menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ကြံခုတ်ရာသီရောက်ရှိတော့မည်ဖြစ်သဖြင့် ပြည်တွင်းသကြားဈေးတည်ငြိမ်နေ”
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
▶️ပြည်တွင်းသကြားစက်များမှ ထုတ်လုပ်သည့်သကြားများကို ပြည်ပသို့တင်ပို့မှုများနှင့် ပြည်တွင်းစားသုံးသူဈေးကွက်သို့ ရောင်းချလျက်ရှိရာ ကြံခုတ်ရာသီနှင့် သကြားအသစ်များပေါ်ချိန် ရောက်ရှိတော့မည်ဖြစ်၍ လက်ရှိသကြားဈေးမှာ ယခုထက်မြင့်တက်လာဖွယ်မရှိကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
▶️“သကြားဈေးက ပြီးခဲ့တဲ့လတွေက တစ်ပိဿာကို ကျပ်၂,၅၀၀ ဝန်းကျင်ရှိခဲ့ရာက အနည်းငယ် ကျဆင်းလာပြီး တစ်ပိဿာ ကျပ်၂,၄၅၀ ဝန်းကျင်ဖြစ်လာတယ်။ အခုဆိုရင် သကြားအသစ်တွေ ထွက်တော့မှာဖြစ်လို့ လက်ရှိဈေးထက် မြင့်တက်မယ့်အခြေအနေမရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်” ဟု ၎င်းက ပြောသည်။
▶️လက်ရှိသကြားဈေးကွက်တွင် တစ်ပိဿာ ၂,၄၅၀ ကျပ်ဖြစ်ပြီး ယင်းဈေးထက် ကျဆင်းလျှင်လည်း အနည်းငယ်သာအပြောင်းအလဲရှိနိုင်ပြီး လာမည့်ဒီဇင်ဘာလကုန်တွင် စက်ရုံမှ သကြားအသစ်များ ထွက်ရှိလာတော့မည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် သကြားဈေးမှာတစ်ပိဿာကျပ် ၂,၀၀၀ ဝန်းကျင်ရှိခဲ့ရာက လက်ရှိတွင် ၂,၄၅၀ ကျပ် အထိဈေးမြင့်တက်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
▶️“ပြည်တွင်းမှာ သကြားသုံးစွဲမှုနဲ့ စားသုံးမှုတွေတိုးလာပြီး ထုတ်လုပ်မှုပိုင်းမှာလည်း တိုးချဲ့လာကြတယ်။ ဗီယက်နမ်က တရုတ်ထက်ဈေးကောင်းပေးတော့ ဗီယက်နမ်တင်ပို့မှုက များပါတယ်။ ဒီနှစ် ဇန်နဝါရီလ ကနေ အောက်တိုဘာလအထိ ဗီယက်နမ်ကို သကြားတန်ချိန် ၉၀,၀၀၀ ကျော်တင်ပို့ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
▶️မန္တလေးတိုင်းဒေသကြီးတွင် ကြံသီးနှံတိုးချဲ့စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြံတောင်သူများ အား မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာများဖြန့်ဝေပေးခဲ့ကြောင်း နှင့် စက်ရုံများလည်ပတ်မှုတွင် ရက်ပေါင်း ၅၀ကျော် မှ ရက်ပေါင်း ၉၀ကျော် အထိ လည်ပတ်နိုင်ရန်ဆောင်ရွက်ကြမည်ဖြစ်၍ သကြားအထွက်တိုးလာနိုင်ကြောင်းလည်း သိရသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း