menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့ကြက်သွန်နီကို ထိုင်းနှင့် ဗီယက်နမ်တို့မှ အဝယ်လိုက်နေ
🧅🧅🧅🧅🧅🧅🧅🧅🧅🧅
✔️မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှ အဝယ်လိုက်နေပြီး အပတ်စဉ် တင်ပို့နေရတယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက သိရပါတယ်။
✔️ထိုင်းနိုင်ငံက မြန်မာ့ကြက်သွန်နီတစ်တန်ကို ကျပ် ၃၁ သိန်း မှ ၃၄ သိန်းကျော်ထိ ဈေးပေးဝယ်နေပြီး တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်နယ်စပ်ကုန်သွယ်ရေးမှ ထိုင်းနိုင်ငံသို့ အပတ်စဉ်မြန်မာ့ ကြက်သွန်နီ တန် (၅၀) မှ တန် (၁၀၀) အကြား တင်ပို့နေရကာ လက်ရှိပေါက်ဈေးအနေဖြင့် (၁)တန် လျှင် 20-30 mm အတွက် (၃၉,၈၈၅) ဘတ်နှင့် 25-35 mm အတွက် (၄၄,၀၃၆) ဘတ် ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။
✔️ကြက်သွန်နီကို မောတောင်ကုန်သွယ်ရေးစခန်းအပြင် မြဝတီကုန်သွယ်ရေးဇုန်မှလည်း ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိရာ လတ်တလော ကြက်သွန်နီအသစ်တွေထွက်ပေါ်လာသည့်ကာလဖြစ်တဲ့အတွက် နိုဝင်ဘာလ (၂၁) ရက်နေ့က တန်ချိန် ၁၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
✔️ဗီယက်နမ်နိုင်ငံကလည်း ပြီးခဲ့တဲ့(၂) နှစ်ကာလက ကြက်သွန်နီဝယ်ယူမှု ရပ်နားခဲ့ပေမယ့် အခုနှစ် ပြန်လည်ဝယ်ယူမှုရှိလာခြင်းဖြစ်ကာ မြန်မာ့ကြက်သွန်နီကို ဈေးကောင်းပေးဝယ်နေတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီတစ်ပတ်ကို ပိဿာချိန် ၁၈,၀၀၀ ပါ တွဲကား (၁၀)စီးခန့် တင်ပို့နေရပြီး မြင်းခြံကြက်သွန်နီကို အဓိကဝယ်ယူကာ တစ်ပိဿာပေါက်ဈေး ကျပ် ၄,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
✔️မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပါ တင်ပို့နေပြီး ယခု နိုဝင်ဘာပထမပတ်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုံမှန်တင်ပို့မှုရှိနေတယ်လို့ သိရပါတယ်။
✔️မြန်မာနိုင်ငံတွင် နှစ်စဉ် ကြက်သွန်နီ ပျမ်းမျှတန်ချိန်(၁၀)သိန်း ဝန်းကျင် ထွက်ရှိနေပြီး ကြက်သွန်နီ ဈေးကွက်အတွင်း နိုဝင်ဘာ (၂၄) ရက်ပေါက်ဈေးအရ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာ ၄,၅၀၀ ကျပ်၊ ကံဆင့်ကြက်သွန်နီ တစ်ပိဿာ ၄,၅၀၀ ကျပ်နှင့် မြင်းခြံကြက်သွန်နီ တစ်ပိဿာ ၄,၈၀၀ ကျပ်ရှိတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။
✔️သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : MyanmaPlatform