menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့ပြောင်းတန်ချိန်နှစ်သိန်းခန့် ဗီယက်နမ်နိုင်ငံသို့တင်ပို့ပြီးဖြစ် .....
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
↗️အခုနှစ်နိုဝင်ဘာလအတွင်း ပြည်ပကို ပြောင်းတန်ချိန် နှစ်သိန်းခန့်တင်ပို့ထားပြီး ဗီယက်နမ်နိုင်ငံက အဓိကဝယ်ယူခဲ့တယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရပါတယ်။
↗️လက်ရှိ ပြောင်းဈေးကွက်မှာ ပြည်ပနိုင်ငံတွေအပြင် ပြည်တွင်းဈေးကွက်ကပါအဝယ်လိုက်လို့ ပြောင်းတစ်ပိဿာဈေးမှာ ၁,၀၆၅ ကျပ် အထိဈေးရှိတယ်လို့ သိရပါတယ်။
↗️“ပြည်တွင်းအစာစပ်လုပ်ငန်းတွေရော ပြည်ပဝယ်လက်တွေပါအဝယ်လိုက်လို့ ပြောင်းတစ်ပိဿာကို ၁,၀၆၅ ကျပ် ထိဈေးရပြီး သင့်တော်တဲ့ဈေးတစ်ခုနဲ့ဈေးကွက်ထဲအရောင်းအဝယ်လုပ်နေပါတယ်။ ပြောင်းတင်ပို့ရာမှာ အဆင်ပြေလို့ နိုဝင်ဘာလအတွင်း တန်ချိန် နှစ်သိန်းလောက် တင်ပို့နိုင်ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
↗️ပြည်တွင်းမှ ထွက်ရှိတဲ့ပြောင်းကို ဗီယက်နမ်၊ တရုတ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ သီရိလင်္ကာ စတဲ့နိုင်ငံတွေက ဝယ်ယူနေပြီး ပြီးခဲ့တဲ့လက ဈေးကွက်သစ်နိုင်ငံ တောင်အဖရိကတိုက်ရဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆူရီနမ်နိုင်ငံကို ပြောင်းတန်ချိန် ၈၇၅ တန် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။
↗️သီးနှံဈေးကွက် နှင့် ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : Myanmaplatform