menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာနိုင်ငံအတွင်း ဆန်ရိက္ခာအလုံအလောက်ရှိ စိုးရိမ်ပူပင်စရာ မလို
✅မြန်မာနိုင်ငံအတွင်း ဆန်ရိက္ခာအလုံအလောက်ရှိ စိုးရိမ်ပူပင်စရာ မလို✅
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🔹ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ လှိုင်းဂယက်ကြောင့် ပြည်တွင်းရှိစားသုံးသူပြည်သူလူထုဟာ ဟိုဆိုင်ပိတ်၊ ဒီဆိုင်ပိတ်ဖြစ်ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုဖြစ်တော့မှာပဲဆိုတဲ့ လွန်ကဲတဲ့စိုးရိမ်ပူပန်မှုတွေ လှုပ်ခတ်လာပါတယ်။ တချို့သတင်းမီဒီယာတွေနဲ့ တချို့အကွက်ချောင်းနေသူတချို့ကလည်း မငြိမ်မသက် အထိတ်တလန့်ဖြစ်အောင် မြန်မာနိုင်ငံထဲကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး တောခြောက်လှန့်ပေးတာလည်းရှိပါတယ်။ အဲဒီတော့ ပြည်သူလူထုတွေဟာ ဒီသတင်းတွေကို ယုံကြည်ပြီး လွန်ကဲတဲ့စိုးရိမ်စိတ်တွေနဲ့ ရပ်ကွက်ကုန်စုံဆိုင်၊ ဈေးတွေမှာ၊ Marketကြီးတွေမှာ၊ City Martတွေမှာကြိတ်ကြိတ်တိုးပြီး ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ခရမ်းချဉ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါးစတဲ့ အခြေခံစားသောက်ကုန်တွေကို သူ့ ထက်ငါ အလုအယက် ဖွေးဖွေးလှုပ် ဝယ်နေကြတာ တွေ့ရပါတယ်။
🔹ဝိသမလောဘသမားတွေရဲ့ တစ်ဘို့ပဲကြည့်ပြီး ကြိုတင်အကွက်ချ ထောင်ထားတဲ့ ထောင်ချောက်ထဲ မဝင်ဝင်အောင် တောခြောက်လှန့်ပေး ကာ ကွက်တိအောင်မြင်တဲ့သဘောပါပဲ။ ဆန်ဈေး၊ ဆီဈေးကစပြီး ခုန်တက်ကုန်တယ်။ ရှိတဲ့ကုန်ပစ္စည်း ရှားပါးသယောင်၊ပြတ်လပ်သယောင် လေသံလွှင့်ပြီး လက်ထဲသိုဝှက်ချုပ်ကိုင်ထားနေကြတာ တွေ့ရတယ်။ ဒါတွေဟာ မဖြစ်သင့်ဘူး။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုတဲ့သဘောပါပဲ။ ပြည်သူလူထုရဲ့မျက်နှာကိုတော့ ထောက်ထားဖို့လိုပါတယ်။စားသုံးသူပြည်သူလူထုကြီးကို စေတနာနဲ့ပြောချင်ပါတယ်။
🔹မြန်မာနိုင်ငံဟာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ အာလူး၊ ဟင်းသီးဟင်းရွက်၊ အသား၊ငါး စတဲ့ စားဖိုဆောင်သီးနှံ၊ ဟင်းခတ် အမွှေးအကြိုင်ကစပြီး အလျှံပယ်ထွက်တဲ့နိုင်ငံပါ။ ပိုလျှံနေလို့ ပြည်ပကိုတောင် တင်ပို့နေရတဲ့နိုင်ငံပါ။ ဆန်ဆိုလည်း တောင်လိုပုံ၊ တခြားစားဖိုဆောင်သီးနှံတွေလည်း ဒီလိုပါပဲ။ တချို့ ရောင်းမကုန်လို့ ပုံထားတဲ့ အဆင့်တောင် ရှိပါတယ်။ နာဂစ်မုန်တိုင်း ဝါးမျိုခံခဲ့ရလို့ စပါးစိုက်ခင်းဧက သိန်းနဲ့ချီပျက်ခဲ့ပေမယ့်လည်း စပါးအခက်မရှိခဲ့ပါဘူး။ နှစ်စဉ် မိုးရာသီဆိုရင် ရေကြီးရေလျှံဖြစ်လို့ စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက် စတဲ့သီးနှံတွေ ဧက သုံး၊ လေးသိန်းလောက် ရေကြီးနစ်မြုပ်ဖျက်ဆီးခံခဲ့ရ လည်း မြန်မာနိုင်ငံဟာ ရိက္ခာပြတ်လပ်လို့အတိဒုက္ခရောက် ကမောက်ကမဖြစ်ခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ အေးဆေးတည်ငြိမ်စွာပါပဲ။
🔹မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့လည်း အစိုးရနဲ့ အဖွဲ့အစည်းတွေမှာအရန်ဆန်များ သိုလှောင်ထားကြောင်း၊ ပြည်တွင်းရောင်းချနေတဲ့ ဆန်စက်ပိုင်၊ ဆန် Exporterများ၊ ဆန်ကုန်သည်ကြီးများ၊ ကုမ္ပဏီများလက်ထဲမှာ ဆန်များ တန်ချိန် သိန်းနဲ့ချီ သိုလှောင်ထားကြကြောင်း၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးကွက်တည်ငြိမ်ရေးနဲ့ဖူလုံရေးအတွက် အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်း၍ အကြံပြုလျက်ရှိကြောင်း၊ သို့အတွက် ဆန်ပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာမလိုကြောင်း ထုတ်ပြန်ထားပါတယ်။
🔹မြန်မာနိုင်ငံဟာ နှစ်စဉ် မိုးစပါး၊ နွေစပါး စုစုပေါင်းဧက ၁၇ ဒသမ ၉၉ သန်း စိုက်ပျိုးပြီး စပါးတင်းသန်းပေါင်း ၁၄၀၀ ကျော် ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဆန်အနေနဲ့ တင်းသန်းပေါင်း ၁၄ သန်းကျော်ထုတ်လုပ်နေပါတယ်။ ယခု ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာတော့ ဆည်ရေအလုံအလောက်မပေးနိုင်တော့တဲ့အတွက် နွေစပါးစိုက်ဧက တစ်သန်းကျော်လောက် လျော့နည်းစိုက်ပျိုးခဲ့ရတာ ဖြစ်ပါတယ်။ ဒီ့အတွက် စပါးတင်း သန်း ၁၀၀ ကျော် လျော့သွားပါမယ်။ ဒါဟာလည်း တကယ်တမ်းကျတော့ ပြောပလောက်တဲ့ပမာဏ မဟုတ်ပါဘူး။ ပြည်တွင်းမှာ ဆန်ထုတ်လုပ်မှု တင်း သန်းပေါင်း ၁၃ သန်းကျော်တော့ ရှိနေဦးမှာဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တုန်းက မိုးနွေဆန်လက်ကျန်ဟာ စုစုပေါင်း သုံးသန်းနီးပါးလောက် လက်ကျန်ရှိနေခဲ့ပါတယ်။
🔹ဆန်ကို ပြည်ပတင်ပို့ရာမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကစပြီး တစ်နှစ်ပျမ်းမျှဆန်တန်ချိန် ၁ ဒသမ ၅ သန်းမှ နှစ်သန်းခန့်သာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ နှစ်စဉ်အမြဲတမ်း ပြည်တွင်းဆန်လက်ကျန်ဟာ တင်းသန်းပေါင်း ၁၀ သန်းကျော်ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ဆိုရင် စုစုပေါင်း ပြည်ပပို့တဲ့ဆန်ဟာ တင်းတစ်သန်းတောင်မပြည့်သေးပါဘူး။ ဒီတော့ ပြည်တွင်းမှာဆန်လက်ကျန်တွေ အများကြီးရှိနေသေးတာ တွေ့ရပါတယ်။ Exporterကြီးများ၊ ကုမ္ပဏီများ၊ ကုန်သည်ကြီးများလက်ထဲမှာ၊ဂိုဒေါင်ထဲမှာ ဆန်တန်ချိန်များစွာ သိုလှောင်ထားရှိပါတယ်။နိုင်ငံတော်ကလည်း အကယ်၍ ပြည်တွင်းဆန်ရိက္ခာဖူလုံမှုအခက်အခဲများ ကြုံခဲ့မယ်ဆိုရင်တောင်မှ ပြည်ပပို့နေတဲ့ဆန်ကိုလည်း ထိုက်သင့်တဲ့ပမာဏ ခေတ္တ ရပ်တန့်ထားရမယ်လို့ ပြောကြားခဲ့ပါတယ်။ဒါဟာလည်း အမှန်တကယ်လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။
🔹နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဆန်စားသုံးမှုအလေ့အထ (Eating Style)ပြောင်းလဲလာတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌဦးအောင်သန်းဦးက “ပြည်သူတွေက လွန် ခဲ့တဲ့ လေး၊ ငါး နှစ်လောက်ကစပြီး ဆန်စားသုံးမှုပုံသဏ္ဌာန် ပြောင်းလာတယ်။ အရင်ကဆန်ကြမ်းကိုသာ စားသုံးကြတဲ့ လူထုလူတန်းစာအသီးသီးဟာ အခု ဆန်ကြမ်းကိုမစားကြတော့ဘဲ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ကျားပြန်၊ တောင်ပြန် စတဲ့ ဆန်မျိုး တွေကို ပြောင်းလဲစားသုံးလာကြတယ်။ ဒီဆန်တွေဟာ ပြည်ပတင်ပို့ခွင့်ရမှု အားနည်းတဲ့အတွက် ထွက်သမျှဆန်ဟာ ပြည်တွင်းမှာပဲ အလျှံပယ်ရှိနေတယ်။ ပြည်ပကိုဆန်ကြမ်း (ဧည့်မထဆန်) သာ တင်ပို့တာဖြစ်တဲ့အတွက် ပြည်တွင်းစားသုံးမှုဖူလုံရေးဟာ ဘာမှစိုးရိမ်ပူပန်စရာ မလိုဘူး။ ပြည် တွင်းဈေးကွက် ကမောက်ကမမဖြစ်စေရေး၊တည်ငြိမ်နေစေရေးကျွန်တော်တို့အသင်းချုပ်နဲ့ အစိုးရ ပူးပေါင်းပြီး ထိန်းကွပ်ပေးမှာဖြစ်ပါတယ်“လို့ ပြောပါတယ်။
🔹ယခုလောလောဆယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆန်တွေဝယ်စု၊ တခြားစားဖိုဆောင်ဟင်းလျာတွေ ဝယ်သိုလှောင်နဲ့ Marketတွေ၊ ဈေးတွေ၊ ရပ်ကွက်ကုန်စုံဆိုင်တွေမှာ ပျာယာခတ်ပြီး လှုပ်ရှားတိုးဝှေ့နေကြတာကလည်း ရန်ကုန်မြို့တော်ဧရိယာမှာ ဖြစ်ပေါ်နေတာပါ။ နယ်တွေမှာ ဘာမှမဖြစ်ဘူး။ တည်တည်ငြိမ်ငြိမ်ပါပဲ။ ဒါဟာလည်း ဖေ့စ်ဘွတ်ခ်မှာ ကောလာဟလ မဟုတ်သတင်းထုတ်လွှင့်နေတဲ့ မသမာသူတွေရဲ့ ပယောဂကြောင့် ဖြစ်ရတာပါပဲ။ပြည်သူလူထုကလည်း ဒီမဟုတ်သတင်းတွေကို ချင့်ချင့်ချိန်ချိန် တွေးတောဆင်ခြင်ပြီးမှ ယုံကြည်ဖို့လိုပါတယ်။ရန်ကုန်မြို့တော်ဧရိယာကို အဓိကသွေးကြောပမာ ဆန်ရိက္ခာဖြည့်ဆည်းဖြန့် ဖြူးစီးဆင်းနေတဲ့ အချက်အချာနှစ်ခုကတော့ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တို့ပါပဲ။ ဒီဒိုင်နှစ်ခုမှာ နေ့စဉ် နံနက် ၆ နာရီကနေ မွန်းလွဲ ၂ နာရီအထိဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ မွန်၊ကရင်ဒေသတွေက တစ်နေ့ ဆန်အိတ်ရေသုံးသိန်းကျော်ဝင်တယ်။ ဧရာဝတီတိုင်းဒေ သကြီးကနေ နေ့စဉ် ဆန်အိတ်ရေ တစ်သိန်းခွဲကျော်ဝင်တယ်။
🔹ကုန်စည်ဒိုင်မှာရှိတဲ့ ဆန်ကုန်သည်ကြီးများက ဝယ်ယူပြီး ရန်ကုန်မြို့ တော်စားသုံးမှုအတွက် ဖြန့်ဖြူးရောင်းချတယ်။ ဆန်ဈေးကိုတော့ အတက်၊ အကျမှန်ကန်နေအောင် အဆိုပါ ကုန်စည်ဒိုင်များရဲ့ ကော်မတီက ညှိနှိုင်းဈေးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဒီတော့ ဆန်ဈေးဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးမှန်မှာ အမြဲရပ်တည်နေပါတယ်။ မိမိသဘောနဲ့ တက်ချင်တိုင်းတက်၊ ကျချင်တိုင်းကျလို့ မရပါဘူး။ ကော်မတီကဖြတ်ဈေးအတိုင်းသာပါပဲ။ ပြီးတော့လည်း ရန်ကုန်တိုင်းရဲ့ လူဦးရေရှစ်သိန်းရှိတဲ့အနက် ပင်မလူဦးရေ ခြောက်သိန်းဖြစ်ပြီး ရွေ့လျားလူဦးရေနှစ်သိန်းရှိတာ တွေ့ရပါတယ်။ လူဦးရေရှစ်သိန်း စားဖို့အတွက် တစ်နေ့ဆန်တင်းပေါင်းကိုးသောင်းကျော် လိုအပ်မှာဖြစ်ပါတယ်။ ဆန်ကုန်သည်ဒိုင်များကို နယ်ကဝင်နေတဲ့တစ်နေ့ဆန်တင်းပမာဏနဲ့ ချိန်ထိုးကြည့်ရင် ပြောပလောက်တဲ့အရေအတွက် မဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်စရာမလိုပါဘူး။
🔹မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဆန်ရိက္ခာပြတ်လပ်မှုမရှိစေရေး၊ ဆန်ဈေးများ ကမောက်ကမ မဖြစ်စေရေး၊ ဆန်ဈေးတည်ငြိမ်စေရေး၊ ဆန်ပုံမှန်ရောင်းဝယ်ဖောက်ကားမှု ဖြစ်တည်နေစေရေး၊ ဝိသမလောဘသမားများရဲ့ ခြေထိုးမွှေနှောက်ခြင်းကြောင့် ဆန်ဈေးနဲ့ ရောင်းဝယ်ဖောက်ကားမှုများ လှုပ်ရှားရိုက်ခတ်မှုမဖြစ် ပေါ်စေရေးအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ ပြည်နယ်၊ တိုင်းအဆင့်ဆင့် စပါးအသင်းချုပ်တွေက ဒေသရှိ အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းတင်ပြ ဆွေးနွေးပြီး အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်ကြဖို့ ထပ်ဆင့်ညွှန်ကြားဆောင်ရွက်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဆန်အလုံ အလောက်ရှိပါတယ်။စိုးရိမ်ပူပန်မှု မဖြစ်ကြပါနဲ့လို့ ပြည်သူအပေါင်းကို ရဲဝံ့ပြတ်သားစွာ အာမခံလိုက် ပါရစေ။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် မတ်လ (၂၃)ရက်။