menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“လက်ကျန်ရက်များတွင် တင်ပို့နိုင်ပါက ပြည်တွင်းပြောင်းများအတွက် အဆင်ပြေနိုင်မည်”
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
✅ထိုင်းနိုင်ငံသို့တင်ပို့နိုင်သည့် လက်ကျန်ရက်များတွင် ပြည်တွင်းလက်ကျန်ပြောင်းများကို အမြန်ဆုံးတင်ပို့နိုင်ရန် ဆောင်ရွက်သင့်ကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
✅ထိုင်းနိုင်ငံသို့ မြန်မာပြောင်းတင်ပို့မှုကို စက်တင်ဘာ (၁)ရက်မှ ဖေဖော်ဝါရီ (၁) ရက်ထိ ငါးလတာ ပိတ်ထားခြင်းဖြစ်ရာ ယခုနှစ်ပြောင်းတင်ပို့မှုကို သြဂုတ်လကုန်ထိသာ တင်ပို့ခွင့်ကျန်ရှိတော့သဖြင့် အဆိုပါကာလအတွင်း ပို့ကုန်သမားများအနေဖြင့် အမြန်ဆုံးတင်ပို့နိုင်မှသာ လက်ကျန်ပြောင်းများ အတွက် အဆင်ပြေမည်ဖြစ်သည်။
✅ပြည်တွင်းပြောင်းလက်ကျန်မှာ သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် ၂၂၀,၀၀၀ကျော် အိတ်ရေ သိန်း (၄၀-၅၀) ခန့် ကျန်ရှိနေသေးကြောင်း၊ ပြည်တွင်းဒေါ်လာဈေး ၂,၁၀၀ ကျပ် သို့ အပြောင်းအလဲ သတ်မှတ်ချက်ကြောင့် ပြောင်းဈေးပြန်လည်မြင့်တက်လာသော်လည်း ယခင်ပြောင်းဈေး တစ်ပိဿာကျပ် ၁,၀၀၀ကျော်သို့ မရောက်ရှိသေးကြောင်း နှင့် ပို့ကုန်လိုင်စင်များ အမြန်ဆုံး ရရှိတင်ပို့နိုင်မှသာ လက်ကျန်ပြောင်းဈေးကွက်ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဌ ဦးသန့်ဇင်ထွန်းက ပြောသည်။
✅“သြဂုတ်လဆန်းပိုင်းထိ ပြောင်းတန်ချိန် ၂၂၀,၀၀၀ကျော် ပြောင်းတစ်တင်းခွဲအိတ် သိန်း (၄၀-၅၀)ကြားလောက်ကျန်ရှိနေပါတယ်။ ဒေါ်လာဈေးအပြောင်းအလဲ ရှိလာတော့ ပြောင်းဈေးမြင့် တက်လာပါတယ်။ ပြည်တွင်းအစာစက်တွေကလည်း ထိုက်သင့်တဲ့ဈေးနဲ့ ပြောင်းဈေးမြှင့် ဝယ်ယူလာရင်တော့ လက်ကျန်ပြောင်းတွေအတွက် အဆင်ပြေလာပါမယ်။ လက်ရှိမှာတော့ မြဝတီနယ်စပ်အရောင်းနဲ့ FOB သင်္ဘောတင်ပြောင်းတွေအတွက် လိုင်စင်တွေကျနေပါပြီ။ အချို့ လိုင်စင်လျှောက်ရာမှာ လုပ်ငန်းကျွမ်းကျင်မှုမရှိသေးတော့ ကြန့်ကြာတဲ့ အခက်အခဲတွေရှိနေတာပါ။ လိုင်စင်ကိစ္စမြန်ဆန်သွားရင် နယ်စပ်အရောင်းက ပြန်ကောင်းလာမှာပါ” ဟု ၎င်းကပြောသည်။
✅“ယခင်လိုပြောင်းဈေး တစ်ပိဿာကျပ် ၁,၀၀၀ အထက်မရောက်ရှိသေးသော်လည်း ဒီရက်ပိုင်း ပြောင်းဈေးမြင့်တက်လာပါပြီ။ စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေလည်း ပြောင်းဈေးကောင်းကို မျှော်လင့်ပြီး စိုက်ပျိုးစရိတ်မြင့်မားစွာ ကုန်ကျထားတော့ ပြောင်းဈေးကောင်းတစ်ခုတော့ ပြန်ဖြစ်လာမှာပါ။ နောက်စိုက်ပြောင်းသစ်ပေါ်လာချိန်ဖြစ်လာသလို ထိုင်းနိုင်ငံကို ရောင်းချခွင့်ရရှိတဲ့ရက် က ကုန်တော့မှာပါ။ တစ်ရက်မြန်ရင်တစ်ရက် သိသိသာသာ လက်ကျန်ပြောင်းတွေ တင်ပို့နိုင်ဖို့ လိုပါတယ်” ဟု ဦးသန့်ဇင်ထွန်းက ပြောသည်။
✅ပြည်တွင်းပြောင်းစိုက်ပျိုးသူများအနဖြင့် ယခုနှစ်ပြောင်းစိုက်ပျိုးရာသီတွင် ရာသီဥတုကြောင့် ပြောင်းစိုက်ခင်းများ ပျက်စီးမှုရှိခြင်း၊ စိုက်ပျိုးစရိတ်မြင့်တက်ခဲ့ခြင်းကြောင့် စိုက်ပျိုးဧက လျော့ကျခြင်းများရှိနေရာ လာမည့်ပြောင်းရာသီတွင် ပြောင်းဈေးကောင်းရရှိရန်မျှော်လင့်နေကြကြောင်း သိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း