menu

ကွင်ဖျူရန် ၄၀ ဒဗလျူပီ (Quinfuron 40 WP)



♦️ကွင်ဖျူရန် ၄၀ ဒဗလျူပီ (Quinfuron 40 WP)♦️

 ➡️မိုးရာသီစပါးစိုက်ပျိုးသည့် ဝိစာရ၏တောင်သူဦးကြီးများ ပေါင်း၊ မြက် အတွက် အထွက်မလျော့ရအောင် "ကွင်ဖျူရန်" ကိုဆောင်ထားကြပါ။  

➡️ကွင်ဖျူရန် ၄၀ ဒဗလျူပီတွင် အစွမ်းရှိပစ္စည်း Bensulfuron Methyl 6% + Quinclorac 34% ပါဝင်ပါသည်။ 

 ▪️စိုက်ခင်းအတွင်းမှ စပါးအထွက် လျော့စေသော အကြောင်းရင်းများ တွင် ပေါင်း၊ မြက်ပြဿနာသည် တစ်ခု အပါအဝင်ဖြစ်ပါသည်။

 ▪️စပါးအထွက်သည် ပေါင်း ၊မြက် ကြောင့် ၃၃% မှ ၈၀% အထိ လျော့ ကျနိုင်ပါသည်။ 

 ▪️သီးနှံများ ပေါင်း မြက် ကြောင့် အထွက်ကျဆင်းမှု စတင်သော ကာလ မှာ စိုက်ပြီး(၁၀)ရက်သားခန့်မှ စတင်သည်။ ထို့ကြောင့် စပါးပင် အသက် (၁၀)ရက်သား ကျော်သည် နှင့် မြန်နိုင်သမျှ မြန်အောင် ပေါင်း နှိမ်နင်းရပါမည်။

 ▪️အပင်(၃၀)ရက်သား ကျော်မှ ပေါင်းနှိမ်နင်းပါကလည်း အကျိုး မရှိပါ။ အထွက်နှုန်းကို ဆုတ်ယုတ် စေပါသည်။ 

 ▪️"ကွင်ဖျူရန်" သည်ဆေးအုပ်စု( ၂ )မျိုး ပေါင်းစပ်ထားပြီး Bensulfuron Methyl သည် မှိုနတိုအပါအဝင်ရွက်ပြန့်ပေါင်းများ နှင့်မြက်မုန်ညင်းအမျိုးမျိုးကို နှိမ်နင်းနိုင်ပြီး Quinclorac သည်မြက်သီးနှင့်မြက်အမျိုးမျိုးကိုနှိမ်နင်းနိုင်ပါသည်။ 

 ▪️ပင်လုံးပြန့် အာနိသင်ရှိပြီး နှိမ်နင်းရန် ခက်ခဲသော ပေါင်းအမျိုးမျိုးကို သုတ်သင်ရှင်းလင်း ရန် အထူးထုတ်လုပ် ထားသော အကောင်းဆုံး စပါးရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။

 ▪️စပါးမျိုးကြဲပြီး (သို့မဟုတ်) ရွှေ့ပြောင်း စိုက်ပြီး (၁၅-၃၀) ရက်၊ ပေါင်းပင်အရွက် (၃-၄)ရွက် ထွက်ချိန်တွင် ဆေးပက်ဖျန်းပါ။ 

 ▪️ပေါင်းပင်များကို ဆေးထိစေရန် ပေါင်းသတ်ဆေး မဖျန်းမီ စပါးခင်းကို (၁)ရက် ကြို၍ ရေထုတ်ထားပါ။

 ▪️ဆေးဖျန်းပြီး(၁)ရက်ကြာမှ ရေပြန်သွင်းပေးပါ။  

➡️အသုံးပြုရမည့်ဆေးနှုန်းထားမှာရေ( ၂၀)လီတာဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် (၈၀-၁၀၀) ဂရမ်နှုန်း အသုံးပြုရန်ဖြစ်ပါသည်။

 ✅စစ်မှန် ပြည့်ဝ ဝိစာရ✅