menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ကုလားပဲသစ်များ ဝယ်လိုအားကောင်းနေသည့် ပဲမျိုးစုံဈေးကွက်အခြေအနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅ကုလားပဲအုပ်စုပဲသစ်များ အိတ်ရေထောင်ချီဝင်ရောက်လာသော်လည်း ဈေးကျဆင်းမှုမရှိဘဲဝယ်လို အားကောင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။
✅ပဲသစ်ရာသီအသစ်ဝင်ပဲများ ပမာဏများများဝင်ရောက်မှုရှိလျှင် ဈေးကွက်ပေါက်ဈေး အနည်းငယ် ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်တွင်းပဲကုန်သည်များ ငွေမကိုင်ထားလိုဘဲ ပစ္စည်းသာကိုင် ထားလိုကြသဖြင့် ဈေးကွက်အတွင်း အသစ်ဝင်သလောက် ဝယ်လိုအားကောင်းနေခြင်းဖြစ်သည်။ ကုလားပဲအုပ်စုပဲများ အသစ်ဝင်သလောက်ဝယ်လိုအားကောင်းနေကြောင်း၊ အခြားပို့ကုန်ပဲများလည်း ပုံမှန်အမြင့်ဈေးဖြင့် အဝယ်ကောင်းနေကြောင်း မြေထောက်ပဲများ တစ်အိတ် ငွေကျပ် ၂၉၀,၀၀၀ ခန့် ပေါက်ဈေးဖြင့် စံချိန်တင်အကောင်းဆုံးပဲ ဖြစ်လာသော်လည်း နှမ်းမျိုးစုံဈေးကွက်မှာ တစ်အိတ် ငွေကျပ် သုံးသိန်းအောက် ကျဆင်းနေပြီး ပဲမာလိုင်းများမှာ ဈေးငြိမ်နေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
✅“ကုလားပဲအုပ်စု ပဲအသစ်အိတ်ရေ တစ်ထောင်ကျော် ဝင်ရောက်လာပေမယ့် ဈေးကျဆင်းမှုမရှိဘဲ ဈေးကောင်းနေပါတယ်။ ပဲအသစ်ဝင်ချိန် ပို့ကုန်အဝယ်မရှိရင် ဈေးကျဆင်းလေ့ရှိပါတယ်။ အခုချိန်မှာ အသစ်ဝင်သလောက်ကို အဝယ်ရှိနေပါတယ်။ ငွေကြိုပေးစနစ်နဲ့ကို အဝယ်ကောင်းနေလို့ ကုလားပဲ V2 တစ်အိတ်ငွေကျပ် ၁၈၈,၀၀၀ ပေါက်ဈေး ရှိလာပါတယ်။ ပို့ကုန်ပဲတွေလည်း အမြင့်ဈေးအတိုင်း ပုံမှန်အဝယ် ရှိနေပါတယ်။ ပို့ကုန်ပဲတွေထဲမှာ မြေထောက်ပဲကတော့ ထူးထူးခြားခြား ဈေးမြင့်တက်လာပါ တယ်။ တစ်အိတ်ငွေကျပ် ၂၈၅,၀၀၀ ပေါက်ဈေးနဲ့ အမြင့်ဆုံးဈေးဖြစ်လာပါတယ်။ နှမ်းမျိုးစုံ အုပ်စုကတော့ တစ်အိတ် ငွေကျပ် ၂၈၅,၀၀၀ - ၂၉၀ ၀၀၀ သာ ပေါက်ဈေးရှိတော့တယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ဈေးအပြောင်းအလဲမရှိတော့ဘဲ လက်ရှိပေါက်ဈေးတွေက အခြေခံပေါက်ဈေးဖြစ်လာ ပါတယ်” ဟု ၎င်းကပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
မတ်ပဲဈေး အနည်းငယ်ကျဆင်းပြီး ပဲစင်းငုံဈေး ဆက်လက်မြင့်တက်နေရာ ဖေဖော်ဝါရီ (၂၃) ရက်တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၈၂,၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၁၉၈,၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေကျပ် ၂၂၅,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၀,၀၀၀ ပေါက်ဈေးရှိသည်။ ယခင်သီတင်းပတ်ထက် မတ်ပဲနှင့် ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၂,၀၀၀ခန့် ဈေးကျဆင်းသွားသည်။
🥜နှမ်း နှင့် မြေပဲ🥜
တရုတ်လိုင်းတွင်ပို့ကုန်များတင်ပို့ရာတွင် ရက်ကြာမြင့်ခြင်းကြောင့် နှမ်းမျိုးစုံ ဈေးကွက်အဝယ် အေးသွားရာ တစ်အိတ် ငွေကျပ်သုံးသိန်းအောက် ကျဆင်းသွားခြင်းဖြစ်သည်။ ဖေဖော်ဝါရီ (၂၃) ရက်တွင် နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀ အထိ အမြင့်ဆုံးပေါက်ဈေးဖြစ်လာပြီး နှမ်းနက် စမုန်မှာ တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ အထိ ပေါက်ဈေးဖြစ်လာသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၇,၂၀၀၊ ဆီဆံ တစ်ပိဿာ ငွေကျပ် ၆,၅၀၀ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ပုံမှန်ရှိနေသည်။
✅အသစ်ဝင်ပဲများအဝယ်ကောင်းနေပြီး ကုန်သည်များလက်ဝယ်ပစ္စည်းသိုလှောင်ထားရန် အဝယ်ရှိနေတာကြောင့် ပြည်တွင်းသုံးပဲမာလိုင်းများ ဈေးကျဆင်းမှုမရှိ၊ တည်ငြိမ်နေရာ ဖေဖော်ဝါရီ (၂၃)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၈၈,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၅၆,၀၀၀၊ ပဲကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ ပဲလွန်းဖြူတစ်အိတ်လျှင် ငွေကျပ် ၁၄၅,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀ ပေါက်ဈေးရှိနေသည်။
✅ပဲမျိုးစုံ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း