menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
လာမည့်ကြံရာသီတွင် သကြားတန်ချိန်ငါးသောင်းကို ဗီယက်နမ်သို့တင်ပို့ရန် သဘောတူညီထား
🌱🌱🌱🌱🌱🌱🌱🌱🌱🌱
⏩လာမည့်ကြံရာသီအသစ်တွင် ပြည်တွင်းမှထုတ်လုပ်သော သကြားတန်ချိန်ငါးသောင်းကို ဗီယက်နမ် နိုင်ငံသို့ ကြိုရောင်းစနစ်ဖြင့်တင်ပို့ရန် သဘောတူညီမှုရရှိထားကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။
⏩ဗီယက်နမ်သို့တင်ပို့ရန် FOB ဈေးနှုန်းမှာ သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ၀န်းကျင်ဖြစ်နိုင်ပြီး ၂၀၂၁ခုနှစ်က မြန်မာ့သကြားနှင့် သကြားထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆ သန်းကျော်ရရှိခဲ့သည်ဟု ဆိုသည်။
⏩“ကြံကြိတ်ဝါးတဲ့ရာသီ ရောက်ပြီဆိုတော့ ပြည်တွင်းသကြားစက်အချို့လည်ပတ်နေပါပြီ။ တချို့လည်း လည်ပတ်ဖို့စတင်နေပြီဆိုတော့ သကြားကဈေးကွက်ထဲရောက်လာတော့မယ်။ ဗီယက်နမ်ကို တင်ပို့ဖို့ကတော့ လာမယ့် ဇန်နဝါရီလ နဲ့ ဖေဖေါ်ဝါရီလလောက်မှာဖြစ်ပါမယ်”ဟု ၎င်းကပြောသည်။ ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာ ၂,၅၀၀ ၀န်းကျင်ထိ အမြင့်ဆုံးရောက်ရှိခဲ့ပြီး သကြားစက်ရုံသစ်များ လည်း ပေါ်ပေါက်လာပြီဖြစ်၍ သကြားထုတ်လုပ်မှုမှာ ယခင်နှစ်များထက် ပိုမိုလာမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုမှာ လုံလောက်မှုရှိနေပြီး ဗီယက်နမ်သို့ အဓိကတင်ပို့လျက်ရှိကြောင်းသိရသည်။
⏩“တရုတ်နယ်စပ်နဲ့နီးတဲ့ဒေသတွေမှာ ကြံကို တရုတ်က သူတို့စက်ရုံရဲ့လိုအပ်ချက်ကြီးမားလို့ ထွက်သလောက်၀ယ်တယ်။ တရုတ်သကြားစက်တွေက မြန်မာ့ကြံကို ဈေးကောင်းပေးဝယ်ကြသလို ငွေလဲနှုန်းကောင်းတော့အဲဒီဘက်ကကြံစိုက်သူတွေ အဆင်ပြေကြတယ်” ဟု သကြားတင်ပို့သူ တစ်ဦးကပြောသည်။
⏩ပြည်တွင်း၌ သကြားစက်ပေါင်း (၃၀)ခန့်ရှိ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သကြားစက်အသစ်(၂) ခုနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်(၂)ခု စုစုပေါင်း(၄)စက် အသစ်တိုးလာမည်ဖြစ်ရာ ကြိတ်ဝါးကြံလိုအပ်ချက် များလာမည်ဖြစ်ပြီး သကြားထုတ်လုပ်မှုပိုမိုလာမည်ဖြစ်ကြောင်းသိရသည်။ သကြားစက်ရုံများတိုးလာပြီး ဈေးကောင်းရလာသည့်အတွက် သကြားစက်များမှကြံတစ်တန်ဝယ်ဈေးကို စက်ရုံအရောက် အမြင့်ဆုံးငွေ ကျပ် ၉၀,၀၀၀ ၀န်းကျင်ရှိပြီး ယခင်၂၀၂၀၀န်းကျင်က ကြံတစ်တန်လျင်အမြင့်ဆုံး ၆၀,၀၀၀ ၀န်းကျင်ရှိ၍ ထိုအချိန်တွင်သကြားတစ်ပိဿာငွေကျပ် ၁,၅၀၀ ၀န်းကျင်သာ ပေါက်ဈေးရှိခဲ့သည်ဟုဆို သည်။
⏩သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း