menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကုလားပဲဈေးကောင်းရနေသဖြင့် တောင်သူများ ပိုမိုစိုက်ပျိုးလာ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
↗️ကုလားပဲမှာ အဓိကအားဖြင့် ပြည်တွင်းဝယ်လိုအားကောင်းသောကြောင့် ၂၀၂၁ ခုနှစ်က သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅၀,၀၀၀ ၀န်းကျင်ရှိရာက၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ဈေးမြင့်လာပြီး လက်ရှိတွင် ငွေကျပ် ၁၉၀,၀၀၀ ၀န်းကျင်ပေါက်ဈေးရှိရာ ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများလာကြောင်း ပဲကုန်သည်တစ်ဦး က ပြောသည်။
↗️ကုလားပဲသီးနှံကို မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမှုများပြားပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၌ ကုလားပဲစိုက်ပျိုးမှုတွင် ၂၀၂၂-၂၀၂၃ ခုနှစ် လျာထားချက်မှာ ဧကပေါင်း ၂၂၀၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။
↗️“ဆောင်းသီးနှံကုလားပဲက အောက်တိုဘာ၊ နိုဝင်ဘာမှာ စိုက်နေကြပြီ။ ကုလားပဲ၀ယ်လိုအားကောင်းလို့ ဈေးမြင့်လာတာပါ။ ဒီနှစ်မှာ ကုလားပဲဈေးက သုံးတင်းတစ်အိတ်ကို ငွေကျပ် ၁၈၀,၀၀၀ ၀န်းကျင် ရှိနေတော့ ဈေးကောင်းရလို့ စိုက်ပျိုးသူများလာတယ်။ အတန်းလိုက်စိုက်ပျိုးတာနဲ့ ကြဲပက်စိုက်ပျိုး ကြတယ်” ဟု ၎င်းက ပြောသည်။
↗️မန္တလေးကုန်စည်ဒိုင်တွင် ဒီဇင်ဘာ(၁၂)ရက်က ကုလားပဲပေါက်ဈေးမှာ သုံးတင်းတစ်အိတ်လျင် (V-2) ကုလားပဲနှင့် (V-7) ကုလားပဲမှာ ငွေကျပ် ၁၉၂,၀၀၀ - ၁၉၅၀၀၀၊ V-9 ကုလားပဲမှာ ငွေကျပ် ၁၆၈,၀၀၀ ဖြစ်ကြောင်း၊ ယမန်နှစ်က သွင်းအားစုဈေးနှုန်းမြင့်မားခြင်းနှင့် အလုပ်သမားရှားပါးမှုကြောင့် အချို့မှာ စိုက်ပျိုးနိုင်မှုမရှိ၍ လျာထားချက်ထက်အနည်းငယ်လျော့နည်းခဲ့ကြောင်း သိရသည်။
↗️“မနှစ်က ကုလားပဲဈေး သုံးတင်းတစ်အိတ်ကို ငွေကျပ် ၁၅၀,၀၀၀ ၀န်းကျင်ပါ။ ဒီနှစ် နှစ်ဆန်းပိုင်းကစလို့ ဈေးမြင့်လာခဲ့ရာက ငွေကျပ် ၁၉၀,၀၀၀ ၀န်းကျင်ဖြစ်လာတယ်။ အခြားပဲမျိုးစုံလည်း စိုက်ပျိုးကြပေမယ့် ဈေးကောင်းရနေတဲ့ တောင်သူအများစုက ကုလားပဲကိုပိုပြီးစိုက်ပျိုးလာကြတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
↗️ယမန်နှစ်က ကုလားပဲစိုက်ပျိုးမှုတွင် ဧကပေါင်း ၂၂၀,၀၀၀ ကျော် လျာထားသည့်အနက် ဧကပေါင်း ၂၁၇,၀၀၀ ခန့်စိုက်ပျိုးခဲ့ပြီး၊ ယခုနှစ် ဒီဇင်ဘာဒုတိယပတ်အတွင်း ဧကပေါင်း ၇၂,၆၀၀ ကျော်စိုက်ပျိုးပြီး စီးပြီဖြစ်ရာ နွားထိုးကြီး နှင့် မြစ်သားမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်းသိရသည်။
Sources : ရွှေမန်း