menu

မိုးစပါးရိတ်တောင်သူများကို စက်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် စီစဉ်နေ.....


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

✔️မိုးစပါးရိတ်သိမ်းချိန်တွင်တောင်သူများအား သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီများ ရောင်းချပေးနိုင်ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရသည်။ အောက်တိုဘာ (၂၉)ရက်က စီးပွား/ကူးသန်း တာဝန်ရှိသူများနှင့် စက်သုံးဆီရောင်းချပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်/မွေး/ဆည်၊ ဗဟိုဘဏ်တို့အပြင် UMFCCI ၊ ဆန်စပါးအသင်းချုပ်၊ စက်သုံးဆီအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

✔️ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ဒေသအလိုက် မိုးစပါးစိုက်ပျိုးမှု၊ ရိတ်သိမ်းနေမှု၊ စက်မှုလယ်ယာနှင့် ပုဂ္ဂလိကရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးနိုင်မှု၊ စက်သုံးဆီထုတ်လုပ်မှုနှင့် လက်ကျန်၊ တိုင်းဒေသကြီးအလိုက်စက်သုံးဆီလိုအပ်ချက်အခြေအနေများနှင့် မိုးစပါးမရိတ်သိမ်းမီ တောင်သူများထံ စက်သုံးဆီဖြန့်ဖြူးရောင်းချနိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

✔️လက်ရှိ နိုင်ငံတစ်ဝန်း မိုးစပါးစိုက်ဧက (၁၅) သန်းခန့် စိုက်ပျိုးထားပြီး မန္တလေးတိုင်းဒေသကြီးတွင်း မိုးစပါးစိုက်ဧက ငါးသိန်းခန့် စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနကထုတ်ပြန်ထားသည်။

✔️ယခုလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်ပပေါက်ဈေးထက် လျော့နည်းပြီး ကန်ဒေါ်လာသန်း ၁၁၀ ကို ဈေးပြိုင်လေလံနှင့်ရောင်းချခဲ့ရာမှ စက်သုံးဆီကဏ္ဍက ခွဲတမ်းအဖြစ် ဒေါ်လာသန်း ၃၀ ခန့် ရရှိထားကြောင်း သိရသည်။

✔️အဆိုပါသက်သာစျေးနှုန်းဖြင့် ကုန်သေတ္တာတင်မော်တော်ယာဉ်များ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းမှ သင်္ဘောများ၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်တို့က ခွဲတမ်းရရှိထားပြီး ယခုအခါ မိုးစပါးရိတ်သိမ်းချိန် တောင်သူများထံရောင်းချပေးရန်အစီအစဉ်လည်း အပါအဝင်ဖြစ်ကြောင်းသိရသည်။

✔️စပါးရိတ်သိမ်းစက်များအသုံးများသည့်စက်သုံးဆီစျေးများမှာ နိုဝင်ဘာ (၁) ရက်တွင် မန္တလေးမြို့ပေါ်စျေး ဒီဇယ်တစ်ပေပါ ကျပ် ၃၁၀,၅၀၀ နှင့် အောက်တိန်းတစ်ပေပါကျပ် ၃၂၈,၅၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

Credit to : ရွှေမန်း(မြန်မာတောင်သူကြီးများဂျာနယ်)