menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
လယ်သမားလက်ဝယ်စပါးရှိနေစဉ် ပြည်ပသို့တင်ပို့နိုင်ပါမှ လယ်သမားအတွက် အကျိုးရှိမည်
မြန်မာနိုင်ငံမှ ပြည်ပသို့ ပထမဆုံးအကြိမ်စပါးတိုက်ရိုက်တင်ပို့ခွင့်ပြု” ဆိုသော သတင်းတစ်ပုဒ် အောက်တိုဘာ ၁၈ ရက်ထုတ် 7 Day Daily သတင်းစာတွင် တွေ့ရသည်။ ပြည်ပသို့ စပါးတိုက်ရိုက်တင်ပို့ရောင်းချရန် အစိုးရက ခွင့်ပြုပြီး စပါးတန်ချိန်နှစ်သိန်းကို ယခုနှစ်ကုန် (၂၀၁၉ ခုနှစ်)အထိ တင်ပို့ရောင်းချခွင့်ပြုကြောင်း၊အောက်တိုဘာလမှစတင်ပြီး ဒီဇင်ဘာလကုန်အထိ တန်ချိန်နှစ်သိန်း ဦးစွာတင်ပို့ခွင့်ပြုပြီး လိုအပ်ပါက နောက်ထပ်တန်ချိန် ငါးသိန်း တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်းဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးကိုကိုကြီးက ပြောသည်ဟု သတင်းကဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချဥက္ကဋ္ဌ ဦးရဲမင်းအောင်ကလည်း “စပါးတင်ပို့ခွင့်ကို ကျွန်တော်တို့အသင်းချုပ်အနေနဲ့လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပြုပေးထားပါတယ်“ဟု ဆိုပါသည်။ ဝယ်သူနှင့်ရောင်းသူ နှစ်ဦးနှစ်ဖက် စာချုပ်ချုပ်ဆိုပြီးတရားဝင်လိုင်စင်လျှောက်ထား၍ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုသည်ဟုလည်းဦးရဲမင်းအောင်က ပြောပါသည်။ ပြည်ပသို့စပါးတင်ပို့ရောင်းချရာတွင် ၂၀၂၀ ပြည့်နှစ်၊ဇန်နဝါရီလကုန်၌ အပြီးတင်ပို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးကော်မတီက ဆုံးဖြတ်ထားသည်ဟုလည်းသိရပါသည်။
မြန်မာ့ဆန် တရုတ်အဝယ်လျော့၍ ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခြင်း၊ ပြည်တွင်းဆန်လက်ကျန်အဟောင်းများ တန်ချိန်ငါးသိန်းကျော် ရှိနေခြင်းတို့ကြောင့် မိုးစပါးစတင်ပေါ်ထွက်လာချိန်တွင် စပါးဈေးကျဆင်းလာခဲ့ပါသည်။ ထို့ကြောင့် စပါးကို ပြည်ပသို့ လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်ပြုရန် အစိုးရထံ တင်ပြတောင်းဆိုမှုများ ရှိခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် လယ်ယာကဏ္ဍနှင့်သက်ဆိုင်သူများကလည်း ပြည်ပသို့ စပါးတင်ပို့ရောင်းချခွင့်ပြုရေး အစိုးရကို တင်ပြဆွေးနွေးခဲ့ကြသည်ဟုလည်း သိရှိရပါသည်။ သို့ရာတွင် နိုင်ငံတကာကုန်သွယ်ရေးအလေ့အထများ၌ ပြည်ပသို့ ကုန်ကြမ်းပစ္စည်းများ တင်ပို့ရောင်းချလေ့မရှိခြင်းကြောင့် စပါး ပြည်ပတင်ပို့ခွင့်နှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။
စပါးကိုပြည်ပသို့ တင်ပို့မည်ဆိုပါက ဆန်ကွဲနှင့် ဖွဲနုရှားပါးပြီး တိရစ္ဆာန်အစားအစာအတွက် အခက်အခဲဖြစ်လာနိုင်သည်ကို ဆန်စက်လုပ်ငန်းရှင်အချို့က ထောက်ပြကြသည်။စပါးဆိုသည်ကလည်း စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားကို အကျိုးမပြုရှိချင်ရှိမည်။ ဘေးထွက်ကောက်ရိုးကောက်မှော်ကအစ စပါးခွံအထိ လူသားတို့အတွက် အသုံးဝင်အကျိုးပြုသည်။ ကောက်ရိုးက ကျွဲ၊ နွား အစားအစာ၊ ကောက်မှော်နှင့်အဖျင်းက မြေဩဇာ စသည်ဖြင့် သုံးနိုင်သည်။ စပါးခွံဆိုလျှင် ဘွိုင်လာဆန်စက်များ၏ လောင်စာအပြင် အခြားဘွိုင်လာစက်များ ဥပမာ-အရက်ချက်စက်ရုံကဲ့သို့ စက်များအတွက် အသုံးဝင်သည်။ ဖွဲကြမ်းက ဝက်စာ၊ ဘဲစာ၊ ကြက်စာ စသည်ဖြင့်လည်း သုံးနိုင်သည်။ ဖွဲနုဆိုလျှင် ငါးစာ၊ ထို့ကြောင့် မွေးမြူရေးလုပ်ငန်းရှင်များက တိရစ္ဆာန်အစားအစာအတွက် အခက်အခဲဖြစ်လာမည်ကို ပူပန်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် မိုးစပါးစိုက်ဧက ၁၄ သန်းခွဲရှိပြီး စပါးတန်ချိန် ၁၉ သန်းခွဲခန့် ထွက်ရှိသည်ဟု သိရသည်။ နွေစပါးဧကသုံးသန်းလည်း စိုက်ပျိုးသေးသည်။ မြန်မာနိုင်ငံ စပါးထုတ်လုပ်မှု၏ ၇၇ ရာခိုင်နှုန်းကျော်ကို မိုးရာသီတွင် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။မိုးစပါးအထွက် တန်ချိန် ၁၉ သန်းခွဲခန့်မှ တန်ချိန်နှစ်သိန်း တင်ပို့ရောင်းချခြင်းသည် မပြောပလောက်သည့် အရေအတွက်ဖြစ်သည်ဟု ဆိုနိုင်သည်။ အဆိုပါရောင်းချမှုကြောင့် ပြည်တွင်းဆန်စပါးဈေးလည်းမြောက်လာနိုင်သည်။ သို့ရာတွင် တင်ပို့သည့် ကုန်ချိန်အရေအတွက် တိကျမှန်ကန်ရန် လိုသည်။ သို့မှသာ ပြည်တွင်းစားသုံးမှု၊စားနပ်ရိက္ခာဖူလုံမှုအတွက် စိတ်ချရမည်။ ယမန်နှစ်ကလည်း တရုတ်ဘက်က တရားမဝင်ဝယ်ယူမှုတွေ ရှိခဲ့သည်။ တင်းရေမည်မျှ၊ တန်ချိန်မည်မျှ ပါသွားသည်မသိ။ ယခု တရားဝင်ခွင့်ပြုသည့်နောက်မှ နောက်ဆက်တွဲများစွာ ပါသွားနိုင်သည်။ စနစ်တကျ စိစစ်ခွင့်ပြုဖို့တော့ လိုမည်။ သို့မဟုတ်ပါက ပြည်တွင်း စားနပ်ရိက္ခာနှင့်တိရစ္ဆာန်အစားအစာအတွက် အခက်အခဲများ ကြုံတွေ့လာနိုင်သည်။
ထို့ပြင် စပါးစိုက်ဧကနှင့် အထွက်တင်းခန့်မှန်းချက်များ အနီးကပ်ဆုံး မှန်ကန်တိကျဖို့လိုမည်။ လယ်မြေဟု ပုံစံ (၇) ထွက်နေသော်လည်း စပါးမစိုက်သည့်လယ် များစွာရှိနေသည်။ အခြားနည်းအသုံးပြုထားသည်။ လယ်မြေစာရင်းပေါက်နေသည်။ လယ်စာရင်းပေါက်သည့်အတွက် စပါး အထွက် တွက်ချက်ရာတွင် ပါနေမည်။ ဤကဲ့သို့ လယ်များ မည်မျှများနေသည်မသိ။နောက်အထွက်နှုန်း ဖြစ်သည်။ ယခုနှစ် စပါးအထွက်များ လျော့နည်းသည်။ ပိုးက ဖျက်သည်။ အချိန်ခါမဟုတ်မိုးကလည်း ဖျက်သေးသည်။ ယခုနှစ်တောင်သူတို့ စပါးဈေးရော၊ အထွက်နှုန်းပါ အထောင်းခံရသည်။ယခုအချိန်အထိ သတ်မှတ်အခြေခံဈေးနှင့်မရောင်းရသည့်တောင်သူတို့ ရှိနေသည်။ အခြေခံဈေးနှုန်း သတ်မှတ်ရာတွင် နောက်ကျသလို ဝယ်ယူမှုလည်း နောက်ကျသည်။ပေးကားပေး၏ မရသည့်အခြေအနေမျိုးလည်း ကြုံနေရသည်။
စပါးဈေး၊ ဆန်ဈေး ကောင်းသည်ဆိုရာ၌ ဈေးငုတ်ကောင်းမှဈေးကောင်းရသည်။ စပါးအဟောင်း ဈေးကောင်းလျှင်ဈေးငုတ်ကောင်းသည်။ အသစ်ပေါ်လာသည့်စပါးလည်း အဟောင်းဈေးငုတ်ကြောင့် ဈေးကောင်းရသည်။ ယခုနှစ် စပါးအသစ်ပေါ်ချိန်တွင် စပါးဟောင်း၊ ဆန် ဟောင်းတို့ ရှိနေသည်။ အသစ်ပေါ်လာသဖြင့် ထုတ်ရောင်းရသည်။ အဟောင်းဈေးငုတ်မကောင်းသဖြင့် အသစ်ဈေးကျသည်။ရာသီဥတုကလည်း ဖျက်သေးသည်။ စပါးသစ်ဈေးကျသည့်ဒဏ်ကို တောင်သူတို့ ခံစားရသည်။ ဆန်ဆို တရုတ်၊ ပဲဆို အိန္ဒိယ၊သူတို့မှမဝယ်လျှင် စပါးဈေး၊ ပဲဈေး ကျသည်။ ဈေးကွက်အသစ်ရှာသင့်သည်။ စပါးလှောင်သည့်ကုန်သည်တို့လည်း ယခုနှစ်ရှုံးသည်။ ထို့ကြောင့် စပါးသစ်ဝယ်ပြီးသိုလှောင်ရန်နောက်တွန့်နေသည်။
ယခုအချိန်ထိ ဆန်ဈေးကွက်တွင်ဆန်ဟောင်းတို့ ရှိနေသေးသည်။လယ်ယာစိုက်ပျိုးရေးနိုင်ငံတွင် ရာသီဥတုကဖျက်၊ ဈေးနှုန်းကမမှန်ဆိုလျှင် ထိုလုပ်ငန်းကို မှီခိုလုပ်ကိုင်နေရသည့် မိသားစုဘဝများ အနာဂတ်ပျောက်သကဲ့သို့ ဖြစ်မည်။ ထိုအခြေအနေကို တာဝန်ရှိသူတို့သုံးသပ်ပြီး ပြုပြင်ဆောင်ရွက်ပေးရန် လိုမည်။ထို့ကြောင့် စပါးဈေးကျဆင်းမှုကို ထိန်းညှိသည့်အနေဖြင့် ပြည်ပသို့ စပါးတင်ပို့ခွင့်ပြုမည်ဆိုပါက အချိန်ခါမီဆောင်ရွက်သင့်သည်။ တောင်သူလက်ဝယ်တွင် စပါးကုန်မှ ဆောင်ရွက်မည်ဆိုပါက တောင်သူအတွက် အကျိုးမရှိဖြစ်နိုင်သည်။ တင်ပို့သည့်တင်းရေ (တန်ချိန်) ကိုလည်း စနစ်တကျ ထိန်းသိန်းစစ်ဆေးကြပ်မတ်ရန် လိုသည်။ ထို့ပြင် ရေရှည်အကျိုးအတွက် စိုက်ဧကမှန်၊ အထွက်နှုန်းမှန်ရေးကိုလည်း စိစစ်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။
- ဖိုးရာဇာ(မအူပင်-သုံးခွကျွန်း) - မြန်မာတောင်သူကြီးများဂျာနယ်