menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့မတ်ပဲ ဈေးကွက်အလားအလာ
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
▶️မြန်မာနိုင်ငံမှ မတ်ပဲနဲ့ ပဲစဥ်းငုံအဓိကဝယ်ယူတင်သွင်းနေတဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပဲဈေးနှုန်းများနဲ့ မတ်ပဲနဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို တင်ပြပေးလိုက်ပါတယ်။
▶️လက်ရှိအခြေအနေမှာတော့ မတ်ပဲအဓိကစိုက်ပျိုးတဲ့ ပြည်နယ်တွေထဲကတစ်ခုဖြစ်တဲ့ မဒရာပရာဒေ့ရှ် ပြည်နယ်မှာ မိုးသီးနှံမတ်ပဲများရိတ်သိမ်းနေပြီး မကြာသေးမီက ဖြစ်ခဲ့တဲ့ မိုးအများအပြားရွာသွန်းမှု၊ ရေကြီးနစ်မြုပ်မှုတွေကနေ လွတ်ခဲ့တယ်လို့သိရပါတယ်။ မတ်ပဲအသစ်တွေဝင်လာတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်အရှိန်တန့်သွားပေမယ့် အထွက်နှုန်းကျဆင်းတာကြောင့် တစ်ဧကကို တစ်ကွမ်တယ် (100 kg) တောင် ထွက်ရှိဖို့ အနိုင်နိုင်ဖြစ်နေပြီး တောင်သူတွေအတွက် အရင်းရဖို့တောင် ခက်နေတယ်လို့ ဆိုပါတယ်။ မတ်ပဲအရည်အသွေးညံ့တာကြောင့် ဈေးကွက်မှာဈေးကောင်းမရပဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
▶️ပြည်နယ်အတော်များများမှာလည်း လွန်ခဲ့တဲ့ (၃-၄) ရက်ကစပြီး မိုးကောင်းနေတဲ့အတွက် ရိတ်သိမ်းပြီး မတ်ပဲနဲ့ ပဲတီစိမ်းတွေအတွက်တောင် စိုးရိမ်စရာရှိနေပါတယ်။ ချနိုင်းမှာ မတ်ပဲ FAQ တကွမ်တယ်ကို Rs 50 ဈေးတက်လာတာကလွဲလို့ ကျန်ပြည်နယ်တွေမှာ မတ်ပဲဈေးက ပုံမှန်ရှိနေပါတယ်။ ပဲစဥ်းငုံဈေးက တော့ တကွမ်တယ်ကို Rs 50-100 ဈေးတက်လာပါတယ်။
▶️ဧရာဝတီတိုင်းဒေသကြီးမှာတော့ မတ်ပဲဈေးနှုန်းက ယခင်သီတင်းပတ်ကအတိုင်း တစ်တင်းကို ကျပ် ၆၀,၀၀၀ နဲ့ ၇၀,၀၀၀ ကြားမှာပဲတက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ ယခင်သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မတ်ပဲဈေးနှုန်းများကတော့ စက်တင်ဘာလ (၁၀) ရက်နေ့မှာ ကျပ် ၆၇,၂၀၀၊ (၁၁) ရက်နေ့မှာကျပ် ၆၈,၀၀၀၊ (၁၂) ရက်နေ့မှာ ကျပ် ၆၇,၅၀၀၊ (၁၃) ရက်နေ့မှာကျပ် ၆၆,၇၀၀၊ (၁၄) ရက်နေ့မှာကျပ် ၆၅,၀၀၀၊ (၁၅) ရက်နေ့မှာကျပ် ၆၇,၅၀၀၊ (၁၆) ရက်နေ့မှာ ၆၇,၃၀၀ အသီးသီးဖြစ်ပြီး ရှေ့ယခင်သီတင်းပတ်နဲ့နှိုင်းယှဥ်ရင် ကျပ် ၂,၀၀၀ ဝန်းကျင်ခန့် တက်ဈေးတန်းမှာရှိနေတယ်လို့ ပြောနိုင်ပါတယ်။
▶️နေ့စဥ်မတ်ပဲဈေးနှုန်းဟာ နေ့စဥ်ဒေါ်လာဈေး၊ ရွှေဈေးနှုန်းတွေပေါ်မူတည်ပြီး အတက်အကျဖြစ်နေတာ တွေ့ရပါတယ်။ လက်ရှိဒေါ်လာဈေးနဲ့ ရွှေဈေးနှုန်းအရ မတ်ပဲပေါက်ဈေးက လက်ရှိဈေးနှုန်းထက် ပိုမြင့်နေရမှာဖြစ်ပေမယ့် ဒေါ်လာနဲ့မြန်မာကျပ်ငွေလဲလှယ်မှုမှာ 65%-35% ကွာခြားချက်ရှိနေတာကို ထည့်တွက်ရပါမယ်။
▶️၂၀၁၅ ခုနှစ် ကာလတူအခြေအနေမှာတုန်းက ဒေါ်လာဈေး ၁,၀၀၀ကျပ် ဝန်းကျင်မှာ မတ်ပဲဈေး တစ်တန်ကို ၂၁ သိန်းထိဖြစ်ခဲ့ဖူးပေမယ့် ၇ နှစ်တာကာလကြာပြီးနောက်မှာ အဓိကဝယ်လက် အိန္ဒိယနိုင်ငံမှာလည်း မူဝါဒပိုင်းအပြောင်းအလဲတွေ၊ ကိုယ်ကျိုးစီးပွားကာကွယ်မှုဥပဒေတွေရှိလာပြီ ဖြစ်လို့ မတ်ပဲနဲ့ပတ်သက်လို့ ယခင်အကျိုးအမြတ်ကိုပြန်လည်မျှော်လင့်လို့မရနိုင်ကြောင်း သတိထားဖို့လိုပါတယ်။
▶️လက်ရှိမှာတော့ မတ်ပဲဈေးကောင်းရလာလို့ ရောင်းချမယ်ဆိုရင်လည်း ရလာတဲ့ငွေသားရဲ့ ခိုင်မာမှုက မသေချာတာကြောင့် မတ်ပဲကိုပဲလက်ထဲမှာဆက်ထားမယ့် အခြေအနေမှာရှိကြပါတယ်။ မည်သို့ပင် ဖြစ်စေ မြန်မာမတ်ပဲလက်ကျန်နည်းလာနေပြီး အိန္ဒိယရဲ့ဝယ်လိုအားကရှိနေမှာ ဖြစ်တာကြောင့် မတ်ပဲဟာ ငွေဖြစ်လွယ်နိုင်တဲ့အခြေအနေမှာရှိနေဆဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
▶️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
16-9-2022