menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မိုးစပါးစတင်ရိတ်သိမ်းချိန် သတ်မှတ်အခြေခံရည်ညွှန်းဈေးထက်ပိုမိုကာ တင်း ၁၀၀ လျှင် ကျပ် ၆၀၀,၀၀၀ ခန့်ပေါက်စျေးရှိလာ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
⏩ယခုနှစ် မိုးစပါးရာသီရိတ်သိမ်းချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၆၀၀,၀၀၀ ခန့်ဖြင့်ရောင်းချရပြီး ယခင်နှစ်ထက် ဈေးပိုမိုရရှိကြောင်းနှင့် လက်ရှိအခြေခံရည်ညွှန်းစပါးစျေးနှုန်း တင်း၁၀၀ လျှင် ကျပ် ၅၄၀,၀၀၀ သတ်မှတ်ချက်ထက် ပိုမိုရရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က မိုးစပါးရိတ်သိမ်းချိန် စပါးအစိုစျေးမှာ ကျပ် ၄၅၀,၀၀၀ သာပေါက်စျေးရှိသော်လည်း ယခုနှစ် အောက်တိုဘာလ ပထမသီတင်းပတ်တွင် ငစိန်စပါးမျိုးတင်း ၁၀၀ လျှင် ကျပ် ၅၈၀,၀၀၀ -၆၀၀,၀၀၀ ပေါက်စျေးရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ခရမ်း-သုံးခွမှ တောင်သူ ဦးကျော်ဝင်းက ပြောသည်။ သိုသော် စပါးရိတ်သိမ်းခများမှာ ယခင်နှစ်ထက် ကျပ် ၁၀,၀၀၀ ခန့် ပိုမိုကာ တစ်ဧက ကျပ် ၅၅,၀၀၀ ပေးရကြောင်း ၎င်းကပြောသည်။
⏩“စပါးရိတ်ခကတော့ အရင် ၄၀,၀၀၀-၄၅,၀၀၀ ကနေ ဒီနှစ် ၅၅,၀၀၀ စျေးပေးရတယ်။ စပါးစျေးက အစိုအတိုင်းကို ငစိန်စပါးမျိုးတင်း ၁၀၀ ကို ကျပ် ၅၈၀,၀၀၀-၆၀၀,၀၀၀ စျေးဝယ်တယ်။ စပါးကတော့ တစ်အိတ် ၅၅ ပေါင်အလေးချိန်ပေးရတယ်။i စပါးတင်း ၁၀၀ ဆိုရင် တင်း ၉၀ ဖိုးပဲရတဲ့သဘောပါ။ စပါးအစိုဖြစ်တော့ အခြောက်ခံရမှာရယ် ၊ အမှိုက်သရိုက်ရှင်းမှာနဲ့ ဆိုတော့ ၁၀ ရာခိုင်နှုန်းပိုပေးရတယ်။ ဒီစျေးက ရိတ်စက်ကထွက်တဲ့အတိုင်း အစိုစပါးဝယ်တဲ့စျေးပါ။ ငစိန်စပါးမျိုးကတော့ ဆန်ကြမ်းအဖြစ်ပဲသုံးတဲ့စပါးမျိုးပါ။ ဒီနှစ်က သွင်းအားစုတွေသုံးတာ လျော့ထားတော့ စပါးအထွက်ကလည်းနည်းနည်းလျော့ပါတယ်” ဟု ဦးကျော်ဝင်းက ပြောသည်။
⏩ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြိုနယ်မှ ဦးအောင်ထွန်းကမူ ၎င်းဒေသအတွင်း ပြည်တွင်း စားသုံးမှုများသည့် ပေါ်ဆန်းမွှေးစပါးမျိုးကို စိုက်ပျိုးမှုများပြားကြောင်း နှင့် စပါးရိတ်သိမ်းချိန် မရောက်သေးခြင်းကြောင့် ပေါက်စျေးမပြောနိုင်သေးသော်လည်း အခြေခံစပါးစျေးနှုန်းထက် များစွာ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းပြောသည်။ “ဒီအချိန်မှာကတော့ ဖျာပုံဒေသက စပါးမပေါ်သေးပါဘူး။ လယ်သမားအများစုကတော့ စပါးပေါ်ပေါ်ချင်း အကုန်မရောင်းပါဘူး။ ငွေလိုသူကတော့ လိုသလောက်ပဲ ရောင်းတာပါ။ နောက်ပိုင်းမှ တဖြေးဖြေး ရောင်းချတာပါ။ အခုချိန်မှာတော့ စပါးပေါက်စျေးလို့ မရှိသေးပါဘူး။ စပါးလည်း မရိတ်သိမ်းသေးတော့ ရိတ်သိမ်းခလည်း မသိသေးပါဘူး။ စပါးလှိုင်လှိုင်ပေါ်မှ စပါးစျေးမှန်မှာပါ။ ဒီနှစ်က မြေဆီစျေးက နှစ်ဆလောက်စျေးတက်တော့ တောင်သူအများစုကတော့ သွင်းအားစု မသုံးနိုင်ကြပါဘူး။ မိုးစပါးမှာတော့ ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးမှုများတော့ လက်ရှိ အခြေခံစပါးစျေးထက် အများကြီးပိုပါတယ်။ ဒီနှစ်က စပါးအထွက်နှုန်းတော့လျော့ပေမယ့် စျေးကောင်းရရှိမှာပါ” ၎င်းက ပြောသည်။
⏩တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲက ယမန်နေ့ အောက်တိုဘာလ ၆ ရက်တွင် အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို တင်း ၁၀၀လျှင် ကျပ် ၅၄၀,၀၀၀ သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်ပါ အခြေခံရည်ညွှန်းဈေးနှုန်းမှာ အစိုဓာတ် ၁၄ ရာခိုင်းနှုန်းရှိ၍ အဖျင်းအမှော် ၊ သဲ ၊ ခဲ ကင်းစင်ပြီး တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ အား သတ်မှတ်ခြင်းဖြစ်သည်။ စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် ယင်းသတ်မှတ်ချက်မှာ ၂၀၂၁ခုနှစ် မိုးစပါးနှင့် ၂၀၂၂ နွေစပါးတို့အတွက်ဖြစ်ကြောင်း ပါဝင်သည်။ ထိုပြင် ရည်ညွှန်းစပါးစျေးနှုန်းအောက်ရောက်ရှိပြီး ရောင်းချရန် အခက်အခဲရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ ဆက်သွယ်ရောင်းချနိုင်ကြောင်းလည်း သိရသည်။
⏩ထိုသို့ အခြေခံရည်ညွှန်းစပါးစျေးနှုန်းများကို သတ်မှတ်ပေးထားသော်လည်း ပြည်တွင်း ဆန်ကြမ်းအုပ်စုဝင် စပါးမျိုးဖြစ်သည့် ငစိန်စပါးမျိုးသည်ပင် တင်း ၁၀၀ လျှင် ကျပ် ၆၀၀,၀၀၀ ခန့် ပေါက် စျေးရှိနေကြောင်း ဆန်ကုန်သည်များထံကသိရသည်။ ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရာတွင် သွင်းအားစုအတွက် ကုန်ကျစရိတ် ပိုမိုခဲ့ကြောင်းနှင့် လက်ရှိတွင် ဒေသတွင်း ဈေးနှုန်းမသိရှိရသေးကြောင်း နေပြည်တော်၊ တပ်ပိုးကျေးရွာမှ တောင်သူ ကိုနေဇာလင်းကလည်း ပြောသည်။ “ပေါင်းသတ်စျေး ၊ ပုလဲမြေဆီစျေးတွေ မြင့်တက်လာပါတယ်။ လက်ရှိ ပုလဲမြေဆီတစ်အိတ် ကျပ် ၆၅,၀၀၀-၇၀,၀၀၀ စျေး ဖြစ်လာတယ်။ စပါးစျေးက ဘယ်ဆီနေမှန်းမသိပေမယ့် သွင်းအားစု စျေးကြီးပေးသုံးထားရပါတယ်။ မိုးစပါးရာသီအစမှာ မြေပြင် အလုပ်သမားစရိတ်တွေ စျေးမတက်ခဲ့ပေမယ့် ရိတ်သိမ်းချိန် ဘယ်လောက်ကုန်မယ် မခန့်မှန်းနိုင်သေးဘူး” ဟု ၎င်းကပြောသည်။
⏩မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ယခင်နှစ် မိုးစပါးရာသီက စိုက်ပျိုးမှုများခဲ့သည့် ဧရာမင်းစပါးမျိုးမှာ စပါးပေါ်ချိန်တွင် တင်း ၁၀၀ ကျပ် ၈၀၀,၀၀၀-၉၀၀,၀၀၀ ပေါက်စျေးရှိခဲ့ပြီး နွေစပါး ဆင်းသုခ၊ ရက်၁၀၀ စပါးတို့မှာ ကျပ် ၇၀၀,၀၀၀ ဝန်းကျင် ပေါက်စျေးရှိခဲ့သဖြင့် ယခုနှစ်အခြေအနေများအရ အဆိုပါ ဈေးများထက် ပိုမိုနိုင်မည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။ ဆန်ပို့ကုန်သမားများအနေဖြင့် ပြည်တွင်းဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့် ဆန်တင်ပို့မှုမှာ ပိုမိုအဆင်ပြေလာကြောင်း နှင့် ယခင်နှစ်စာချုပ်များအရ ဆန်တင်ပို့မှု သတ်မှတ်ဒေါ်လာစျေးမှာ လက်ရှိပြည်တွင်းငွေစျေးဖြင့် တစ်တန်လျှင် ကျပ် နှစ်သိန်းကျော် ပိုမိုရရှိလာကြောင်း သိရသည်။
⏩ထိုသို့ ပို့ကုန်ဆန်များမှ အကျိုးအမြတ်များလာသကဲ့သို ပြည်တွင်းတောင်သူများ၏ စပါးစျေးနှုန်းမှာ တင်း၁၀၀လျှင် ကျပ် ၆၀၀,၀၀၀ အထက်တွင် ဖြစ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးဝင်းဌေးက သုံးသပ်ပြောကြားသည်။ “ပြည်တွင်းမှာ သွင်းအားစုတွေ စျေးတက်လို့ တောင်သူတွေ စိုက်ပျိုးစရိတ်များတာက ကဏ္ဍတစ်ခုပါ။ ဒါပေမယ့် ပို့ကုန်ဆန်သမားတွေက အရင်က ဆန် တစ်တန် ဒေါ်လာ ၃၄၀-၃၅၀ ဝန်းကျင်နဲ့တင်ပို့တာက အခုလဲ ဒီစျေးပဲရှိတာပါ။ သိုပေမယ့်ငွေလဲနှုန်းက အတော်ကွာသွားတော့ ဆန်တစ်တန်ပေါ် မှာကို ကျပ်နှစ်သိန်းကျော် ပိုမိုရရှိလာပါတယ်။ စပါးစျေးက သိပ်တက်လာတာမဟုတ်တော့ ပိုမိုအကျိုးအမြတ် များလာတာပါ။ လက်ရှိ အခြေခံစပါးစျေးကတော့ တင်း ၁၀၀ ကို ကျပ် ၆၀၀,၀၀၀ ကျော်မှ တောင်သူက အဆင်ပြေမှာပါ” ဟု ၎င်းကပြောသည်။
⏩စပါးဈေးကွက်သတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)