menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မိုးနှောင်းကာလအစ ဝါစျေးနှုန်းအခြေအနေ .....
🍃🍃🍃🍃🍃🍃🍃🍃🍃🍃
↗️ မိုးနှောင်းကာလအစတွင် ပြည်တွင်းဝါစျေးနှုန်းများ အနည်းငယ်ကျသွားကြောင်း ဝါလုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။ လက်ရှိတွင် ဝါအထွက်နှုန်းများနေသည့်အပြင် မိုးရွာသွန်းမှုများနေခြင်းကြောင့် ဝါများ စိုစွတ်မှုများရှိကာ စျေးကျဆင်းနေခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။
↗️ “အဓိက က ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ့။ ဝါလဲပိုထွက်လာတယ်။ ဝါတွေလဲစိုတော့ စျေးက ကျသွားတာလို့ပြောလို့ရတယ်။ ဝါမစိုရင် စျေးမကျပါဘူး။ မိုးကြိုတုန်းက ဝါတစ်ပိဿာ ၃,၅၀၀ ထိရှိတယ်။ မိုးကြိုတုန်းက ပျော်ဘွယ်၊ သာစည်ဘက်ပဲရှိတာ ဒီဘက်တွေမထွက်သေးဘူး။ အခုက တစ်နိုင်ငံလုံးကို ထွက်လာတယ်” ဟု မန္တလေးမြို့ စက်မှုဇုန်(၁)မှ “သီဟမျိုး” ဝါစက်၊ ဆီစက် နှင့် ဝါဂွမ်းရောင်းဝယ်ရေးမှ ကိုသီဟမျိုး မှပြောသည်။
↗️ လက်ရှိစျေးကွက်တွင် ဝါခြောက်များကိုသာ အဓိကထား စျေးပိုပေး၍ဝယ်ယူနေပြီး ပြည်တွင်းဝါစျေးနှုန်း မှာ တက်လိုက်ကျလိုက်ဖြစ်နေကြောင်း ဝါလုပ်ငန်းရှင်များအဖွဲ့မှ သိရသည်။ မိုးကြိုအစက ဝါတစ်ပိဿာ လျှင် ၃,၅၀၀အထိရှိခဲ့ပြီး လက်ရှိဝါစျေးနှုန်းမှာ ဝါစိုနေပါက တစ်ပိဿာလျှင် ၂,၈၀၀ မှ ၃,၀၀၀ အထိ ၊ ဝါ ခြောက်ပါက ၃,၁၀၀ မှ ၃,၂၀၀ အထိသာရှိကြောင်း စျေးကွက်မှစုံစမ်းသိရှိရပြီး ဒေသတစ်ခုနှင့်တစ်ခု စျေးနှုန်းများ အနိမ့်အမြင့်ကွာကာ အရောင်းဝယ်ဖြစ်နေကြကြောင်းသိရသည်။
↗️ “ဝါစျေး လက်ရှိ ၃,၀၀၀ ဝန်းကျင်လောက်ပဲ ဖြစ်နေမှာပါ။ စျေးကွက်ကတော့ နည်းနည်းကျတယ်။ ဒါပေမဲ့ တက်လိုက်ကျလိုက်ပါပဲ” ဟုဝါလုပ်ငန်းရှင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိပေါက်စျေးမှာ လုပ်ငန်းရှင်များအတွက် အကျိုးအမြတ်များများမရှိနိုင်ကြောင်း သိရပြီး စက်သမားများအနေဖြင့် စက်ခကျန်သလောက်သာရှိကြောင်း နှင့် တောင်သူတွေအနေဖြင့်လည်း စိုက်စရိတ်ကြီးသည့်အတွက် အကျိုးအမြတ်သိပ်မကျန်ကြောင်းသိရသည်။
↗️ လက်ရှိတွင် ဝါကို တရုတ်ဘက်သို့ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် တင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ဝယ်ယူမှုများရှိနေမည်ဆိုပါက စျေးကွက်ကောင်းနိုင်ကြောင်း ကုန်သည်များထံမှသိရသည်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှတစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများအကြားထုတ်ပေးသော ပင်ရင်း နိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးလျက်ရှိရာ ဝါဂွမ်းတင်ပို့မှုအတွက် အများဆုံးထုတ်ပေးလျက်ရှိကြောင်းသိရသည်။
↗️ ပြည်တွင်းသုံးလုံလောက်ပြီး ပြည်ပပို့ကုန်လျာထားချက်များအောင်မြင်ရေးအတွက် စိုက်ဧက တိုးချဲ့ဖို့ထက် အရည်အသွေးမှီဝါများ တစ်ဧကအထွက်နှုန်းကောင်းရန်ကျိုးပမ်းနေကြောင်း နှင့် မျိုးကောင်းမျိုးသန့်များကောင်းစွာလွှမ်းခြုံနိင်ရေးဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြည်ပစပ်မျိုး တင်သွင်းကုမ္ပဏီများအားဆက်သွယ်ဖိတ်ခေါ်ကူညီပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဝါနှင့် ဝါထွက်ပစ္စည်းလုပ်ငန်းရှင်းအသင်းမှ သိရသည်။ ဝါကို မိုးနှမ်းနှင့်အတူ ၅လပိုင်းကျော် ၆လပိုင်းခန့်တွင် တွဲစိုက်ကြကြောင်းလည်းသိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)