menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက်အခြေအနေ
☘️🍃☘️🍃☘️🍃☘️🍃☘️🍃☘️
✔️အိန္ဒိယ-တရုတ် ပို့ကုန်ပဲများဖြစ်သည့် ပဲစဉ်းငုံ ၊မတ်ပဲ ပဲတီစိမ်း စျေးနှုန်းများ ကျပ်တစ်သောင်းဝန်းကျင် စျေးမြင့်တက်လာပြီး ပြည်တွင်းသုံးကုလားပဲ အုပ်စုပဲများ အမြင့်စျေးဖြင့်ရပ်တန့်နေကြောင်းသိရသည်။
✔️လက်ရှိ နိုင်ငံခြားငွေ ဒေါ်လာ၊ ယွမ် ငွေလဲနှုန်းများ မြင့်တက်လာသည်နှင့်အတူ ပို့ကုန် ပဲစျေးများ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၀,၀၀၀ ကျော် စျေးမြင့်တက်လာကြောင်း ၊ မကြာမီ တရုတ်နယ်စပ် ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများကြောင့် ပဲတီစိမ်း ၊နှမ်းနက် နှင့် အခြားပဲမာလိုင်းများ စျေးမြင့်တက်လာသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စု မှာ အမြင့်စျေးတွင် ရပ်တန့်နေကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✔️“ပဲမျိးစုံစျေးက နိုင်ငံခြားငွေစျေးတက်တာနဲ့ အတူအကုန် တက်နေပါတယ်။ တရုတ်နိုင်ငံတင်ပို့တဲ့ ပဲတွေရော အိန္ဒိယပို့ကုန်ပဲတွေရော ဒေါ်လာစျေးတက်တော့ စျေးတွေ တက်လာပါတယ်။ စျေးကွက်လိုအပ်ချက်လဲ များပါတယ်။ တရုတ်လိုင်းသွားတဲ့ နှမ်းနက်စျေး တက်လာတယ်။ ပို့ကုန်ပဲ မတ်ပဲ ၊ ပဲစဉ်းငုံတွေက သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၁၀,၀၀၀ ဝန်းကျင် စျေးတက်လာတယ်။ ပြည်တွင်းသုံး ကုလားပဲ အုပ်စုတွေ စျေးတက်တာတော့ရပ်သွားပါပြီ။ ဗွီးတူးကုလားပဲ တစ်အိတ် ကျပ် ၁၃၀,၀၀၀ အမြင့်ဆုံးပါ။ နှမ်းနက် စျေးက ကျပ် ၁၉၅,၀၀၀ -၂၀၀,၀၀၀ ကျော် ဖြစ်လာတယ်။ ပဲတီစိမ်းစျေးလည်း တစ်အိတ် ကျပ် ၁၁၂,၀၀၀ ထိ စျေးကောင်းနေတယ်။ ဒီလိုစျေးတွေ တက်လာတာက တရုတ်နိုင်ငံ လိုအပ်ချက်များနေတာရယ် မကြာမီနယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ့် အခြေအနေတွေက ပဲတီစိမ်း၊ နှမ်း အဝယ်လိုက်နေတာပါ ” ဟု ၎င်းက ပြောသည်။
✔️ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ကိုဗစ်ရောဂါပိုးကူးစက်မှု မြင့်မားချိန် ဇူလိုင် ၊သြဂုတ်အတွင်း တဖြေးဖြေးစျေး မြင့်တက်လာရာ စက်တင်ဘာလဆန်းပိုင်းတွင် အမြင့်စျေးဖြင့် ရပ်တန်နေရာ(၈) ရက် နေ့တွင် ဗွီတူးကုလားပဲ တစ်အိတ် ကျပ် ၁၃၀,၀၀၀၊ နိုင်းတူးနိုင်းကုလားပဲ တစ်အိတ်ကျပ် ၁၂၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၆,၀၀၀ အသီးသီးပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင် မှ ထုတ်ပြန်ထားသည်။
✔️ပို့ကုန်ပဲများကို ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုများမှ တင်ပို့လျှက်ရှိရာ အများဆုံးတင်ပို့နေသည့် တရုတ်နယ်စပ်ကုန်သွယ်မှုမှာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရန် သုံးလကျော်ရပ်နားထားရာ စက်တင်ဘာ (၁၅) ရက် နောက်ပိုင်း ကုန်သွယ်မှုပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။ ထိုသို့ကုန်သွယ်မှု ပြန်လည်စတင်နိုင်သော်လည်း တရုတ်-မြန်မာ ကုန်သွယ်မှု နယ်စပ်ဂိတ်များအားလုံး စတင်နိုင်ခြင်းမရှိသေးဘဲ ကျင်စန်းကျော့(ဝမ်တိန်) ပေါက်တစ်ခုတည်းသာ နေ့စဉ်ကုန်ကား ၂၀၀ ခန့်သာ ဝင်ထွက်နိုင်မည့်အခြေအနေသာဖြစ်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။
✔️မြန်မာ့ပဲမျိုးစုံနှင့်နှမ်းဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)