menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ကုလားပဲဈေးမြင့်တက်သော်လည်း ပို့ကုန်ပဲများနှင့် အခြား ပဲ၊ နှမ်းများ ပုံမှန်သာအရောင်းအဝယ်ရှိနေ"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️
ပို့ကုန်ကုလားပဲဈေး မြင့်တက်သော်လည်း ပို့ကုန်ပဲများနှင့် အခြားပဲ၊ နှမ်းများ ပုံမှန်သာ အရောင်းအဝယ်ရှိနေကြောင်း ပဲကုန်သည်များထံက သိရသည်။ မန္တလေးကုန်စည်ဒိုင်မှ ပွဲစား ကုန်သည်များ ရေဘေးသင့်ဒေသများသို့ သွားရောက်ကူညီနေမှုများကြောင့် ပဲ၊နှမ်းဈေးကွက်တွင် အရောင်းအဝယ်အနည်းငယ်အေးနေခြင်းလည်းဖြစ်သည်။ လာမည့်ဆောင်းစိုက်ရာသီအတွက် ပွဲရုံများက တောင်သူများအတွက် မြေပဲနှင့်ပဲမျိုးစုံ မျိုးစေ့အဝယ်ရှိလာသည်။
✔️ ပို့ကုန်ကုလားပဲ V7 တစ်မျိုးသာ ဈေးဆက်လက်မြင့်တက်လာသော်လည်း ကျန်ပို့ကုန်ပဲများနှင့် ပဲမာလိုင်းများမှာ ပုံမှန်သာအရောင်းအဝယ်ဖြစ်နေကြောင်း၊ ကုန်စည်ဒိုင်တွင် အရောင်းသမားကလည်း ပုံမှန်သာရှိနေသလို အဝယ်သမားကလည်းအတင်းလိုက်ဝယ်တာမျိုးမရှိ၊ လိုရောင်းလိုဝယ်ဈေးကွက်နဲ့သာ ငွေပေးချေမှုအပေါ်မူတည်ပြီး အရောင်းအဝယ်ပုံမှန်တန်းသာရှိနေကြောင်း၊ လက်ရှိအချိန်တွင် ဆောင်းစိုက်ရာသီအတွက် မြေပဲအပါအဝင် ပဲမျိုးစုံ မျိုးဈေးကွက်အရောင်းအဝယ်ရှိလာကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
✔️ "ပဲမျိုးစုံဈေးကွက်က ရေဘေးကူညီရေးတွေ ကူကြသွားကြနဲ့ မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ်ပုံမှန်သာရှိပါတယ်။ ပြည်တွင်းသုံးကုလားပဲတွေကတော့ လိုရောင်းလိုဝယ်လောက်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ လက်ရှိဈေးကွက်မှာက အဝယ်သမားကလည်းပုံမှန်ဝယ်သလို အရောင်းသမားကလည်း အတင်းလိုက်ရောင်းတာမျိုးမရှိဘူး။ ဈေးကွက်တစ်ခုလုံး ခပ်ငြိမ်ငြိမ်လေးရှိနေပါတယ်။ ငွေပေးချေမှုအပေါ်မှာမူတည်ပြီး အရောင်းအဝယ်ဖြစ်နေတဲ့ပုံစံမျိုးပါ။ ဒီရက်ပိုင်းမှာ ပွဲရုံတွေက တောင်သူတွေအတွက်ပဲမျိုးစုံမျိုးဝယ်ယူပေးနေတာတွေရှိလာပါပြီ။ မျိုးဈေးတန်းကတော့ အမြင့်ဈေးတန်း ဖြစ်လာပါတယ်။ ပို့ကုန်ပဲတွေရော ပဲမာလိုင်းတွေရော ဈေးတန်းကငြိမ်နေပါတယ်" ဟု ၎င်းကပြောသည်။
✔️ စက်တင်ဘာ(၂၆)ရက်တွင် ပို့ကုန်မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ မတ်ပဲ(ရေသွင်း)တစ် အိတ်လျှင် ငွေကျပ် ၃၈၅,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၄၅၀,၀၀၀ - ၄၆၀,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀ ပေါက်ဈေးရှိနေသည်။
✔️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဆက်လက်ဈေးမြင့်တက်လာရာ စက်တင်ဘာ(၂၆)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၃၁၃,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၃,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ်၂၉၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
✔️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ အရောင်းအဝယ်ပုံမှန်သာရှိနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀ - ၄၀၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၅၅၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံတစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ - ၈,၂၀၀၊ မျိုးမြေပဲတစ်ပိဿာ ၈,၄၀၀ - ၈,၅၀၀ ပေါက်ဈေး ရှိနေသည်။
✔️ ပြည်တွင်းမြေပဲဆန်ဈေးကွက်မှာ အထက်အောက် မြေပဲဆံများ မန္တလေးဈေးကွက်တွင် အဝင်ဆုံနေသောကြောင့် အနည်းငယ်ဈေးကျဆင်းသလို ပြည်တွင်းပဲဆီဈေးနှုန်းလည်း လိုက်ပါကျဆင်းနေခြင်း ဖြစ်သည်။
✔️ စက်တင်ဘာ(၂၆)ရက်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ပုံမှန်သာရှိနေရာ နှမ်းဖြူ(ရိုးရိုး)၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀၊ နှမ်းနက်(စမုံ) ၄၅ပိဿာတစ်အိတ်လျှင် ငွေကျပ် ၅၉၀,၀၀၀ - ၆၀၀,၀၀၀၊ အက်စစ်လွတ်တစ်အိတ်လျှင် ငွေကျပ် ၆၅၀,၀၀၀ - ၆၈၀,၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)