menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"မြေပဲဆံတစ်မျိုးတည်းသာ အရောင်းအဝယ်သွက်နေသည့် ပဲမျိုးစုံ နှင့် နှမ်းဈေးကွက်"
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
▶️မန္တလေးကုန်စည်ဒိုင်တွင် နှစ်စဉ် ကထိန်ရာသီရောက်တိုင်း အလှူအတန်းများနှင့် ခရီးသွားချိန် အရောင်းအဝယ်နားချိန်ဖြစ်သဖြင့် ယခုသီတင်းပတ်များတွင် အရောင်းအဝယ်အများစုမှာ အေးလျက်ရှိသည်။ လက်ရှိတွင်ဆီစက်သမားတွေရောင်းကောင်းသဖြင့် မြေပဲဆံ နှင့် မျိုးမြေပဲတို့သာ အရောင်းအဝယ်သွက်နေပြီး အခြားကုန်စည်များမှာမူ အရောင်းအဝယ်အေးလျက်ရှိနေသည်။
▶️“ပြည်တွင်းပဲဈေးကွက်မှာ ထူးခြားမှုမရှိပဲ အရောင်းအဝယ်ခပ်အေးအေးသာရှိနေပါတယ်။ နိုင်ငံခြား တင်ပို့မှုမရှိသေးတော့ ပို့ကုန်ပဲတွေရော ပြည်တွင်းသုံးပဲတွေ ခပ်အေးအေးနဲ့ ဈေးတက်ခြင်းမရှိပါဘူး။ မြေပဲဆံတစ်ခုပဲ ဆီစက်သမားတွေ ဆီရောင်းကောင်းနေလို့ ဈေးမတက်ဘဲခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေပါတယ်။ အညာဧရာဝတီမြစ်ရိုးတစ်လျှောက်က မျိုးမြေပဲဆံတွေဝယ်နေရပြီ။ ဆီစက်သမားကလည်း ဆီကြိတ်ဖို့ဝယ်တော့ မြေပဲဆံကလွဲရင် ကျန်တဲ့ပဲတွေ ခပ်အေးအေးရှိနေပါတယ်။ ပဲမာလိုင်းတွေကတော့ ဈေးအေးနေပေမယ့် ကျွန်းစာတော်ပဲကတော့ မြန်မာပြည်ရဲ့မနက်စာဖြစ်နေတော့ ဈေးကောင်းနေဆဲပါ” ဟု မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံက ပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
ပို့ကုန်ပဲများ နိုင်ငံခြားတင်ပို့မှုမရှိသေးချိန်နှင့် ပြည်တွင်းဒေါ်လာဈေးတည်ငြိမ်နေသဖြင့် ပို့ကုန်မတ်ပဲ နှင့် ပဲစင်းငုံပေါက်ဈေးတို့မှာ အပြောင်းအလဲမရှိတည်ငြိမ်နေသည်။ အောက်တိုဘာ (၂၇) ရက်တွင် မတ်ပဲတစ်အိတ် ကျပ် ၁၈၅,၀၀၀၊ ပဲစင်းငုံတစ်အိတ် ကျပ် ၁၈၅,၀၀၀ သာ အဝယ်ရှိပြီး အရောင်းသမားက ၁၉၀,၀၀၀ ဈေးဖွင့်ထားသည်။ ပဲတီစိမ်း(အညာ)မှာ ထိပ်စသုံးတင်းဝင်တစ်အိတ်ကျပ် ၁၄၅,၀၀၀ ပေါက်ဈေးရှိသော်လည်း ဝယ်လက်ကောင်းကောင်းမရှိသေးကြောင်း သိရသည်။
🥜မြေပဲ🥜
ဧရာဝတီမြစ်ရိုးတစ်လျှောက် မြေနုကျွန်းများအပါအဝင် ဆောင်းမြေပဲစိုက်ခင်းများ စိုက်ပျိုးရန် ပြင်ဆင်နေချိန်ဖြစ်သောကြောင့် မျိုးမြေပဲတစ်ပိဿာ ကျပ် ၆,၀၀၀ ပေါက်ဈေးရှိသော်လည်း ဆီဆံများမှာ တစ်ပိဿာ ၅,၄၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ်သွက်နေသည်။
▶️အောက်တိုဘာ (၂၇) ရက် ဈေးနှုန်းများ အရ ကုလားပဲ V2တစ်အိတ်ကျပ် ၁၉၂,၀၀၀၊ ပဲယင်းတစ်အိတ် ကျပ် ၁၃၅,၀၀၀၊ ပဲကြီး တစ်အိတ် ကျပ် ၂၃၅,၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၆၅,၀၀၀၊ စွန်တာပြာတစ်အိတ် ကျပ် ၁၅၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ကျပ် ၂၅၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်ကျပ် ၄၀၀,၀၀၀ အသီးသီး ပေါက်ဈေး ဖြစ်နေသည်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း