menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မိုးစပါးစိုက်ပျိုးစရိတ် စတင်ထုတ်ချေးပေး
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔹၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို စတင်ထုတ်ချေးလျက်ရှိပြီး စက်တင်ဘာလကုန်အထိ ချေးပေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သည်။
🔹သို့သော် ယခင်နှစ်များအတိုင်း တောင်သူများအနေဖြင့် ချေးငွေဟောင်းများ ပြန်လည် ပေးဆပ်ပြီးမှသာ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ယူနိုင်မည်ဖြစ်သည်။
🔹မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် တစ်ဧက ငွေကျပ် တစ်သိန်းခွဲ ထုတ်ချေးပေးခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ အတွင်း တောင်သူများ ပြန်လည်ပေးဆပ်ရမည့် ၂၀၂၀ ပြည့်နှစ် မိုးရာသီ ချေးငွေများကို ဇူလိုင်လကုန်အထိ တိုးမြှင့် ဖြေလျော့ပေးထားကြောင်းလည်း သိရသည်။
🔹မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၂၆ ရက်မှစတင်၍ စက်တင်ဘာလ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၊ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများတွင်ထုတ်ချေးပေးလျက်ရှိပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
🔹နှစ်စဉ် မိုးစပါးနှင့်နွေစပါးစုစုပေါင်း ဧက ၁၈ သန်းနီးပါး စိုက်ပျိုးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၁၇ သန်းကျော်သာရှိခဲ့သဖြင့် ငါးနှစ်အတွင်း စိုက်ပျိုးမှုအနည်းဆုံးဖြစ်ခဲ့သည်။
Credit : The Farmer Media