menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့အာလူး စျေးကောင်းရနေ .....
🍃🥔🍃🥔🍃🥔🍃🥔🍃🥔🍃
✔️ တရုတ်ဘက်မှ ကုန်သွယ်မှုရပ်နားထား၍ တရုတ်အားလူများအဝင်နည်းခြင်းကြောင့် အာလူးစျေးကောင်းရနေကြောင်း အာလူးစိုက်တောင်သူများ နှင့် ကုန်သည်များထံမှသိရသည်။ ယခုနှစ်စ မြန်မာ့အာလူးစျေးကွက်တွင် တရုတ်နိုင်ငံမှ တရားမဝင် ဝင်ရောက်သည့်အာလူးများနှင့် မိုးခေါင်ခြင်းတို့ကြောင့် အာလူးဥများ ကောင်းမွန်စွာမဖြစ်ထွန်းသဖြင့် အာလူးစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။
✔️ ယခုနှစ်စပိုင်းက အာလူးတစ်ပိဿာ ကျပ် ၅၀၀ အောက်အထိရှိခဲ့ပြီး အများဆုံး တစ်ပိဿာလျှင် ၈၀၀ ခန့်သာ ရှိခဲ့ကြောင်းသိရသည်။ ထို့နောက် ကိုဗစ်ရောဂါအခြေအနေကြောင့် တရုတ်နိုင်ငံမှ နယ်စပ်ကုန်သွယ် ရေးများ ကန့်သတ်ထားသည့်အတွက်တရုတ်နိုင်ငံမှ တရားမဝင် အာလူးများ ဝင်ရောက်ခြင်းမရှိတော့၍ ဩဂုတ်လမှစ၍ တဖြည်းဖြည်းမြင့်တက်လာရာလက်ရှိတွင် တစ်ပိဿာလျှင် ၂,၅၀၀ အထိ ရောက်ရှိခဲ့ကြောင်းသိရသည်။
✔️ မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၅ ခုနှစ်မှစပြီး တရုတ်အာလူးများတရားမဝင်ရောက်ရှိပျံ့နှံ့နေခြင်းမှာ ယခုအချိန်အထိဖြစ်ကြောင်း တောင်သူများကသုံးသပ်ကြသည်။ တရုတ်အာလူးများကြောင့် ပြည်တွင်းစိုက်အာလူးများအရောင်းအဝယ်အေးကာ နှစ်စဉ်အရှုံးပေါ်ခဲ့သောကြောင့် ရှမ်းပြည်နယ်ဘက်တွင် အာလူးစိုက်သည့်တောင်သူများ လျော့နည်းသွားကြောင်း သိရသည်။
✔️ “တရုတ်အာလူးကို မယှဉ်နိုင်လို့ နှစ်စဉ်ရှုံးခဲ့တာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကတောင်သူတွေဆို သိပ်မစိုက်ကြတော့ဘူး ။ ဒါကြောင့် အထွက်နှုန်းကျလာတယ်။ တရုတ်ဘက် ကုန်သွယ်မှုပိတ်ထားတော့ ပြည်တွင်းအာလူးရှားပြီး အခုစျေးအမြင့်စျေးရတာပေါ့”ဟု ရှမ်းပြည်နယ်ဘက်မှ အာလူးစိုက်တောင်သူ တစ်ဦး ကပြောသည်။ထို့ကြောင့် ရှမ်းပြည်အား အားထား၍ မျိုးစေ့ဝယ်ယူနေသည့် တချို့ဒေသများတွင် မျိုးစေ့ရှားကာ စိုက်ပျိုးမူနည်းပါးလျှက်ရှိကာ တနှစ်ထက်တနှစ် အထွက်နှုန်းလျော့ကျလာကြောင်း သိရသည်။
✔️ “၈လပိုင်းလောက်ကနေ တက်လာတာ ၁ပိသာကို ၂,၅၀၀ ထိရောက်သွားတယ်၊ အခုစျေးက တစ်ပိဿာကို ၂,၃၀၀ ပြန်ကျနေတယ်။ အရင်လတွေထက်စာရင်တော့ စျေးကောင်းရနေတယ်လို့ ပြောလို့ရတယ်။ မျိုးစေ့မရတာရယ်၊ ရာသီဥတုကြောင့်ရယ် အထွက်နှုန်းကတော့ ဒီနှစ်ကျတယ်” ဟု မကွေးတိုင်းဒေသကြီး စလင်မြို့နယ်မှ အာလူးစိုက်တောင်သူကိုကျော်ဇင်ထွန်း က ပြောသည်။
✔️ လက်ရှိ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ အာလူး(အောင်ပန်း)က တစ်ပိဿာကို ၁,၆၅၀ ကနေ ၂,၃၀၀ ကြားပေါက်ဈေးရှိပြီး လက်ကားဈေးကွက်မှာတော့ တစ်ပိဿာကို ၄,၀၀၀ ထိဈေးမြင့်တက်နေကြောင်း သိရသည်။ အာလူး အား ရှမ်းပြည်နယ်အာလူးကို ရှမ်းပြည်နယ်၊ ရန်ကုန်၊ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသများ တွင်အများဆုံးစိုက်ပျိုးကြကြောင်းသိရသည်။
✔️ အာလူးဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : AMIA Market News