menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့ရာဘာ ဈေးကွက်အခြေအနေ
🌳🌳🌳🌳🌳🌳🌳🌳🌳🌳
➡️ပြည်ပစျေး ကျဆင်းသွားသည့်အတွက် ရာဘာစျေး အနည်းငယ်ပြန်ကျသွားခြင်းဖြစ်ကြောင်း ရော်ဘာ လုပ်ငန်းရှင်များထံမှသိရသည်။ ထို့အပြင် ပြည်ပမှဝင်ရောက်သည့် နိုင်ငံခြားငွေများကို သတ်မှတ်လိုက်သည့်အတွက်ကြောင့်လည်း ရာဘာစျေးကွက်ကို ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။
➡️“ဒေါ်လာစျေးကို သတ်မှတ်လိုက်တဲ့အခါကျတော့ ရာဘာစျေးက ၁,၁၀၀ ဝန်းကျင်ပဲရှိတော့တယ်။ ရာဘာစျေးက ပြည်တွင်းမှာ ဒေါ်လာစျေးအတက်အကျပေါ်မှာပဲ သက်ဆိုင်တာ ပြည်တွင်းသုံးမရှိဘူး။ ပြည်တွင်းသုံးတာက ၈ရာခိုင်နှုန်းလောက်ပဲရှိတာ အဓိက နိုင်ငံတကာစျေးနဲ့ ပြည်တွင်းဒေါ်လာစျေး ပေါ်မှာပဲ မူတည်တယ်။ နိုင်ငံခြားစျေးကျလို့လဲရာဘာစျေးက ကျသွားတာလဲပါတယ်” ဟု မြန်မာနိုင်ငံ ရာ ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။
➡️ရာဘာရာသီစတင်ချိန်က ရာဘာတစ်ပေါင်လျှင် ၁,၂၀၀ကျော်အထိ ပေါက်စျေးရှိခဲ့ပြီး လက်ရှိရာဘာ တစ်ပေါင်လျှင် ၁,၁၀၀ ဝန်းကျင်သာ ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်များ ရာဘာရာသီတွင် ရာဘာ တစ်ပေါင်လျှင် ၇၅၀ ခန့်သာရှိခဲ့သည့်အတွက် ပြီးခဲ့နှစ်ရာဘာခြံ ဖွင့်ချိန်ဖြင့်ယှဉ်ပါက စျေးနှုန်းအနေဖြင့် ထက်ဝက်နီးပါးခန့်မြင့်တက်လာသောကြောင့် ယခုစျေးမှာ စျေးရနေသေးသည်ဟု ပြောလို့ရကြောင်း ရာဘာခြံပိုင်ရှင်များထံမှ သိရသည်။ နိုင်ငံတကာပေါက်စျေးအနေဖြင့် ယခင် တစ်တန်လျှင် ဒေါ်လာ ၂,၂၀၀ အထိ ရှိခဲ့ရာမှ ယခုလက်ရှိရာဘာ တစ်တန်လျှင် ဒေါ်လာ ၂,၀၀၀ ဝန်ကျင်းသာရှိတော့ကြောင်း သိရသည်။
➡️“ပြည်ပပို့ရတာ ဒီလောက်အခက်ခဲမရှိဘူး၊ Export ပို့ပြီး ပြန်ဝင်လာတဲ့ ငွေကြေးပေါ်မှာ မြန်မာငွေနဲ့ လဲတဲ့အခါမှာ ပြဿနာတွေတပုံကြီးပဲ၊ နိုင်ငံခြားကဝင်လာတဲ့ပိုက်ဆံလား၊ Export ပို့လို့ ဝင်လာတဲ့ ပိုက်ဆံလား ကျပ်နဲ့လဲထားတဲ့ ၁၀၀ ရာခိုင်နှုန်း ထုတ်လို့ရတဲ့ Special account ထဲပဲထည့်ပေးရမှာ အခု က ဘဏ်တွေက Special account တစ်ဝက်၊ တစ်လကို သိန်း၂၀၀ပဲ ထုတ်လို့ရတဲ့ Old account တစ်ဝက်ထည့်ရမယ်ဆိုပြီးလုပ်နေကြတယ်၊ ဗဟိုဘဏ်က ညွှန်ကြားချက်က ၁၀၀ ရာခိုင်နှုန်း New account ထဲ ထည့်ပေးရမယ်။ Export အတွက် ပစ္စည်ဝယ်တဲ့အခါမှာ အလျှင်အမြန်ဝယ်လို့ ရအောင် ငွေကြေးကို အမြန်ဆုံးထုတ်ပေးရမယ်လို့ ညွှန်ကြားထာတာ။ ဒါကအခက်ခဲတွေထဲက တစ်ခုပေါ့ ကျန်တာတွေ အခက်ခဲတွေအများကြီးပဲ” ဟု ဦးခိုင်မြင့် ကဆက်လက်ပြောသည်။
➡️လက်ရှိ တချို့ဒေသများတွင် မိုးရွာသွန်းမှုများရှိနေသောကြောင့် ရော်ဘာအစေးခြစ်သည့်လုပ်ငန်းများ အခက်တွေ့နေကြောင်းလည်းသိရသည်။ မိုးရာသီရောက်တော့မည်ဖြစ်၍ အစေးခြစ်သည့်လုပ်ငန်းများ ရပ်နားတော့မည်ဖြစ်ပြီး ခြံထိန်းသိမ်းခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ “ရာသီဉတုအခြေအနေကြောင့် ရော်ဘာခြစ်လို့အဆင်မပြေပြန်ဘူး။ အခု မိုးရာသီ ရောက်တော့မယ်ဆိုတော့ အစေးခြစ်တာတွေရပ်ရတော့မယ်” ဟု ပဲခူးတိုင်းဒေသကြီးရော်ဘာ စိုက်ပျိုးသူ တစ်ဦးကပြောထားသည်။
➡️လက်ရှိတွင် မြန်မာ့ရာဘာစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့်အား တရုတ်နိုင်ငံသို့အဓိကတင်ပို့လျှက်ရှိကာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်းတင်ပို့မှုများရှိကြောင်း၊ အများဆုံးအနေဖြင့် ပင်လယ်ရေကြောင်းမှတင်ပို့လျှက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်များတွင် ပြည်ပနိုင်ငံများသို့ ရာဘာတန်ချိန် သုံးသိန်းကျော်ခန့် တင်ပို့ထားပြီး ယခုနှစ်မှာခန့်မှန်းလို့ မရသေးကြောင်းသိရသည်။ ရာဘာကို တစ်နိုင်ငံလုံးစိုက်ဧက တစ်သန်းခြောက်သိန်းနှင့်လေးသောင်း ကျော်ထိရှိပြီး ရာဘာအထွက်နှုန်းမှာ တစ်နှစ်နှင့်တစ်နှစ် အထွက်နှုန်းများလာကြောင်း သိရသည်။
➡️ရာဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်း ဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများရှိကာမိုးရာသီတွင် ရာလုပ်ငန်းများရပ်နားလျက်ရှိသည်။
➡️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News