menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေပဲ ၊ နှမ်း ပေါက်စျေးများ ဆက်လက်မြင့်တက်နေ …..
🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀
⏩ မြေပဲ နှင့် နှမ်းပေါက်စျေးများ ဆက်လက်မြင့်တက်နေပြီး အသစ်ဝင် မြေထောက်ပဲနှင့် ကုလားပဲအုပ်စု စျေးအနည်းငယ်ကျဆင်းသွားသော်လည်း ပို့ကုန်ပဲများ စျေးတည်ငြိမ်လျက်ရှိနေကြောင်း ပဲ၊နှမ်း ကုန်သည်များထံကသိရသည်။ မန္တလေးပဲ၊နှမ်းစျေးကွက်မှာ တရုတ်နှစ်သစ်ကူးကာလပိတ်ရက်များ ဖြစ်တာကြောင့် အရောင်းအဝယ် အနည်းငယ်အေးလျက်ရှိကာ ပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုများကြောင့် စျေးအနည်းစီကျဆင်းလျက်ရှိနေသည်။
⏩ ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြေထောက်ပဲအသစ်များ စျေးကွက်အဝင်များလာသဖြင့် အရည်အသွေး ကွာခြားမှုအလိုက် စျေးအနည်းငယ်စီ ကျဆင်းသွားသော်လည်း အရောင်းအဝယ်များမှာမူ ထူးခြားစွာ အားကောင်းနေသည်အလားတူ ကုလားပဲဗွီးတူးအုပ်စုတွင်လည်း အသစ်ဝင်ရောက်မှုရှိလာသဖြင့် စျေးကျဆင်းသွားပြီး မြေပဲ နှင့် နှမ်းအုပ်စုမှာမူ စျေးဆက်လက်မြင့်တက်နေကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
⏩ “ဒီရက်ပိုင်းအရောင်းအဝယ်ဖြစ်တာ အများဆုံးကတော့ မြေထောက်ပဲပါ။ တောင်သူတွေကလည်း အခင်းထဲကထွက်တာနဲ့ ပွဲရုံတန်းပို့တော့ အစိုတွေများတယ်။ စျေးကွက်ထဲ အရည်အသွေးကောင်း ခြောက်သွေ့ရင်တော့ တစ်အိတ် ၁၄၂,၀၀၀ ပေါက်စျေးရှိတယ်။ ၁၃၅,၀၀၀ ကနေ အရည်အသွေး အလိုက်ပေါက်စျေးရှိတယ်။ ပဲစင်းငုံ နဲ့ မတ်ပဲကလည်း စျေးအေးပေမယ့် အဝယ်ကတော့ကောင်းနေဆဲပါ။ စျေးအပြောင်းအလဲမရှိငြိမ်နေတယ်။ ပဲစင်းငုံ ၁၂၆,၀၀၀ -၁၂၇,၀၀၀ စျေး ၊ မတ်ပဲက ၁၂၄,၀၀၀-၁၂၅,၀၀၀ ပေါက်စျေးရှိတယ်။ ကုလားပဲအုပ်စုတွေ အသစ်လာတော့ စျေးကျလာတာ တစ်အိတ် ၁၃၃,၀၀၀-၁၃၄,၀၀၀ လောက်ဖြစ်သွားတယ်။ ကုလားပဲမျိုးစုံ စျေးကျဆင်းလာတယ်။ နှမ်းနက်ကတော့ ပစ္စည်း အဝင်တော်တော်ပါးသွားတော့ စျေးကောင်းလာတယ်။ မြေပဲလည်း ဆီစက်ပိုင်တွေ အဝယ်လိုက်နေလို့ ဆက်လက်တက်နိုင်သေးတယ်"ဟု ၎င်းကပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ
------------
ဖေဖော်ဝါရီလဆန်းပိုင်း တရုတ်နှစ်သစ်ကူးပိတ်ရက်များကြောင့် စျေးကွက် အနည်းငယ်အေးနေပြီး ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ ပေါက်စျေးမှာ အနည်းငယ်ကျဆင်းသွားရာ ဖေဖော်ဝါရီ (၂) ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ် ကျပ် ၁၂၄,၀၀၀-၁၂၆,၀၀၀ ၊ ပဲစင်းငုံ ပိဿာ ၆၀ ဝင် တစ်အိတ် ကျပ် ၁၂၇,၀၀၀ ဈေးရှိနေပြီး တစ်အိတ်ကျပ် ၂၀,၀၀၀ ခန့် ကျဆင်းသွားသည်။
မြေထောက်ပဲ ၊မြေပဲ ၊နှမ်းနက်
--------------------------
ဇန်နဝါရီလကုန်ရက်များတွင် စိုက်ခင်းများမှ ရိတ်သိမ်းသည့် မြေထောက်ပဲများမှာ စျေးကွက်အတွင်း တိုက်ရိုက်ဝင်ရောက်လာတာကြောင့် ပွဲရုံများတွင် ခြောက်သွေ့မှုအရည်အသွေးအလိုက် အရောင်းအဝယ် အကောင်းဆုံး ပဲ ဖြစ်ခဲ့သည်။ ပစ္စည်းအဝင်များသဖြင့် သုံးတင်းတစ်အိတ်ကျပ် ၁၅၀,၀၀၀ ခန့်ရှိရာက ထိပ်စတစ်အိတ် ကျပ် ၁၄၂,၀၀၀ ပေါက်စျေးသာ ရှိတော့သည်။ အစိုအခြောက် အရည်အသွေးအလိုက် ကျပ် ၁၂၇,၀၀၀ မှ ၁၃၈,၀၀၀ ထိ အသီးသီးပေါက်စျေးရှိနေသည်။
နှမ်းနက်ထိပ်စများပစ္စည်းအဝင်မရှိ စျေးကွက်ပေါက်စျေးပျောက်နေပြီး အလတ်စ အကောင်းများမှာ ဖေဖော်ဝါရီ (၂) ရက်က နှမ်းနက်အလတ်စ သုံးတင်းဝင် တစ်အိတ် ကျပ်(၁၈၀,၀၀၀- ၁၉၅,၀၀၀ -၂၁၅,၀၀၀) စျေးရှိနေသည်။
နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၆၃,၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၄,၀၀၀ အသီးသီးပေါက်ဈေးမြင့်တက်လာသည်။ မြေပဲဆံတွေက ဆီစက်ပိုင်တွေ အဝယ်လိုက်လာ ခြင်းကြောင့် ယခင်သီတင်းပတ်ထက် စျေးမြင့်တက်လာပြီး စာအုန်းဆီ စျေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ ကျော်မြင့်တက်လာသကဲ့သို့ မြေပဲဆီနှင့် မြေပဲစျေးမှာ ဆက်လက်မြင့်တက်နိုင်ကြောင်းသိရသည်။
ဖေဖော်ဝါရီ (၂) ရက်တွင် မြေပဲလုံးဆံ တစ်ပိဿာ ကျပ် ၃,၄၀၀ - ၃,၅၀၀၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၂,၈၀၀ ၊ ပြန့်လုံးဆံ၊ ပြန့်ဆီဆံ တစ်ပိဿာ ကျပ် ၂,၉၀၀ ပေါက်စျေးဖြစ်လာသည်။ အသစ်ဝင်ရောက်လာသည့် စွန်တာပြာမှာ တစ်အိတ် ကျပ် ၁၃၀,၀၀၀ ၊ ပဲဇီးကွက် ကျပ် ၁၃၀,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ ကျပ် ၁၄၅,၀၀၀၊ ဘိုကိတ်ပဲ ကျပ် ၁၄၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၁၀,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ် (၅၇. ၂၅ ပိဿာ) ကျပ် ၁၂၆,၀၀၀ ပေါက်စျေးရှိရာ ယခင်သီတင်းပတ်ထက် ပဲမာလိုင်း ပဲများ အမျိုးအစားအလိုက် ကျပ် ၅,၀၀၀-၁၀,၀၀၀ စျေးကျဆင်းသွားသည်။ သို့သော် တရုတ်နှစ်သစ်ကူး ပိတ်ရက်များအလွန်တွင်အရောင်း အဝယ်ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
⏩ သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)