးနှံပင်များတွင် အဓိကကျရောက်ဖျက်ဆီးတတ်သော ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ခေါင်ညွန့်ထိုးပိုး၊ စိန်ကွက်ဖလံ၊ ယင်ဖြူပိုးမမည်လောက်ကောင်၊ ပျပိုးနှင့် ဖြုတ်ပိုးတို့ကိုလည်း သုတ်သင်နှိမ်နင်းနိုင်ပါသည်။

 ✔️“မိုက်အိုကေ”၏ဆေးအာနိသင်သည် သီးနှံပင်အစိတ်အပိုင်းအသီးသီးတွင် တာရှည်ခံသဖြင့် ဆေးဖျန်း ရသည့်အကြိမ် လျှော့ချနိုင်ပြီးအင်းဆက်ပိုးများ ဆေးယဉ်ပါးလာခြင်း၊ ဆေးပြီးခြင်းများကို တားဆီးနိုင်ပါသည်။

 ✔️“မိုက်အိုကေ”သည် သာမန်အခြေအနေတွင် သီးနှံပင်များကို လောင်ကျွမ်းစေမှုမရှိသည့်အပြင် အခြားဆေးများနှင့် ရောစပ်အသုံးပြုနိုင်ခြင်း၊ မိတ်ဆွေပိုးများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။

 ✔️ပက်ဖျန်းအသုံးပြုနိုင်သည့်သီးနှံများမှာ စပါး၊ ပဲအမျိုးမျိုး၊ ဝါ၊ ရှောက်၊သံပုရာ၊ ခရမ်း၊ ဂေါ်ဖီနှင့် မုန်ညင်းမုန်လာ မျိုးရင်းဝင်ဟင်းသီးဟင်းရွက်များဖြစ်သည်။

 ✔️အသုံးပြုရမည့်ဆေးနှုန်းထားမှာ ရေ(၂၀)လီတာဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၅၀-၇၅)စီစီ နှုန်းဖြစ်ပြီး မွှားပင့်ကူအမျိုးမျိုးကိုနှိမ်နင်းရာတွင် (၁၀၀-၁၅၀)စီစီ နှုန်းထည့်သွင်းရန်ဖြစ်ပါသည်။  

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰