menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကပ္ပလီပင်လယ်ပြင်ရှိ လေပွေလှိုင်းကြောင့် လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်
🌾🌧🌿⛈🍃⚡️☘️🌩🍀🌨🎋
➡️ အောက်တိုဘာလ ၈ ရက်က ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့ပြီး ကပ္ပလီပင်လယ်ပြင်တွင် လေပွေလှိုင်းအဖြစ် အားပျော့သွားသော်လည်း အဆိုပါလေပွေလှိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ၉ရက်တွင် ထုတ်ပြန်သည်။အဆိုပါလေပွေလှိုင်းသည် အောက်တိုဘာလ ၉ ရက် နေ့လယ်ပိုင်းတွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။
➡️ လေပွေလှိုင်း၏အရှိန်ကြောင့် အောက်တိုဘာ ၉ ရက် နံနက်မှ အောက်တိုဘာ ၁၃ ရက် အတွင်း ပဲခူး ၊ ရန်ကုန်၊ ဧရာဝတီ နှင့် တနင်္သာရီတိုင်းဒေသကြီးများ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
➡️ မိုးသည်းထန်စွာ ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများက မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများက ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိထားရန် အကြံပြုထားသည်။
➡️ "အထူးသဖြင့် တနင်္သာရီတိုင်းက မိုးကြီး၊ မြေပြိုနိုင်တယ်။ ဒါ့ပြင် တချို့မြစ်ငယ်ချောင်းငယ်တွေမှာ ရေပြည့် ရေလျှံတာ ဖြစ်လာနိုင်တယ်"ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာကျော်မိုးဦးက ပြောသည်။မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေ မှ ၁၁ ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ပံဆင့်အောင်
The Farmer Media