menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကြူကုတ်ကြက်သွန်ဖြူ စျေးကျလာပေမယ့် ရှမ်းကြက်သွန်ဖြူ အမြင့်စျေးတန်းမှာရှိနေ
🧄🧄🧄🧄🧄🧄🧄🧄🧄🧄
✔️ ကြူကုတ်ကြက်သွန်ဖြူစျေး ဆက်တိုက်ကျလာပေမယ့် ပြည်တွင်းကထွက်တဲ့ ဒေသအခေါ်ရှမ်းကြက်သွန်ဖြူကတော့ လက်ကျန်နည်းလာတာကြောင့် စျေးတွေကအမြင့်စျေးတန်းမှာပဲ ရှိနေတယ်လို့ ရှမ်းတောင်ကုန်သည်တွေဆီကသိရပါတယ်။ တရုတ်ကနေ ကြူကုတ်ကြက်သွန်ဖြူအဝင်နည်းတာကတစ်ကြောင်း၊ ပြည်တွင်းမှာ ရှမ်းကြက်သွန်ဖြူလက်ကျန်နည်းလာချိန် အဝယ်ရှိနေတာတွေကြောင့် ရှမ်းကြက်သွန်ဖြူစျေးက မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။
✔️ "ကြက်သွန်ဖြူက နှောင်းပိုင်းရောက်လာတော့ ပစ္စည်းကရှားသွားတယ်။ နည်းသွားတယ်ပေါ့။ ပစ္စည်းနည်းနေတဲ့အချိန်မှာ ဝယ်လိုအားလေးကရှိနေတော့ ပစ္စည်းကမရှိတော့ စျေးကတက်လာတဲ့သဘောပါ။ စျေးကတော့ထပ်တက်လာမယ့်အခြေအနေရှိသေးတယ်" လို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ရှမ်းတောင်သူသီးနှံပွဲရုံပိုင်ရှင် ကိုမိုက်ကယ်က သုံးသပ်ပြောပါတယ်။
✔️ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ အောင်ပန်းထူး (၁) တစ်ပိဿာကို ၁၄,၀၀၀ ကျပ်၊ အောင်ပန်းထူး (၂) တစ်ပိဿာကို ၁၅,၀၀၀ ကျပ်၊ အောင်ပန်းထူး (၃) တစ်ပိဿာကို ၁၅,၈၀၀ ကျပ်၊ အောင်ပန်းထူး (၄) တစ်ပိဿာ ၁၆,၀၀၀၊ အောင်ပန်းထူး (၅) တစ်ပိဿာကို ၁၇,၀၀၀ ကျပ်၊ ဥတစ်လုံး (ဧရာမဆိုဒ်အလွန်) တစ်ပိဿာကို ၂၅,၀၀၀ ကျပ်၊ ဥတစ်လုံး အလတ်ဆိုဒ်က ၂၀,၀၀၀ ကျပ်၊ ဥတစ်လုံး အသေးဆိုဒ်က ၁၈,၀၀၀ ကျပ် ရှိပြီး ကြူကုတ်က ၁၁,၀၀၀ မှ ၁၂,၀၀၀ ကျပ်အထိရှိပါတယ်။
✔️ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ်ရှယ်ကြက်သွန်ဖြူတစ်ပိဿာကို ၉,၅၀၀ မှ ၉,၈၀၀ ကျပ်သာရှိပြီး ရှမ်းပြည်နယ်ထွက် အောင်ပန်းထူး(၂) ကတစ်ပိဿာ ၁၅,၀၀၀ ကျပ်၊ အောင်ပန်းထူး(၃) ကတစ်ပိဿာကို ၁၅,၈၀၀ ကျပ်၊ အောင်ပန်းထူး (၄) တစ်ပိဿာကို ၁၆,၃၀၀ ကျပ်၊ အောင်ပန်းထူး (၅) တစ်ပိဿာ ကို ၁၆,၈၀၀ ကျပ် စျေးရှိပါတယ်။
✔️ အောက်တိုဘာလနောက်ပိုင်းကစပြီး နိုဝင်ဘာလမှာဖြစ်ပေါ်ခဲ့တဲ့ ကြူကုတ်ကြက်သွန်ဖြူစျေးထက် လက်ရှိမှာကြူကုတ်က တစ်ပိဿာကို ၁၅,၀၀၀ လောက်အထိပြန်ကျလာပေမယ့် ဒေသဥကတော့ အဲ့ဒီအချိန်ကထက်နှစ်လအတွင်းမှာ တစ်ပိဿာကို ၅,၀၀၀ ကျပ်လောက်အထိ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။
✔️ လက်ရှိမှာ ရှမ်းပြည်နယ်ကထွက်တဲ့ကြက်သွန်ဖြူကို ရန်ကုန်၊ မန္တလေး ၊ ဧရာဝတီတိုင်း စျေးကွက်တွေကိုသာအဓိကတင်ပို့ရောင်းချနေရပြီး ကျန်တဲ့ဒေသအများစုကတော့လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာတွေကြောင့် တင်ပို့မှုလုံးဝမရှိတဲ့နေရာရှိသလို တင်ပို့မှုအနည်းငယ်သာရှိတဲ့နေရာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ရှမ်းကြက်သွန်ဖြူအသစ်တွေက လာမယ့် ဧပြီလလောက်မှာ စတင်ရိတ်သိမ်းရမှာဖြစ်ပြီး အသစ်ပေါ်ချိန်ရောက်မှသာ စျေးတန်းက ပြန်လည်ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေကသုံးသပ်ပါတယ်။
✔️ သီးနှံ၊ ဈေးကွက် သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ချစ်ခွန်းချို (AMIA)