menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“မြန်မာ့မတ်ပဲ အိန္ဒိယဈေးကွက်သို့ တန်ချိန် ၇ သိန်းအထိတင်ပို့မည်”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
↗️ မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံဈေးကွက်မှာ မိုဇမ်ဘစ်နိုင်ငံနဲ့ ဈေးကွက်ယှဉ်ပြိုင်ရောင်းချနေရတဲ့ အခြေအနေမှာရှိပေမယ့် လာမယ့်ဘဏ္ဍာနှစ် တန်ချိန် ၇ သိန်းထိ တင်ပို့နိုင်ဖို့ စီစဉ်ထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
↗️ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ၅၂၀ ကျော်တန်ဖိုးရှိ မတ်ပဲတန်ချိန် ၇ သိန်းတင်ပို့ရောင်းချသွားမှာဖြစ်ပြီး မတ်ပဲတစ်တန်ကို အမေရိကန်ဒေါ်လာ ၇၅၀ ရရှိဖို့ ခန့်မှန်းထားတယ် လို့ သိရပါတယ်။
↗️ မြန်မာနိုင်ငံမှ ပြည်ပတင်ပို့တဲ့ ပဲအုပ်စုထဲမှာ မတ်ပဲကအများဆုံးတင်ပို့ရောင်းချနေရတာဖြစ်ပြီး နိုင်ငံခြားဝင်ငွေအများဆုံးရှာဖွေပေးနေတဲ့ ပို့ကုန်တစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။
↗️ ယခုဘဏ္ဍာနှစ် ဧပြီ (၁)ရက်မှ ဖေဖော်ဝါရီ (၁၀)ရက်အထိ ပြည်ပပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၄၉ ဒသမ ၆၃၉ သန်း နိုင်ငံခြားဝင်ငွေရပြီး မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၈၄ ဒဿမ ၀၅ သန်းနဲ့ အများဆုံး ဝင်ငွေရထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
↗️ ယခု ဖေဖော်ဝါရီလနောက်ဆုံးအပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းတွေအရ မတ်ပဲတစ်တင်း ကျပ် ၆၀,၀၀၀ ကျော်၊ မတ်ပဲတစ်တန်ကို ကျပ် ၁၈သိန်းကျော် ဝန်းကျင်မှာရှိနေတာ ဖြစ်ပါတယ်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : MyanmaPlatform