menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေထောက်ပဲနှင့် ပို့ကုန်ပဲများဈေးကွက်ကောင်းနေသည့် ပဲမျိုးစုံဈေးကွက်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
🔸ပဲသစ်ရာသီအသစ်ဝင်ပဲများ ရောက်ရှိချိန်တွင် ပို့ကုန်သမား နှင့် ပြည်တွင်းလှောင်လက်သမား အဝယ်ဆုံနေသောကြောင့် မြေထောက်ပဲနှင့် ပို့ကုန်ပဲများ ဈေးကွက်အကောင်းဆုံးဖြစ်နေကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။
🔸ပြည်တွင်းဒေါ်လာဈေးတည်ငြိမ်နေတာကြောင့် ပို့ကုန်ပဲများ ဈေးလှုပ်လှုပ်ရှားရှားမရှိသော်လည်း ပဲစင်းငုံမှာ ဈေးကောင်း အဝယ်လိုက်နေသည်။ နှမ်းအုပ်စုများ ဈေးငြိမ်နေရာမှ သုံးတင်းတစ်အိတ် ငွေ ကျပ် ၃၀၀,၀၀၀ နီးပါးဈေးတက်လာသည်။ ပြည်တွင်းလက်ကျန်ရှိနေသည့် ကုလားပဲအပါအဝင် ပဲမာလိုင်းအချို့ ဈေးကျဆင်းနေသော်လည်း လက်ကျန်မရှိတော့သည့်ပဲများ ဈေးကောင်းရရှိနေကြောင်း သိရသည်။
🔸ပြည်တွင်းသုံးကုလားပဲများ အသစ်ဝင်ရောက်တာကြောင့် ဈေးအနည်းငယ်ကျဆင်းသွားပြီး ပဲမာ လိုင်းအချို့ လက်ကျန်ရှိများနေသည့်အတွက် ဈေးအမြင့်မရရှိသေးကြောင်း၊ အသစ်ဝင်ပဲများတွင် မြေထောက်ပဲမှာ ဈေးအကောင်းဆုံးဖြစ်ပြီး ပဲယင်း၊ ပဲကြီး၊ စွန်တာပြာပဲများလည်း ဈေးကောင်းရရှိလာကြောင်း၊ လက်ကျန်ရှိနေသည့် ပဲမာလိုင်းများ ဈေးအဟောင်းဖြင့် ရောင်းဝယ်နေသော်လည်း အသစ်ဝင်ပဲအများစု ဈေးကောင်းရရှိနေကြောင်း ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
🔸"ကုလားပဲအုပ်စုကနယ်တွေမှာ အသစ်ပေါ်နေသလို မကြာခင်မန္တလေးဈေးကွက်ကိုရောက်ရှိလာပါမယ်။ ကုလားပဲပေါက်ဈေးလည်း အမြင့်ကနေပြန်ကျဆင်းလာပါတယ်။ အသစ်ဝင်ပို့ကုန်ပဲတွေမှာ ပဲစင်းငုံဈေးက ပိုကောင်းနေပါတယ်။ မတ်ပဲကတော့ လှောင်လက်တွေနဲ့ ပို့ကုန်သမားအဝယ်ဆုံနေပါတယ်၊၊ ပဲတီစိမ်းလည်း အဝယ်ကောင်းနေပါတယ်။ အသစ်ဝင်ပဲတွေထဲမှာ ဈေးအကောင်းဆုံးကတော့ မြေထောက်ပဲပါ။ သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၂၁၀,၀၀၀ လောက်က စဝင်တာကနေ ဇန်နဝါရီ (၁၁) ရက်မှာ တစ်အိတ် ငွေကျပ် ၂၄၅,၀၀၀ ထိ ပေါက်ဈေး ရှိလာပါတယ်။ နှမ်းဖြူဈေးကတော့ ဒီရက်ပိုင်း တစ်အိတ် ငွေကျပ် ၂၈၀,၀၀၀ ထိ ဈေးပြန်မြင့်တက်လာပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ အသစ်တွေဝင်လာတော့ ဈေးမတက်နိုင်တော့ပါဘူး။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးမှာ ဇန်နဝါရီလကုန်ပိုင်းဆိုရင် အကုန်ဈေးကွက်ဝင်လာပါပြီ။ လက်ရှိမှာတော့ အဟောင်းဈေး၊ အသစ်ဈေး ဖြစ်နေပါတယ်၊၊ပို့ကုန်ပဲတွေကတော့ ဒေါ်လာဈေးငြိမ်နေတော့ လှောင်လက်တွေ အဝယ်ကောင်းနေပါတယ်၊၊ တောင်သူတွေအနေနဲ့တော့ ဒီနှစ် ပဲပေါက်ဈေးတွေက ဈေးကောင်းရတယ်လို့ပြောလို့ရပါတယ်။ ပြည်တွင်းသုံးပဲမာလိုင်းကတော့ အဟောင်းကျန်နေတော့ ဈေးထူးထူးခြားခြားတက်စရာ မရှိသေးပါဘူး" ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းဝယ်လိုအားတော့ ပို့ကုန်သမား၊ ပြည်တွင်းလှောင်လက်သမား အဝယ် ဆုံနေတော့ အရောင်းအဝယ်သွက်နေရာ ဇန်နဝါရီ (၁၁) ရက်တွင် မတ်ပဲသုံးတင်းဝင်တစ်အိတ် ငွေ ကျပ် ၁၆၁,၀၀၀၊ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၁၆၆,၀၀၀၊ ပဲတီစိမ်းအညာမှာ ထိပ်စသုံးတင်းဝင်တစ် အိတ်လျှင် ငွေကျပ် ၁၄၅,၀၀၀ ပေါက်ဈေးရှိသည်။
🥜နှမ်း နှင့် မြေပဲ🥜
နှမ်းဈေးကွက်ဈေးကျဆင်းနေရာမှ ပြန်လည်ကောင်းမွန်လာရာ နှမ်းဖြူ ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ ထိ ပေါက်ဈေးဖြစ်လာပြီး နှမ်းနက်မှာ တစ်အိတ် ငွေကျပ် ၂၇၆,၀၀၀ ပေါက်ဈေးရှိ နေသည်။ မြေပဲအနီလုံးဆန် တစ်ပိဿာ ငွေကျပ် ၆,၅၀၀ - ၆,၆၀၀၊ ဆီဆံတစ်ပိဿာ ငွေကျပ် ၅,၂၀၀ ပေါက်ဈေးထိ ပြန်လည်မြင့်တက်လာသည်။
🔸ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲမာလိုင်းများမှာ အသစ်ဝင်ပဲများ နယ်ဈေးကွက်တွင် ထွက်ရှိ လာပြီး မန္တလေးဈေးကွက်တွင် အဟောင်းဈေးအနည်းငယ်ကျဆင်းသွားရာ ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၁၉၈,၀၀၀၊ ပဲယင်းကြီး(သစ်)တစ်အိတ်လျှင် ငွေကျပ် ၁၃၅,၀၀၀၊ ပဲကြီး(သစ်)တစ်အိတ် လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၁၇၀,၀၀၀၊ စွန်တာပြာ တစ်အိတ်လျှင် ငွေကျပ် ၁၃၀,၀၀၀၊ မြေထောက်ပဲတစ်အိတ် လျှင် ငွေကျပ် ၂၄၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ ပေါက်ဈေးဖြစ်သည်။ အသစ်ဝင်ပဲများတွင် မြေထောက်ပဲမှာ ပို့ကုန်သမားများ အဝယ်လိုက်နေတာကြောင့် ဈေးအကောင်းဆုံးပဲဖြစ်လာသည်။
🔸သီးနှံဈေးကွက်သတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း