menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေပဲ၊ ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက်အခြေအနေ
🌿🍃🥜🍃🌿🌿🍃🥜🍃🌿
✔️ ယခုသီတင်းပတ်အတွင်း တရုတ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့နေသဖြင့် ပို့ကုန် ပဲသုံးမျိုးသာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး အဆိုပါပိတ်ဆို့နေမှုကို အမြန်ဆုံးဖြေရှင်းနိုင်မှသာ ပြည်တွင်း မြေပဲ ၊နှမ်း အပါအဝင် ပဲမာလိုင်းများ ပြန်လည်ကောင်းမွန်လာမည်ဟု မန္တလေးပဲကုန်သည် အသိုင်းအဝိုင်းမှ သိရသည်။
✔️ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် တုန့်ဆိုင်းမှုများ ရှိလာကာ ပို့ကုန်ကားခများ တစ်ပိဿာ ကျပ် ၂၀၀ ကျော်ထိမြင့်တက်ခဲ့သဖြင့် ပြည်တွင်းပဲစျေးကွက်တွင် စျေးရသင့်သလောက် မရရှိဘဲ ဝယ်လိုအားကျဆင်းနေကြောင်း နှင့် ဇူလိုင်လပဲစျေးကွက်ပြန်လည်ကောင်းမွန်လာရန် နယ်စပ်ပို့ကုန် လမ်းကြောင်းမြန်ဆန်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင်ဦးကျော်သွင်က ပြောသည်။
✔️ "ဇွန်လ အတွင်းမှာ ၁၀၅ မိုင်မှာ ပို့ကုန်ကားတွေ ထောင်ချီပိတ်နေတာက ကားတစ်ခေါက်ကို တစ်လကျော် ကြာတယ်။ မန္တလေးကနေ ပို့ကုန် ပဲတစ်ပိဿာကို တန်ဆာခ ကျပ် ၂၂၀ ဖြစ်နေပြီ။ ဒီလိုတန်ဆာခတွေ တက်တော့ ပဲစျေးက မရတော့ဘူး။ အရင်လို များများမဝယ်နိုင်ကြတော့ဘူး။ နည်းနည်ချင်းပဲ ဝယ်နိုင်တယ်။ ဝယ်ပြီးရင်လည်း တင်ပို့ဖို့ ကားအခက်အခဲ ရှိနေတယ်။ ဒီတော့ ပဲစျေးက ကောင်းမလာတော့ဘူး။ လက်ရှိမှာ နယ်စပ်ပို့ကုန်လမ်းကြောင်းပိတ်နေတာတွေနဲ့ တန်ဆာခ စျေးမြင့်တက်လာလို့ အရင်က ပဲဝယ်လိုအား ကားငါးစီးစာလောက်ဝယ်တဲ့ဝယ်လက်က ကားတစ်စီးစာလောက်ပဲ ဝယ်နိုင်တော့တယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ကားတွေ အဆင်ပြေပြေသွားလာနိုင်မှသာ ပြည်တွင်းပဲ စျေးကွက်မှာ ဝယ်လိုအားလိုက်ပြီး စျေးပါကောင်းလာမယ်" ဟု ၎င်းက ပြောသည်။
✔️ ပဲစင်းငုံ ၊မတ်ပဲ နှင့် ပဲတီစိမ်း ပို့ကုန်များမှာမူ အိန္ဒိယမှ လိုအပ်ချက်များနေခြင်းကြောင့် ဇွန်လအတွင်း ပဲစင်းငုံ၊ မတ်ပဲစျေးကွက်ကောင်းမွန်နေခဲ့ပြီး လာမည့် ဇူလိုင်လတွင်လည်း ပဲလက်ကျန်နည်းလာသဖြင့် စျေးကျဆင်းရန် အခြေအနေမရှိကြောင်း ဦးကျော်သွင်က ပြောသည်။ ဇွန်လ ၂၈ ရက်တွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၂,၅၀၀ ၊ မတ်ပဲ (ပိဿာ ၆ဝ) သုံးတင်းတစ်အိတ် ကျပ် ၁၀၅,၀၀၀-၁၀၆,၀၀၀ စျေးရှိနေသည်။
✔️ ပဲတီစိမ်းမှာမူ အညာပဲတီစိမ်းများသာ တရုတ်နိုင်ငံသို့တင်ပို့ရန် အဝယ်အနည်းငယ် ရှိနေပြီး နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် ဝယ်ယူမှု ကျဆင်း သွားခြင်းဖြစ်ကြောင်း နှင့် ပဲတီစိမ်းရွှေဝါမှာမူ မန္တလေးဈေးကွက်တွင် အရောင်းအဝယ် မရှိသလောက် ဖြစ်နေကြောင်း ၎င်းက ပြောသည်။ “အညာပဲတီစိမ်းကတော့ တရုတ်နိုင်ငံပို့တာ များတယ်။ မန္တလေးစျေးကွက်ကနေ ရန်ကုန်ကိုသွားတာ နည်းပါတယ်။ ပဲတီစိမ်းရွှေဝါက မန္တလေးစျေးကွက်မှာ အရောင်းအဝယ် မရှိသလောက်ဖြစ်သွားပြီ။ အညာပဲတီစိမ်းတွေပဲ အရောင်းအဝယ်ရှိတော့တယ်။ တစ်အိတ် ကျပ် ၁၀၃,၀၀၀-၁၀၄,၀၀၀ ဈေးရှိတယ်။ ကျပ် ၁,၀၀၀ လောက် စျေးကျသွားတယ်” ဟု ၎င်းက ပြောသည်။
✔️ နှမ်းဈေးကွက်တွင် နှမ်းနက်အသစ်များသာ စျေးကောင်းကာ ဝယ်လိုအားရှိသော်လည်း လက်ကျန်နှမ်းနက်ဟောင်းများမှာ စျေးကောင်းမရရှိပေ။ “နှမ်းနက်အသစ်ဝယ်လိုအားတော့ တစ်အိတ်ကျပ် ၁၅၈,၀၀၀-၁၆၀,၀၀၀ မှာ စျေးတက်ပြီး ငြိမ်နေတယ်။ ပြည်တွင်းလက်ကျန်နှမ်းတွေ များနေသေးတယ်။ နှမ်းနက် အဟောင်းက တစ်အိတ်ကျပ် ၁၀၅,၀၀၀ လောက်ပဲ ပေါက်စျေးရှိနေပါတယ်။ လာမည့်ဇူလိုင် စျေးကွက်မှာ အသစ်မဟုတ်ရင် ဝယ်လိုအားနည်းနေနိုင်သေးတယ်” ဟု ၎င်းက ပြောသည်။
✔️ မြေပဲမှာမူ ပဲအားလုံးတွင် အထိခိုက်ဆုံးအခြေအနေဖြစ်လာပြီး တစ်ပိဿာချင်းအပေါ် ကျပ် ၇၀၀ ဝန်းကျင်ကျဆင်းသွားသည်။ မြေပဲလုံးဆံ(ထိပ်စ) အထူး တစ်ပိဿာ ကျပ် ၂,၇၀၀-၂,၈၀၀၊ ဆီဆံ တစ်ပိဿာ ကျပ် ၂,၃၀၀-၂,၄၀၀ သာ ဈေးရှိနေပြီး ယခင်နှစ် ကာလတူအချိန်က မြေပဲလုံးဆံ တစ်ပိဿာ ၃,၄၀၀-၃,၅၀၀ ရှိခဲ့သည်။
Sources : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)