menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြံတစ်တန် ကျပ်ငါးသောင်းပေးဝယ်မည်ဖြစ်ကြောင်း ထုတ်ပြန်လာ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
⏩ပြည်တွင်းသကြားစျေးများ စံချိန်တင်မြင့်တက်လာခြင်းနှင့်အတူ ကြံတစ်တန်လျှင် ကျပ် ၅၀,၀၀၀ အခြေခံစျေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
⏩ပြည်တွင်းသကြားစျေးများ သြဂုတ်လဆန်းပိုင်းမှ စတင်ကာ တဖြေးဖြေး မြင့်တက်လာရာ လက်ရှိအချိန်တွင် တစ်ပိဿာကျပ် ၁,၆၀၀ စျေးထိ မြင့်တက်လာသကဲ့သို့ လာမည့်ကြံရာတွင် ကြံ တစ်တန်ကျပ် ၅၀,၀၀၀ စျေးဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ၊ ကြံစိုက်တောင်သူများ အနေဖြင့်တစ်ဧက အထွက်နှုန်းကောင်းစေရန် အလေးထားဆောင်ရွက်ရန်တိုက်တွန်းကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ငွေရည်ပုလဲ သကြားကုမ္ပဏီက သြဂုတ်လ ၃၀ ရက်က ကြံစိုက်တောင်သူများထံ အသိပေးခဲ့ကြောင်း ကြံသကြား လုပ်ငန်းရှင် ဦးဝင်းဌေး က ပြောသည်။
⏩“ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ငွေရည်ပုလဲ သကြားစက်ကနေ စက်ရုံအရောက်စျေး ကြံတစ်တန် ကျပ် ၅၀,၀၀၀ သတ်မှတ်လိုက်တာပါ။ လက်ရှိသကြားပေါက်စျေးပေါ် မူတည်ပြီးလာမယ့် ကြံရာသီမှာဝယ်ယူမည့် စျေးကိုထုတ်ပြန်ပေးတာဖြစ်ပေမယ့် သကြားစျေးတက်ရင် ဆက်လက် တိုးမြှင့်ပေးသွားမှာပါ။ မနှစ်ကကြံတစ်တန် ကျပ် ၄၅,၀၀၀ သတ်မှတ်ခဲ့ပေမယ့်၊ ကြံရာသီကုန်ကာနီး သကြားစျေးတက်လာတော့ တောင်သူတွေကို တစ်တန်ကို ကျပ် ၂,၀၀၀ တိုးပေးခဲ့ပါတယ်”ဟု ၎င်းကပြောသည်။
⏩လက်ရှိပြည်တွင်းသကြားစျေး မြင့်နေတော့ ပြည်တွင်းကြံတောင်သူတွေကို ကြံတစ်တန် ကျပ် ၅၀,၀၀၀ အောက်ခံနဲ့ တွက်ပေးသင့်ပါတယ်။ တောင်သူတွေ အနေနဲ့ မိုးရေသောက်ထားရပြီဖြစ်တော့ ပေါ်င်းရှင်း မြေဆီကျွေးလိုက်ရင် ကြံတစ်ဧက ကို ကြံတန်ချိန် ၂-၃ တန်လောက် တိုးထွက်လာနိုင်ပါတယ်။ လက်ရှိမှာ ပေါင်းသတ်ဆေး ၊မြေသြဇာ စျေးနှုန်းတွေက မြင့်တက်နေတော့ တောင်သူတွေအတွက် အခက်ခဲရှိနိုင်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
⏩လက်ရှိရောင်းချနေသော ပေါင်းသတ်ဆေးစျေး ၊မြေဆီစျေးများမှာ ယခင်နှစ်ထက် စျေးမြင့်တက်နေပြီး အရည်အသွေး မပြည့်မီသည့် မြေဆီများလည်း ရှိလာသဖြင့် သက်ဆိုင်ရာဌာနများကစစ်ဆေး ကြပ်မတ်ရန် လိုအပ်ကြောင်း ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။“မြေသြဇာစျေးတွေမြင့်တက်လာတာက တစ်မျိုး ၊ အရည်အသွေးမမီတာက ရှိလာပါတယ်။ လက်ရှိမှာ နိုင်ငံခြားကနေ တင်သွင်းမှု အခက်အခဲ တွေရှိတော့ ယခင်တစ်အိတ်ကို နှစ်အိတ်ပွားတာတွေ ရောနှောတာတွေ ရှိလာတာက ပြဿနာပါ။ နိုင်ငံခြားက တင်သွင်းစဉ်ကတော့ အရည်အသွေး စစ်ဆေးပြီး တင်သွင်းတာမှန်ပေမယ့် ပြည်တွင်းစျေးကွက်ရောက်တဲ့အခါ အရည်အသွေးလျော့ကျကုန်တာကို သေချာစစ်ဆေးပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။
⏩ကြံစိုက်တောင်သူများအနေဖြင့် သြဂုတ်လ၊ စက်တင်ဘာ လများတွင် ကြံစိုက်ခင်းအတွင်း ပေါင်းရှင်းခြင်း၊ မြေဆီကျွေးခြင်း ၊စိုက်ပျိုးဘောင်များပြုပြင်ခြင်းများကို အချိန်မှီဆောင်ရွက်မှသာ ကြံအထွက်နှုန်း ကောင်းမွန်ကြောင်း ၊သို့ဖြစ်၍ လက်ရှိအချိန်တွင် ပေါင်းသတ်ဆေး ၊မြေဆီများကို စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရကြောင်းလည်းသိရသည်။
Sources : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)