menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေပဲလုံးဆံ နှင့် ပဲတီစိမ်းစျေး ပြန်လည်မြင့်တက်လာပြီး နမ်းနက်စျေးကွက် ကျဆင်းနေဆဲဖြစ်
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ မြေပဲလုံးဆံ နှင့် ပဲတီစိမ်းများ ဈေးကျဆင်းရာမှ ပြန်လည်မြင့်တက်လာသော်လည်း နှမ်းနက်စျေးကွက်မှာ ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။
➡️ ပြည်တွင်းပို့ကုန်ပဲများနှင့် ပဲ၊ နှမ်းဈေးကွက်မှာ ဩဂုတ်လအတွင်း ဈေးကျဆင်းနေရာမှ လကုန်ပိုင်းရက်များတွင် ဈေးကျဆင်းမှုရပ်သွားပြီး စက်တင်ဘာလဆန်းပိုင်းတွင် ပဲ၊ နှမ်းအမျိုးအစားအလိုက် ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း ဈေးကျဆင်းနေသည့် ပဲတီစိမ်းဈေးကွက်မှာလည်း မြင့်တက်လာသလို နှမ်းဈေးကွက်မှာမူ အကျဈေးဖြင့်ငြိမ်နေကြောင်း ပဲ၊ နှမ်းကုန်သည် ဦးဆန်းထွန်းလွင် က ပြောသည်။
➡️ "မြေပဲလုံးဆံရော၊ ဆီဆံရော ဈေးကျဆင်းမှုရပ်သွားပါပြီ။ လက်ရှိမှာ တောင်သူတွေက အရေးတကြီးရောင်းချမှုမရှိတော့ဘဲ ဈေးထိန်းရောင်းနေတာကြောင့် မြေပဲဆံဈေးကွက် ပြန်လည်မြင့်တက်လာပါပြီ။ မြေပဲအမျိုးအစားအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀ ခန့် မြင့်တက်လာပါတယ်။ နှမ်းမျိုးစုံဈေးကွက်ကတော့ ဆက်လက်ဈေးငြိမ်နေပြီး ပဲတီစိမ်းက အကျဈေးကွက်ကနေ ပြန်လည်မြင့်တက်လာပါတယ်။ အခြားပို့ကုန်ပဲတွေကတော့ ယခင်သီတင်းပတ်အတိုင်း အပြောင်းအလဲမရှိဈေးငြိမ်နေပါတယ်" ဟု ၎င်းက ပြောသည်။
➡️ စက်တင်ဘာ(၁)ရက်တွင် ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀၊ မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ ပဲတီစိမ်း(အညာ) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀ အထိ ဈေးကျဆင်းနေသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အနည်းငယ်အတက်အကျရှိသော်လည်း အရောင်းအဝယ်ပုံမှန်ရှိနေရာ V2 ကုလားပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၅၈,၀၀၀၊ V7 သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၄၀,၀၀၀၊ 929ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၇,၀၀၀ ပေါက်ဈေးရှိ နေသည်။
➡️ ပြည်တွင်းသုံးပဲမာလိုင်းများမှာ စက်တင်ဘာ(၁)ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၆၇၀,၀၀၀၊ ပဲနီပြာ(ကျွန်း) တစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀၊ ပဲထောပတ် (သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၃၉၀,၀၀၀ ပေါက်ဈေးရှိနေပါသည်။
➡️ နှမ်းမျိုးစုံဈေးကွက်မှာ ဈေးကျဆင်းနေရာ စက်တင်ဘာ(၁)ရက်တွင် နှမ်းနက်သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၆၈၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ နှမ်းဖြူ(ဗမာ)သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၅,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ တစ်ပိဿာလျှင် ငွေကျပ် ၇,၈၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၆,၀၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
➡️ မန္တလေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းပေါက်ဈေးများမှာ ပစ္စည်းအရည်အသွေးနှင့် ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲများဖြစ်နိုင်သလို ဈေးအတက်အကျကိုလည်း ကုန်သည်ပွဲစားများမှ ထိန်းသိမ်းကာ သတင်းထုတ်ပြန်မှုများကြောင့် နေ့စဉ်ပေါက်ဈေးများမှာ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)